ယနေ့ ရုံးချိန်းကို ကျန်းမာရေး ကြောင့် မတက် ရောက် နိုင် ဖြစ်ခဲ့တဲ့ ဒေါ် အောင်ဆန်း စုကြည်

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ဒီကနေ့ ရုံးချိန်း ကို မစစ် ဖြစ်

ရုံး ပိတ်ရက် တွေကြောင့် အမှု့ တွေကို နှစ်လကျော်ကြာ စစ်ဆေး နိုင်ခြင်း မရှိ ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အပါ အဝင် သမ္မတ ဦးဝင်းမြင့် နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့ စွဲဆိုခံထား ရတဲ့ အမှု့ တွေကို ဒီကနေ့

စက်တင်ဘာ ၁၃ရက်မှာ ပြန်လည် စစ်ဆေး ဖို့ ချိန်း ဆို ပေမယ့် ဒေါ်အောင်ဆန်းစုကြည်

ကျန်းမာရေး မကောင်း လို့ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံ စစ်ဆေး ဖို့ ရှိနေပါ တယ်။

ခေါင်း မူးတယ် ပြောတယ်။ နှာ နည်းနည်း မွှန်တယ်။သူ ဒီနေ့ တော့ လုံးဝ မထိုင် နိုင်လို့

မနက်ဖြန် ကျမှ တွေ့ဖို့ ပြောတယ်။ သူပြောတာကတော့ ကားနဲ့ လာရတာ ကားက အရမ်း ခါတယ် ပြောတယ်။

သူ မူးနေတယ် လို့ ပြောပါ တယ်။ကိုဗစ် တော့မဟုတ် ပါဘူး။ အခု မနက်မှ ထ ဖြစ်တယ် လို့ သူကပြော ပါတယ်

လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ ဦးခင်မောင်ဇော် က ဘီဘီစီ ကို ပြောပါ တယ်။

ရှေ့နေ အဖွဲ့ ရဲ့ပြောကြား ချက် အရ ဒီ ကနေ့ အထူး တရားရုံး ကို ဝင်ရောက် ရမယ့် သူ အားလုံး ဟာ မနေ့က

စက်တင်ဘာ ၁၂ ရက် နေ့လည် ပိုင်းမှာ ကိုဗစ် စစ်ဆေးမှု ကို ခံယူ ထားရပြီး ကိုဗစ် နဂ္ဂတစ် ဖြစ်တဲ့

သူတွေ သာ ဒီကနေ့ ရုံးထုတ် စစ်ဆေး မှု ကို ဝင်ရောက် ခွင့် ရတာ ဖြစ်ပါ တယ်။မနက်ဖြန် အင်္ဂါ စက်တင်ဘာ ၁၄ရက် မှာတော့

ပုံမှန် စစ်ဆေး နေကြ ရုံးချိန်း ဆက် ရှိမှာ ဖြစ်ပါတယ် လို့ သိရှိ ရပါတယ်။အမေကို ချစ်တဲ့သားသမီး များလည်း အမေ့အတွက် ဆုတောင်း ပေးကျ ပါအုံး။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကျန်းမာ ချမ်းသာ ကျပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။c r d