အမြစ်ဖြတ်တော်လှန်ချေမှုန်းတော့မယ်လို့ ကြည့်မြင်တိုင် ကျဆုံးလူငယ်တွေအတွက် ၀မ်းနည်းစွာ ကြွေးကြော်လာတဲ့ မင်းမော်ကွန်း

အမြစ်ဖြတ်တော်လှန်ချေမှုန်းတော့မယ်လို့ ကြည့်မြင်တိုင် ကျဆုံးလူငယ်တွေအတွက် ၀မ်းနည်းစွာ ကြွေးကြော်လာတဲ့ မင်းမော်ကွန်း

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် လူထုသပိတ်စစ်ကြောင်းကို ဒီဇင်ဘာ ၅ ရက်

ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးထိခိုက်သူတွေ ရှိခဲ့ပါတယ်စုစုပေါင်း လူ ၁၅ ယောက်ခန့်ပါဝင်တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို

အနောက်ကနေ စစ်သုံး double-cap ကားတစ်စီးက အရှိန်ပြင်းနဲ့ ဝင်တိုက်ခိုက်ခဲ့လို့ လွှင့်ထွက်သွားသူ၊ ကားနဲ့ချိတ်ပါသွားသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်

’ကားနဲ့တိုက်လိုက်ပြီး သေနတ်နဲ့လည်း ဆဲဆိုပြီး ဘေးဘက်တွေကို ပစ်တယ်၊ ကားနဲ့တိုက်လိုက်လို့ ငါးယောက်လောက်က တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ခေါင်းတွေမှာလည်း

ထိကုန်တယ် တချို့ဆို လက်ကလေး လှုပ်ရုံလောက်ပဲ လှုပ်နိုင်တယ်၊ ခဏနေတော့ Ambulance ကားရောက်လာတယ် တော်တော်လေးကို ရက်ရက်စက်စက်ကို လုပ်တာပါဗျာ

လူမဆန်တဲ့ လုပ်ရပ်ပါပဲ’’သပိတ်မှောက်သူတွေကို ဝင်တိုက်တဲ့ကားက အရှိန်ဘယ်လောက်ပြင်းသလဲဆိုရင် ကားနောက်ခန်းမှာပါတဲ့ စစ်သားတစ်ယောက်တောင် အောက်ကိုပြုတ်ကျခဲ့တယ်လို့

အဲဒီမျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။ဒီသပိတ်မှာ ပါဝင်သူတချို့ ထိခိုက်၊ သေဆုံးမှုတွေရှိနိုင်သလို သပိတ်မှောက်တဲ့အထိ ပါဝင်သူတချို့နဲ့ သတင်းထောက်တချို့လည်း အဖမ်းခံရနိုင်တယ်လို့

သပိတ်မှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်အဲဒီသပိတ်မှောက်နေတာကို သတင်းယူနေတဲ့သူတစ်ဦးကလည်း သူထွက်ပြေး လွတ်မြောက်လာရတဲ့ အခြေအနေကို ပြောပြပါတယ်။

‘’ကားနဲ့ အတိုက်ခံရတော့ လွင့်သွားပြီး လဲနေချိန် စစ်သားတွေက သေနတ်ဒင်နဲ့ လိုက်ထုလို့ အထုခံလိုက်ရတယ်၊ စစ်သားတစ်ယောက် ခြေထောက်ကို ကန်ပြီး ထွက်ပြေးတာ သေနတ်ကျည်အစစ်နဲ့

သုံးချက်လိုက်ပစ်ပေမယ့် မထိလို့ လွတ်လာခဲ့တာ လောလောဆယ်တော့ ဆေးခန်းရောက်နေပါတယ်’’အလုံမြို့နယ်ဘက်ကနေ ချီတက်ဆန္ဒပြလာတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းဟာ ကြည့်မြင်တိုင်မြို့နယ်၊

ပန်းပင်ကြီးလမ်းအရောက်မှာ စစ်တပ်နဲ့ရဲတွေက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူတွေရှိခဲ့တယ်လို့ ဈေးကြီးအရှေ့ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကျွန်မရှေ့မှာတင် သေနတ်မှန်ပြီးထိသွားတာ နှစ်ယောက်၊ သေသွားတယ်နဲ့တူတယ် မထနိုင်တော့ဘူး၊ ကားနဲ့တိုက်ပြီး လူစုခွဲတယ် ပြီးမှ သေနတ်နဲ့လိုက်ပစ်တာ “လို့ သူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ သုံးဦးထက်မနည်းရှိပြီးဖမ်းဆီးခံရတာကတော့ အမျိုးသမီး သုံးဦး နဲ့ အမျိုးသား ခုနှစ်ဦးရှိတယ်လို့ ပန်းပင်ကြီးလမ်းမှာနေထိုင်သူတဦးကပြောပါတယ်။

လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ကျန်နေတဲ့ဆန္ဒပြလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဒီကနေ့မနက်ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပက်သတ်ပြီး ပြည်သူနဲ့အတူ တစါသားထဲ ရပ်တည်နေတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းမှ စိတ်ထိခိုက်ခံစားကာ သူ့ရဲ့အမြင်က်ုမျှဝေလာပါတယါ။

ရန်ကုန်ကျဆုံး​လေး​ယောက်အတွက် အားလုံးပူ​ဆွေး​သောက​ရောက်ရသလို မင်း​အောင်လှိုင်​ခွေးသားနဲ့တကွ မင်းရဲ့​စောက်မျိုးယုတ်အားလုံး အမြစ်ပါမကျန်​စေရဘူး” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ရေးသားထားတာပဲ ဖြစ်ပါတယ်။

(Visited 22 times, 1 visits today)