မိဘကစွန့်ပစ် ဇနီးကစွန့်ခွာတာ ခံနေရပေမယ့် “ဘယ်ဘက်ရင်အုံကိုဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ” လို့ဆိုလာတဲ့ သတင်းကြေငြာသူဦးကျော်သက်လင်း

မြန်မာ့အသံ အစီအစဉ်တင်ဆက်သူ ကျော်သက်လင်း ဟာ မိဘတွေ နဲ့ ဇနီးဖြစ်သူတို့က အမွေပြတ်နဲ့ လုံးဝမသက်ဆိုင်ကြောင်း သတင်းစာမှာကြေငြာခြင်း ခံရပါတယ် ။

အဲ့နောက်မှာတော့ ကျနော်တို့ရဲ့ ပြည်သူချစ်တဲ့သူကြီးက သူ့ရဲ့ လူမှု့ကွန်ယက်မှာ ကြေကွဲစာဖြင့်

” ဒါအချစ်လား…?

သေချာလား…..?

ပြန်စဉ်းစားကြည့်တော့

အဖြေကိုရှာမရ…..

ကိုယ်ပေါင်းဖက်ပေးခဲ့တဲ့

ထောင်ချီတဲ့ မဂ်လာမောင်မယ်တွေ

ရွှေလက်တွဲမြဲကြစေဖို့

ဒီဦးလေးကြီးက ယတြာချေပေးလိုက်တယ်လို့ပဲမှတ်ယူကြပါတော့…

၄၀ ကျော်ကတည်းက

တက်လိုက်တဲ့ ပြသာနာ

ပျက်လိုက်တဲ့ နာမည်

လုပ်ခဲ့ဘူးတဲ့ အမှားများ

ခုထိ မိသားစုတကွဲတပြား

မကျေနပ်သေးဘူးလား ကံဇာတ်ဆရာ။

ခုချိန်ထိတော့ အောင့်လာတဲ့

ဘယ်ဘက်ရင်အုံကိုဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ ” လို့

သူ့ရဲ့ ခံစားချက်ကို နိုဝင်ဘာလ ၂၀ ရက်က Facebook စာမျက်နှာမှာ ယခုလို ရေးသားခဲ့တာဖြစ်ပါတယ် ။

ဘယ်လို အခက်ခဲနဲ့ပဲ တွေပါစေ စိတ်မပျက် အားမလျော့ပါနဲ့ Fighting ပါ ကျနော်တို့လေးစားရတဲ့ U လေး ကြီးရေ…

(Visited 21 times, 1 visits today)