ပြည်သူ အပေါင်း ကို မျက်ရည် ကျစေ ခဲ့တဲ့ အဖေ ဖြစ်သူ ဦးဇင်ဝိုင်း အတွက် မင်းမော်ကွန်း ရဲ့စာ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ

အားလုံးကို မျက်ရည်ကျစေခဲ့တဲ့ ဖခင်ဖြစ်သူဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်းရေးတဲ့စာလေး

ယခု ပြောပြ ချင်တာ လေးက တော့ အကို ဖြစ်သူ သရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် ဖခင် သရုပ်ဆောင် မင်းသားဇင်ဝိုင်းကို

စိတ်ပူပြီး ရင်တွင်း စကားတွေ ပြောပြ လာတဲ့ Kyi Thar Hyay Lwin ရဲ့ ပြောစကားတွေ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသား မင်းမော်ကွန်း နှင့် သရုပ်ဆောင် မင်းသား ဇင်းဝိုင်းဟာ လူမသမာတွေ မတ ရားအာဏာ ရယူ ချိန်ထဲက

ပြည်သူ တွေနဲ့ အတူ တသား ထဲ တိုက်ပွဲ ဝင်နေသူလဲ ဖြစ်ပါတယ် … ဒီလို ပြည်သူဘက် တော်သား ဖြစ်တဲ့ အတွက် ဖမ်းဝရမ်း ထုတ်ခံထားရသူတွေလဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲ တိုင်ပွဲဝင်အားကို မလျော့ပဲ ဆက်လက်တိုက်ပဲ ဝင်နေဆဲ ဖြစ်ပါတယ်

ဒီလို တိုက်ပွဲဝင်နေတဲ့ကြားက ဖခင်ကြီး အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ်။

မင်းမော်ကွန်း စိတ်ပူမယ် ဆိုလဲ ပူစရာ ပါပဲ သရုပ်ဆောင် ကြီး ဇင်ဝိုင်းဟာ အသက် ကြီးလာသော် တိုင်းပြည်ရဲ့ တာဝန်ကို

ပြည်သူ နဲ့ အတူ တက်တက် ကြွကြွ ပါဝင် နေဆဲဖြစ်ပါ တယ်။

မင်းမော်ကွန်း ဟာ သူ့ အဖေကို စိတ်ပူလို့ နေသ လို သူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို

အဝေး တနေရာ ကနေ စားလေး ရေးလိုက် ပါတယ်။ သို့ အဖေ သားလေ အဖေ့ သား ဖြစ်ရတာ သိပ် ဂုဏ်ယူ တာပဲ ကိုယ်မှန်တယ်

ထင်ရင် ဘာမဆို လုပ် ရဲတဲ့ စိတ်ဓါတ် ဘာကို မှဂရု မစိုက်ဘဲ အမှန်တရား အတွက်ဆို ရှေ့တန်းထွက်

ရဲတဲ့ သတ္တိ ပြီး ခဲ့တဲ့ တစ်ပတ် လုံးလုံး သားစိတ်တွေ အရမ်း ပူနေ ခဲ့ရ ပါတယ် ။

မရယ်နိုင် မပြုံး နိုင်လောက် အောင်ပါပဲ အဖေနဲ့ ကိုကို တခုခု ဖြစ်မှာ သိပ်ကို စိုးရိမ်တယ် ဒါပေမဲ့ အဖေနဲ့ ဖုန်း ပြောပြီးတဲ့ အချိန်ကစပြီး

သားမှာ စိုးရိမ် စိတ်တွေ မရှိ တော့ဘူး အဖေ အဲဒီနေ့က အဖေ့ မျက်လုံး ထဲမှာ သိပ်ကို ပြတ်သားတဲ့အရိပ် အယောင် တွေကို မြင်လိုက် ရတယ်

အမှန်တရား ကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူး ဆိုတာ သိလိုက် ရတယ် အဖေ အမှန်တရားအတွက် လုပ်နေတယ် ဆိုတာ ကိုလည်း ပိုပြီး သိလိုက်ရ ပါတယ်။

အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင် ထွက်သေး တယ်နော်

အဖေ အသက် ကြီးပြီ အဖေ ၈၈ တုန်းကလည်း အေ ဖ ဒုက္ခမျိုးစုံနဲ့ ပေးဆပ် ခဲ့ပြီး ပါပြီ အခု အချိန် မှာ အဖေ ဝင် မပါ လည်း ဘာမှ မဖြစ်ပါဘူး။

လူငယ်တွေ လုပ်ကြ မှာပေါ့ သားတို့ လုပ်ရ မှာပေါ့ ခေါင်းမာ လိုက်တာ အဖေရေ အခု အချိန် မှာသား အဖေ တို့နဲ့ အတူ မရှိနိုင် တာကို

ခွင့်လွှတ်ပါ အဖေ သားလည်း အဖေ့ စိတ်ဓါတ်မျိုးတွေ ရှိချင် လိုက်တာ အဖေရယ် သားသာ အဖေ့ နေရာမှာ ဆိုရင် ဒီလို သတ္တိ မျိုး မရှိ နိုင်ပါဘူး။

အဖေ ကျန်းမာအောင် နေပေးပါ အဖေ အားလုံး အဆင် ပြေ သွားတဲ့ တစ်နေ့ ဒီ ပြဿနာ ကြီး ပြီးသွားတဲ့ တစ်နေ့ အဖေ ပြုံး နေတာလေး

မြင်ချင် သေးတယ် အဖေ ချစ်တဲ့ လွမ်းတဲ့ သား ” ဆိုပြီး တင်ထား တာကို မင်းမော်ကွန်းက အဖေနားပါအဖေ သားတို့ တောင် လူရော စိတ်ရော ပင်ပန်းနေတာ

အဖေဆို ပိုပင်ပန်းမှာ မပြော ပေမယ့် သိ နေလို့ပါအဖေရယ် အဖေ့ကို အရင်လို ထပ်ပြီး နည်းပေါင်းစုံ နဲ့ နှိပ်စက် တာ မခံ စေချင် ပါဘူး

သား တာဝန် ထားပါ အဖေ အမေ့ ကိုပဲ စောင့်လျှောက် ပေးပါ အိမ်မှာ အဖေနဲ့သား တစ်ယောက် ယောက်တော့

ရှိနေမှ ဖြစ်မှာပါ ဆိုတဲ့ စာလေး ရေးကာ ထပ်ဆင့်ရှယ် ထားတာ တွေ့ရ ပါတယ်။ ဒီ စာသား လေးတွေရဲ့နောက်မှာ ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့တိုင်းပြည်ချစ်စိတ်ကို အထင်းသား မြင်နေရသလို

သားဖြစ်သူ မင်းမော်ကွန်း ရဲ့သား ဆိုတာ အား ဆိုသလို ဖခင်လို တိုင်းပြည် ချစ်စိတ် အပြည့်ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ်

ဒါ့အပြင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း မိသားစုနှင့် ဖခင်အတွက် အတွက်ရင်မအေး ဖြစ်နေပုံလေး မြင်ရတော့ မျက်ရည် ဝဲအောင် စိတ်မကောင်းဖြစ်ရပါတယ်။

စာဖတ် ပရိတ်သတ် ကြီးတိုလည်း ရောဂါအပေါင်း ဘေးရန် အပေါင်းမှ လည်းကင်းဝေး ကျပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။c r d