ဘဝ ၆လ ပြည်သွားတဲ့ ပြည်သူ့ အချစ်တော် ဖြူဖြူကျော်သိန်း ပြောလာတဲ့ ရင်ထဲက လာတဲ့ ခံစားချက်

မင်္ဂလာပါ ပရိတ်သတ် ကြီး

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အမိုက်စား အသံပါဝါနဲ့အတူ တေးသီချင်းကောင်းများစွာကို တီဆိုထားပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့

အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းက ဗဟုသုတရတဲ့ စကားများကို မကြာခဏဆိုသလို ပြောပြလေ့ရှိပြီး သူမရဲ့လူမှုကွန်ယက်ထက် မှာလဲရေးသားဖော်ပြလေ့ရှိပါတယ် ။

ဖြူဖြူကျော်သိန်းက သူမရဲ့ခံစားချက်အချို့ကိုလဲ မကြာ မကြာသူမရဲ့ Instagram အကောင့်မှာ ရေးသားဖော်ပြလေ့ရှိပါသေးတယ်နော် ။ ဒီမီုကရေစီအရေးကို ပြန်လည်တည်ဆောက်ဖို့

တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်း အပြည့်အဝရပ်တည် ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းလည်း အပါအဝင်ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်လှပေအာင် တစ်ထောင့် တစ်နေရာကနေ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လည်း အလှူလေးတွေ ပြုလုပ်ခဲ့ပါတယ် ။

ဖြူဖြူကျော်သိန်းကတော့တော်လှန်ရေးကြီးမှာလဲပြည်သူ တွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုရှောင်းတိမ်းနေရပါတယ် ။

အခုတစ်ခါမှာဆို Celebrating 6 months of 505A warrant.ဒီနေ့က ဝရမ်းပြေးဘဝ ၆ လတိတိပြည့်တယ်ဆိုတော့ ကိုယ်လျှောက် ဆွဲထားတဲ့ ပုံလေးတွေပြန်ကြည့်ရင်း ကိုယ့်ဟာကိုယ် တစ်ယောက်တည်းကြံဖန် celebrate လုပ်ပြီး moti ယူရတာပေါ့🙄ဘာပုံတွေမှန်း

ကိုယ်လည်းမသိဘူးရယ်တချို့ဟာတွေကတော့ အိပ်မက်ထဲ မြင်တဲ့ အတိုင်းဆွဲထားတာ။ကိုယ်နဲ့ ဘဝတူ မောင်နှမတွေရော၊ ကိုယ့်ထက် ပိုပင်ပန်းခက်ခဲနေတဲ့ သူငယ်ချင်းတွေရော၊ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေရောကိုယ်ရောစိတ်ပါကျန်းမာပါစေ၊ အန္တရာယ်ကင်းပါစေ၊ အမြန်လွတ်မြောက်ကြပါစေ ဆိုပြီးရေးသားလာခဲ့ပါ ။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီးတို့လည်း ကျန်းမာချမ်းသာ ကျပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။c r d

Tags: