သွေး နဲ့ ရင်းပြီး ပေးဆပ် ခဲ့ရ တဲ့ ကျောင်းသား ကျောင်းဆရာ ဆရာမ တွေရဲ့ မျက်နာကို မထောက် ပြောရက် လိုက်တာ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ

လမ်းဘေး ရောက်နေ တဲ့ ကလေး ငယ်တွေ ကို လက်ဆွဲ ခေါ်၍ ကျောင်း အရောက် ပို့ရမည့်အစား”ကျောင်းဝ သွားရင်

ပြောင်းဝ ရောက်မယ်”ဟု ကြုံးဝါး ခက်ထန် ဆဲရေး နေသော ခေတ်။

ခဲတံ တစ်ချောင်း စာ တစ်အုပ်ဖြင့် ပေးကမ်း ချီးမြှင့် ထောက်ပံ့ ဖေးမ ကူရမည့် အစား ကျည်ဆန်တစ်တောင့် စာ တစ်စောင် ဖြင့် ခြိမ်းခြောက်

နေသော ခေတ်။ မြေဖြူ တစ်ချောင်း စာတစ်ကြောင်း ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက် ဖို့ကြံဆောင်

လမ်းပြ ရမည့် အစား အနာဂတ် ကို အမှောင်ချပညာရေး ကို ဟန့်တား နေသော ခေတ်။

ခြိမ့်ခြိမ့် သဲသဲ အာစရိယ ပူဇော်ပွဲ တွေ အစား အန္နတဂိုဏ်း ဝင် ကျေးဇူးရှင် ကို ဇီဝိန် နုတ်ခြွေ သွေးစွန်း စေကာ အာစရိယ ကို

အသေ သတ်သော ခေတ်။ လူစင်စစ် က လူစိတ်တွေ ပျောက် ဘီလူး စိတ်ဝင် ဂုဏ္ဘန် အသွင် လူ့အသား ကိုစား လူ့ အသွေးကို သောက်ရ မှ စိတ်အား ရသော ခေတ်။

ဤသို့ ဤနှယ် ခေတ်ပျက် ခေတ်ဆိုးလူ့အန္တတွေကြား ဓားသွား ထက်တွင် မားမား ရပ်

လျက် အနာဂတ် လူ့ဘောင် ထွန်းတောက် ကြွားစေဖို့ ကျွန်ုပ် တို့ စာသင် နေပါ သည်။

ပညာ အရောင် တန်ဆောင် ဆီမီး ထိန်ထိန် ညီး ပါစေ သား။ အမှောင် ကွယ် ပျောက် အလင်း ရောက် ပါစေ သား။

နိုင်ငံ အဝှမ်း မှ စာသင် နေသော ဆရာ/ဆရာမများ ကို ဂုဏ်ပြု ရေးသား အပ်ပါ သည်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကျန်းမာ ချမ်းသာ ကျပါ စေလို့ ဆုတောင်း ပေးလိုက် ပါတယ်။c r d

(Visited 4 times, 1 visits today)