လေယာဉ်ပျံသံကြားတိုင်း ကြောက်ပြီးတုန်လှုပ်မိတဲ့ခံစားချက်ကိုပြောပြလာတဲ့ မိတ်ကပ်မေဦးမောင်

လေယာဉ်ပျံသံကြားတိုင်း ကြောက်ပြီးတုန်လှုပ်မိတဲ့ ခံစားချက်ကို ပြောပြလာတဲ့ မိတ်ကပ် မေဦးမောင်

မိတ်ကပ်လောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မိတ်ကပ်ပညာရှင် မေဦးမောင်ကိုတော့ ပရိသတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။

မေဦးမောင်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။

ဒီလိုပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် မေဦးမောင်ဟာ ၅၀၅(က)ဖြင့် ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရပါတယ်။

ယင်းနောက်မှာတော့ မေဦးမောင်ဟာ အင်းစိန်ထောင်ထဲမှာ လပိုင်းလောက် ချုပ်နှောင်းမှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့ လပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်လာတဲ့ အချိန်တုန်းကလည်း ချစ်ရတဲ့ သူတွေက မေဦးမောင်ကို ချီးကျူးဂုဏ်ပြု ပေးကြတာ တွေ့ရပါတယ်။

ယခုမှာတော့ မေဦးမောင်ဟာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အချိန်တုန်းက ခံစားခဲ့ရတဲ့ အဖြစ်လေးကို သတိရကာ ပြန်လည်ပြောပြလာခဲ့ပါတယ်။” သိပ်မှန်တာပဲ!

အင်းစိန်ထောင်ထဲမှာနေခဲ့ရတဲ့ကာလတစ်လျောက်မှာလေယာဉ်ပျံသံကြားတိုင်းလွှတ်လပ်စွာသွားလာခွင့်ရနေတဲ့သူတွေကိုအားကျမိတယ်!

ထောင်ပြင်ရောက်တော့ဒီကိစ္စမေ့သွားပြီထင်တာ’တနေ့ကမင်းဓမ္မလမ်းမှာမိတ်ကပ်သွားလိမ်းတော့လေယာဉ်ပျံသံကိုပြန်ကြားရတော့တုန်လှုပ်စွာဒီခံစားချက်ကိုပြန်ရတယ်!

နားလည်လိုက်တာကစိတ်ဒဏ်ရာတွေမသက်သာသေးဘူးပဲလို့!ဆက်လက်ကြံခိုင်ဖို့ကြိုးစားရင်းအချုပ်အနှောင်ခံထားရတဲ့တန်ဖိုးရှိသူအားလုံးမည်သူမဆိုလွှတ်မြောက်ပါစေ🙏🏻🙏🏻🙏🏻”

ဒါကတော့ အင်းစိန်ထောင်ထဲမှာ သူမ နေခဲ့ရတဲ့ ကာလ တစ်လျောက်မှာ လေယာဉ်ပျံသံကြားတိုင်း လွတ်လပ်စွာ သွားလာခွင့်ရနေတဲ့ သူတွေကို အားကျမိတာလေးပါ။

ဒီလိုဖြစ်ဖူးခဲ့တဲ့ ခံစားချက်တွေကို ယခုအချိန်ထိ မေ့လို့မရဘဲ ရှိနေသေးကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ သူတွေကို အားလုံးကို လွတ်မြောက်ပါစေလို့လည်း ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

(Visited 37 times, 1 visits today)