အားလုံးကို အမှန်တိုင်းပြောဖို့ အဆင်သင့်ဆိုတဲ့ ဘုန်းမင်းနေလ

မသိရင်မတင်နဲ့လေ သိချင်ရင်အကုန်လာမေး အမှန်အတိုင်း ပြောပြပေးမယ်ဆိုတဲ့ ဘုန်းမင်းနေလ

အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလကတော့ ရုပ်ချောသလောက်

ရည်းစားတွေလည်း ပွေရှုပ်တယ်လို့ ပရိသတ်တွေကြား နာမည်ကြီးသူတစ်ယောက်ပါ။

အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံရလေ့ရှိတဲ့ ဘုန်းမင်းနေလဟာ

ဒီတစ်ခေါက်မှာလည်း သူနဲ့ ချစ်ကြိုက်ခဲ့ဖူးကြတဲ့ မော်ဒယ်ဟန်လေးအပါအဝင်

တွဲခဲ့သမျှ ရည်းစားတွေအကြောင်းလူသိအောင် ထပ်ခါတလဲလဲတင်နေတဲ့ Cele စပိုင်စမော ပေ့ခ်ျကို

ယခုလို ကိုယ်တိုင် သွားရောက် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်အချစ်တော် ဘုန်းမင်း နေလကတော့

ယခုကဲ့သို့ ပြောလာခဲ့တာ ဖြစ်ပါတယ်..“မှန်မှန်ကန်ကန်လေးလည်းတင်.. မသိရင် မတင်နဲ့

တင်ချင်ရင် အရင်လာမေး အကုန်အမှန်တိုင်း ပြောပေးမယ်။ ခုတော့ သူ သိသူတတ်ကြီးလုပ်လို့ ပြီးတော့

စောက်တလွဲမဟုတ်မမှန်တွေတင် မရှက်ဘူးလားပရိတ်သတ်ကို ဂျင်းထည့်နေတာ နောက်ပြီး

ဒါတွေပဲ အက်ကြောင်းထက်နေပြီ 2019,2020, 2021 နှစ်တိုင်းဒါပဲ🙄 တင်စရာ အသစ်မရှိတော့ဘူးလား

ရိုးအီနေရော်ပေါ့ လူတွေလည်း☹️အသစ်လေး ဘာလေး လုပ်ပါအုံး ပျင်းလို့။

စောက်ဆရာကြီးက လုပ်ချင်တယ် ဘာမှလည်းမသိဘူး အဲ့လောက် ဆရာကြီး လုပ်ချင်ရင်

page name ပါပြောင်းလိုက် “စဆရက” ဆိုပြီ :3 ခွေးပေ့ 😪” ဆိုပြီး

အဟောင်းတွေကို အသစ်လုပ်ကာ အတင်းတုပ် ပြန်ဖွနေတဲ့ ပေ့ခ်ျတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ သွားမန့်ပြီးတော့

ချက်ကျလက်ကျ ထိထိမိမိ တုံ့ပြန် ပြောဆိုလိုက်တာပဲ ဖြစ်ပါ တယ်နော်။

ဘုန်းမင်းနေလကတော့ မနေ့က ယွန်းယွန်းတို့ ပြဿနာ အပြီးမှာ တင်ခဲ့တဲ့ My Dayတစ်ခုကြောင့်

ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရချိန်မှာ အဆိုပါပေ့ခ်ျက အချိန်ကိုက်

နောက်ကြောင်းတွေ ပြန်ဖွလို့ သွားပြောတာ ဖြစ်တယ်လို့ သိရပါတယ်နော်။

(Visited 17 times, 1 visits today)