ပထွေး ဖြစ်သူ က လူမ ဆန် စွာသတ် ဖို့ ကြိုးစား ခဲ့ ပေမယ့် အသက် ဘေးမှ လွတ်မြောက် ခဲ့တဲ့ မောင် ကံကောင်း

မဂ်လာပါ ပရိတ်သတ် ကြီးရေ

ပထွေး ဖြစ်သူ က ခေါင်းအုံး နဲ့ ဖိ သတ် ခဲ့ ပေမယ့် အသက် ဘေးမှ လွတ်မြောက် ခဲ့တဲ့ မောင်ကံကောင်း ရဲ့ ဘဝ အကြောင်း နဲ့ လက် ရှိအခြေ အနေ

ကိုယ့် သားသမီး မဟုတ် တာနဲ့ မလုပ် သင့်တာ ကို လုပ်ခဲ့ တဲ့ လူစိတ် မရှိတဲ့ လူတစ်ယောက်အကြောင်း ကပြောရမှာ တောင် ရွံ့ ရှာမိပါတယ်။

မိခင် အရင်း ဖခင် အရင်း လောက် ဘယ်သူစိမ်းကမှ ကိုယ့် အပေါ် မကောင်း နိုင် မချစ် နိုင်ဘူး ဆိုတာ ဒီ ဖြစ်ရပ် လေးက သက်သေ ထပ်ပြ လိုက်သလိုပါပဲ။

ဘာမှ မသိ နား မလည်တဲ့ လူမမယ် ကလေးတစ်ယောက် ကို တောင် ဘယ်လို မုန်းတီး စိတ် တွေ နဲ့ လုပ် ရက် တာလည်း ဆိုတာ စဉ်းစား လို့ကို မ ရ တာ ပါ။

ပထွေး ဖြစ်သူက ခေါင်းအုံး နဲ့ ဖိသတ် ခဲ့ပေ မယ့် အသက် ဘေးမှ လွတ်မြောက် ခဲ့တဲ့ မောင်ကံကောင်း ကို မိုးမခ ရေလည် ပရဟိတ

မိဘမဲ့ ကျောင်း ဆရာတော် ကြီးက ခေါ် ယူ မွေးစားခဲ့တာ ဖြစ် ပါ တယ် ။ မောင်ကံကောင်း ဆိုတဲ့ နာမည် လေးကို လည်း ဆရာတော်ကြီး က အသက် ဘေးက လွတ်

မြောက် ခဲ့တဲ့ အ နေ နဲ့  အမှတ် တရ နာမည် ပေးခဲ့တာ ဖြစ် ပါ တယ် ။ မိုးမခ ရေလည် ပရဟိတ ကျောင်း ရဲ့ တည် နေရာ က တော့

ပဲခူးတိုင်း ကျောက် တံခါးမြို့နယ် ၉၉ မိုင် ၄ ဖာလုံ ကညွှတ် ကွင်းမြို့ အနောက် ဘက် မိုးမခကျေးရွာ မှာ တည် ရှိ ပါ တယ် ။

ဦးမိုးဒီ ၊ မိုးစက် တို့နဲ့ အတူ မောင်ကံကောင်း ကိုလည်း မိုးမခ ရေလည် ပရဟိတ ကျောင်းမှာ တွေ့ခဲ့ရ ပါ တယ် ။

အတိတ် ဘဝ က ကံကြွေးတွေ ပေးဆပ် လိုက်ရတဲ့ မောင်ကံကောင်း လေးလည်း ရှေ့လျောက် ဆရာတော် ရဲ့ မေတ္တာ အရိပ် အောက်မှာအေးချမ်း ရတော့ မှာပါ ။

စိတ်ပူ စိုးရိမ်နေ ကျ တဲ့ ပရိတ် သတ်ကြီး လည်း အ ခု လောက် ဆို စိတ်အေးနိုင် ပါ ပြီ ဗျာ ။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကျန်းမာ ချမ်းသာ ကျပါ စေလို့ ဆုတောင်း ပေးလိုက် ပါတယ်။c r d

Tags: