ဘောမ ဘောလုံးအသင်းကို ဘောသွတ်ပေးလိုက်တဲ့ စင်္ကာပူ

ဘောမ ဘောလုံးအသင်းကို ဘောသွတ်ပေးလိုက်တဲ့ စင်္ကာပူ

ပရိတ်သတ် သပိတ်မှောက်ခံထားရတဲ့ မြန်မာအသင်း စင်ကာပူကို ဂိုးပြတ်ရှုံး

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ဆူဇူကီးဖလား ၂၀၂၀ ပြိုင်ပွဲကို စင်ကာပူရောက်မြန်မာနိုင်ငံသားတွေက

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားတဲ့ အနေနဲ့ မြန်မာအသင်းကို အားမပေးဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

မြန်မာအသင်းဟာ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်စင်ကာပူအသင်းနဲ့ စတင်ကစားခဲ့ရပြီး

၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ်။

မြန်မာအသင်းမှာ အားထားရတဲ့ နိုင်ငံကျော် ကစားသမားတွေဖြစ်တဲ့

အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ တိုက်စစ်မှူး အောင်သူနဲ့ ကျော်ကိုကို တို့က

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားကြတာဖြစ်ပါတယ်။

ပွဲဦးထွက် ရှုံးနိမ့်သွားတဲ့ မြန်မာအသင်းဟာ အုပ်စုဇယားအောက်ဆုံးနေရာကို ရောက်ရှိနေပြီး

လက်ကျန် ပွဲစဉ်တွေအဖြစ် အုပ်စုတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊

ဖိလစ်ပိုင်၊ အရှေ့တီမော တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

(Visited 13 times, 1 visits today)