ပြည်သူ့ အချစ်တော် အနုပညာ ရှင်တွေကို ဒဲ့ လိုက်တဲ့ သရုပ်ဆောင် မင်းအုပ်စိုး

မင်္ဂလာပါ ပရိတ်သတ် ကြီးရေ

မင်းအုပ်စိုးက”တော်လှန်ရေးသမားမင်းတို့က တော်လှန်ရေးလုပ်နေကြတာလားတောထဲ သွားပြီးအိုက်တင်တွေလုပ် စတန့်တွေထွင်နေကြတာလားဟင် တောထဲမှာ လက်ထပ်ပွဲ တွေ

လုပ်လိုက် မွေးနေ့ ပွဲတွေ လုပ်လိုက် သေနတ်တွေ ကိုင်ပြီး အိုက်တင် မျိုးစုံနဲ့ ဓာတ်ပုံတွေ ရိုက်လိုက် ကြနဲ့ ။ အထူးသဖြင့် ရုပ်ရှင်မင်းသားဆိုတဲ့အကောင် တွေကို

ပြောချင်တာပါ ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းဆိုရင် ကိုဇင်ဝိုင်းကပိုဆိုးပါတယ်။နဝတခေတ်နအဖခေတ်တလျှောက်လုံး ရိုက်ခဲ့ သမျှနိုင်ငံတော်ကားတွေမှာဒီလူမပါတဲ့ကားဆိုတာအင်မတန်ရှားပါတယ်။

စစ်အစိုးရက လုပ်တဲ့ ညစာစားပွဲတွေ ဆိုရင်လည်း ကိုဇင်ဝိုင်းမတက်တဲ့ ညစာစားပွဲဆိုတာ မရှိသလောက်ပါပဲ ပြီးတော့ လူမင်း ပရိတ်သတ်ကြီးသာ သတိထားပြီး

ပြန်စဉ်းစား ကြည့်မယ် ဆိုရင်။စစ်အစိုးရ လက်ထက် တလျှောက် လုံး ရိုက်ကူး ခဲ့တဲ့ စစ်ကား မှန်သမျှ လူမင်း မပါတဲ့စစ်ကား မရှိ သလောက်ပါပဲ။

ပြီးတော့ ပြေတီဦး ဒီကောင့် ဘဝစခဲ့ရတာ ဒါရိုက်တာဦးခင်ဇော် ရိုက်ကူးတဲ့ မြန်မာစာမြန်မာစကားဆိုတဲ့ ဇာတ်လမ်းတိုလေးတွေမှာဝင်သရုပ် ဆောင်ရင်း စခဲ့ရတာပါ။

အဲဒီဇာတ်လမ်းတိုလေးတွေကို မြန်မာ့ရုပ်မြင် သံကြား ကနေ လွှင့်တာပါ မြန်မာ့ ရုပ်မြင် သံကြားဆိုတာကလည်း အဲဒီအချိန်တုန်းက စစ်တပ်ပိုင်တာပါပဲ။

ယခုချိန် ရောက်တော့မှ စစ်ဖိနပ် အောက်မှာ မနေချင်ဘူး အမှောင်ခေတ် ကို ပြန် မသွား ချင်ဘူး စစ်ကျွန် ပညာရေးကို မလိုချင်ဘူးဆိုတော့ဇင်ဝိုင်း လူမင်း မင်းမော်ကွန်း ပြေတီဦး အဲ့ လေးယောက်စလုံးဘွဲ့ရလာတာ စစ်

အစိုးရလက်အောက်မှာပါအဲ့ဒီလေးယောက်စလုံး အောင်မြင်တဲ့ မင်းသားတွေဖြစ်လာခဲ့တာလည်းစစ်အစိုးရလက်အောက်မှာပါပဲ။အဲ့ဒီလေးယောက်စလုံးတိုက်ပုံအကျီ အနက်လေးတွေ ဝတ်ပြီး

ညစာစားပွဲတွေမှာ တပ်ချုပ်ကြီးနဲ့ဝန်ကြီးတွေကို လက်အုပ်လေးတချီချီ လုပ်ခဲ့ကြတာလည်း အထင်အရှားပါပဲစစ်အစိုးရကိုမကြိုက်ရင် စစ်ကျွန်ပညာရေးကို မလိုချင်ရင် အမှောင်

ခေတ်မှာ မနေချင် ကြဘူး ဆိုရင် အဲဒီ အချိန် တည်းက စစ်တပ်နဲ့ မပတ်သတ်ဘဲ နေခဲ့ကြ ပေါ့ကွာစစ်တပ်လက်အောက်မှာ သင်ရတဲ့ ပညာရေးကို မသင်ခဲ့ကြနဲ့ ပေါ့ကွာ စစ်တပ်ကို ရွံနေမုန်းနေတဲ့မင်းသားတွေက စစ်ကားတွေမှာ

ဝင်ပြီးတော့ သရုပ်မဆောင်ကြနဲ့ပေါ့ကွာစစ်ဗိုလ်ချုပ်တွေနဲ့တွေ့ရင် လက်အုပ်မချီကြနဲ့ပေါ့ကွာ မင်းတို့တွေက စစ်တပ်ရဲ့ ကူညီပံ့ပိုး မှုတွေ ကိုလည်း ယူခဲ့ကြတယ် စစ်အစိုးရက တာဝန်ရှိတဲ့လူကြီးတွေကိုလည်းဖားခဲ့ကြ ကပ်ခဲ့ကြတယ်။

ယခုလိုမျိုးအချိန် လည်းရောက်လာရော မင်းတို့တွေ အကုန်လုံးကပရိတ်သတ်ရဲ့လက်ခုပ်သံကို လိုချင်ကြလေတော့ ပရိတ်သတ်အကြိုက် စကားလုံးတွေ ပြောကြ ပရိတ်သတ် အကြိုက် အမူအယာတွေ လုပ်ပြ

အဲလိုလုပ်ပြ ပြောပြနေရင်းပဲ တပ်မတော်ကြီးက တစ်စစီပြိုကွဲပြီး မင်းတို့ လိုချင်တဲ့ အစိုးရက အာဏာပြန်ရလာလိမ့်မယ်အထင်နဲ့ ဇာတ်ရှိန်တွေ မြှင့်ကြ နောက်ဆုံးမှာတော့ အမူအယာတွေကျွံ စကားလုံးတွေကျွံလုပ်ရပ်တွေကျွံပြီး

မိသားစုနဲ့ဝေးကွာ ပရိတ်သတ်နဲ့ဝေးကွာကြရ ဥပဒေရဲ့အပြင်ကို ရောက်သွားကြရနဲ့ မင်းတို့လိုချင်မိတဲ့ လက်ခုပ် သံရယ် ပြန်လိုက်ရတဲ့ အကျိုးဆက် ရယ်က မတန်ပါဘူးကွာ။ တကယ့်ကို စစ်မှန်တဲ့

ယုံကြည် ချက်ကြောင့် တောထဲ အထိ အရောက်သွားပြီး တော်လှန်ရေး လုပ်နေ ကြတဲ့ လူငယ်လေး တွေလည်း ရှိနေကြပါတယ် သူတို့ကိုတော့လေးလည်း လေးစားတယ် အသိအမှတ် လည်း ပြုပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေမှာ မင်းတို့လိုမျိုး စစ်တပ်အပေါ် ဖားခဲ့ကြ ကပ်ခဲ့ကြတာမျိုး မရှိဘဲသူတို့ရဲ့သမိုင်းကြောင်းက မင်းတို့သမိုင်း ကြောင်းထက် ဖြူစင် ခဲ့ကြတယ် သန့်စင်ခဲ့ကြတယ်ကွ

မင်းတို့ ကိုတော့ မင်းတို့တွေရဲ့ အကျင့်စရိုက်ကိုယ်ကျင့် တရား မင်းတို့ဖြတ်သန်း ခဲ့ကြတဲ့ သမိုင်း အားလုံး အားလုံးကို ခရေစေ့တွင်းကျသိနေလေတော့လေးစားလို့လည်းမရ

အထင်ကြီးလို့လည်းမရဘဲ မင်းတို့ ဖြတ်သန်းခဲ့တဲ့ နောက်ခံ သမိုင်းနဲ့ အခုလက်ရှိပုံစံတွေ အပြောတွေကို နှိုင်းယှဉ် ကြည့်ပြီး ရယ်ချင်နေမိတယ်ကွမင်းတို့တွေရဲ့ပါးစပ်တွေကတော်လှန်ရေးဆိုတဲ့ စကားလုံးတွေ ထွက်ထွက်လာတိုင်း

သခင်သန်းထွန်း/ သခင်ဇင်/ သခင်ချစ်/ ဗိုလ်ရန်အောင်/ ဗိုလ်ဇေယျ ဗန်းဗော်တင်အောင်/ သူတို့တွေရဲ့ မျက်နှာ တွေကို မြင်မြင် လာမိပြီး မင်းတို့အစား သူတို့အပေါ်အားနာမိ မျက်နှာပူမိပါရဲ့ကွာ”ဆိုပြီးရေးသားထားပါတယ်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီးတို့လည်း ကျန်းမာ ချမ်းသာ ကျပါစေ လို့ဆုတောင်း ပေးလိုက် ပါတယ်။c r d

(Visited 23 times, 2 visits today)