ခင်ဝင့်ဝါကို လူသိရှင်ကြားရှုံ့ချပြောဆိုကာ အရှက်ခွဲခဲ့ကြတဲ့ရည်းစားဟောင်းစုံတွဲ

ခင်ဝင့်ဝါကို လူသိရှင်ကြား ရှုံ့ချပြောဆိုကာ အရှက်ခွဲခဲ့ကြတဲ့ ရည်းစားဟောင်းစုံတွဲ

သရုပ်ဆောင် ခင်ဝင့်ဝါကတော့ လူသိများတဲ့အလှမယ်၊ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အချစ်ရေးကတော့ တိတ်ဆိတ်ငြိမ်သက် လွန်းလှတာပဲဖြစ်ပါတယ်။ ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ ခင်ဝင့်ဝါရဲ့အချစ်ဟောင်းကို လက်ရှိရည်းစားဖြစ်သူက

လုယူခဲ့ကြောင်း ပေ့ခ်ျတစ်ခုက ချပြလာခဲ့ပြီးနောက် ခင်ဝင့်ဝါရဲ့ ရည်စားဟောင်းတို့ စုံတွဲဟာ မခံမရပ်နိုင်ဖြစ်ကာ ဘာမှမဆိုင် ပရိသတ်အချစ်တော် မင်းသမီးလေးဖြစ်တဲ့ ခင်ဝင့်ဝါကို Publicမှာ ရှုံ့ချပြောဆိုခဲ့ ကြတာကို အခုလို တွေ့မြင်ရပါတယ်။

“ဟဲ့ဘယ့်နှယ့် ဒီပေ့ခ်ျ အတော်လိုခ်လိုချင်တာလား၊ အသနားခံတာ လိုချင်တာလား နင်တို့လိုဟာတွေကြောင့် အင်တာနက်ဈေးတက်တာ သူနဲ့ပြတ်ပြီး ကိုယ့်လူက ၂-၃ယောက် ဒိတ်ပြီးလို့ ကိုယ်နဲ့တွေ့တာ။ ပြီးတော့ ရည်းစားတောင် မဖြစ်သေးဘူး

သူနဲ့ကိုယ်၂ယောက် အပြင်မှာဆုံတာ။ လူကို criticizeတဲ့ အမကြီးဘဲ ပလိန်းကြီးရိုင်းတာ ဟိုက ၅၀၅ကနဲ့ ဝန်ခံကတိထိုးလိုက်လို့ ထွက်လာပြီ။ လူရှေ့ကို နင်တို့က အခုထိတောခို ခိုင်းတုန်း ၅လပိုင်း မဟုတ်ဘူးနော် ၃ လပိုင်း။အဲလိုင်းမတူဘူးနော်

အလုပ်လည်း တွဲမလုပ်ဘူး ပေးမဖြတ်တာ မဟုတ်ဘူး၊ ဒီကပြတ်ပါတယ်ပြောတာ ဖုန်းအတင်းတွေဆက်တာ။ ဘယ်ကိုအနုပညာလိုင်းတတ်တဲ့ ညီမလေးလဲ ညီမလေးကတော့ သူ့မှာအတော်ပေါခဲ့တာဆိုတော့ ဘယ်တစ်ယောက်လဲ? ” ဆိုပြီး

ခင်ဝင့်ဝါ၏ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်မှာတော့ ခင်ဝင့်ဝါရဲ့ ရည်းစားဟောင်း ဖြစ်သူ Zကလည်း “အရိုင်းလေးမို့ ပျက်တာကို နိုင်ငံရေးတောင် မပေါ်သေးဘူး ပြတ်တာ” ဆိုပြီး

ခင်ဝင့်ဝါကို အရိုင်းလေးမို့ပျက်တာဆိုပြီး လူသိရှင်ကြား ဘလိန်းလာခဲ့တာကို တွေ့ရပါတယ်။ ခင်ဝင့်ဝါကတော့ သူမရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး ဘာဆိုဘာမှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သလို လက်ရှိမှာလည်း နိုင်ငံရေးကြောင့်

တိမ်းရှောင်နေရချိန်မှာ တချိန်က ပတ်သက်ခဲ့ဖူးသော ရည်းစားဟောင်းက ယခုတွဲနေတဲ့ ကောင်မလေးနဲ့ပေါင်းပြီး ခင်ဝင့်ဝါအပေါ်မှာ နစ်နစ်နာနာ ပြောဆိုလာနေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လက်ရှိဖြစ်ရပ်ဟာ ပေ့ခ်ျတစ်ခုက တင်ရာကနေစခဲ့တဲ့

ကိစ္စဖြစ်ပြီး ခင်ဝင့်ဝါနဲ့ ဖြစ်တဲ့ပြဿနာ မဟုတ်ဘဲနဲ့ ခင်ဝင့်ဝါအပေါ် နစ်နာအောင် ပြောဆိုနေကြတဲ့ သူတို့နှစ်ဦးရဲ့ လွန်ကဲမှုအပေါ် ဝေဖန်သံတွေ ဆူညံနေတာကို တွေ့မြင်နေရပါတယ်နော်။Crd

(Visited 18 times, 1 visits today)