ပန်းတော ရွှေမှော်တွင် ကျောက်မိုင်းခွဲရာမှ လူ ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာ ရရှိ

ပန်းတော ရွှေမှော်တွင် ကျောက်မိုင်းခွဲရာမှ လူ ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာ ရရှိ

ဗန်းမောက်မြို့နယ် ပန်း တောရွှေမှော်တွင် မေလ ၁၀ ရက်နေ့ နံနက် စောစောပိုင်း အချိန် က ကျောက် ရွှေမိုင်းခွဲရာမှ လူ ၁ ဦးသေဆုံးခဲ့ပြီး လူ ၇ ဦးမှာ အသက်ရူကြပ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည် ။ ” ဖြစ်တာက ပန်းတောရွှေမှော် မကျီးပင်လျို အဝင်နားမှာပါ ။ ရွှေတွင်း ပိုင်ရှင် က ဦးလှိုင်ကြီး ဘေးတွင်းပိုင်ရှင် က ဦးသားကြီး ။

တွင်းအနက်ကတော့ ပေ ၂၀၀ လောက်ရှိမယ် ။ ၁ ကျင်းနဲ့ ၁ ကျင်း ခေါင်းသားတွေက ကပ်နေတာပါ ။ ငါးပေလောက်သာကွာပါတယ် ။ အခုဖြစ်တာ က တော့ ဦးလှိုင်ကြီးရဲ့ တွင်းအနီးနားမှာရှိတဲ့ ဦးသားကြီးတွင်းက ကျောက်မိုင်းခွဲလိုက်တဲ့ စုစုပေါင်းလူ ၁၇ ဦး တွင်းထဲဆင်းပြီးလုပ်ကိုင်ခဲ့ရာမှာ လူ ၁ ဦး က ပါးစပ်မှ အမြုပ်များထွက်ကာသေဆုံးခဲ့ပြီး

လူ ၇ ဦး ကတော့ အသက်ရူကြပ်တဲ့ ဒဏ်ရာ ရရှိခဲ့တာပါ ။ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူခဲ့ပေမယ့် မသက်သာလို့ မန္တလေးကို ဆင်းသွားကြပါပြီ” ဟု ဒေသခံတစ်ဦး မှ ပြောသည် ။ အဆိုပါ ပန်းတောကျေးရွာ အနီးရှိ ကျောက်ရွှေမှော်တွင် ဇယစ်ညှင်းလျှို မကျီးပင်လျို ဘဓရ ဆယ့်တစ်ကျင်းတန်း တို့ ဟူ၍

ရွှေမှာ်ခွဲများရှိရာ ကျင်းပိ၍ သေဆုံးခြင်းအပြင် ကျင်းထဲကျ၍ သေဆုံးမှုများ လည်း မကြာခဏ ဖြစ်ပွားခဲ့သည် ဟု သိရသည် ။ ဖြစ်စဉ်နှင့်ပါတ်သက်၍ တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်ရာတွင် ယမ်းနှင့် ဖောက်ခွဲပစ္စည်းများအား ပေါ့ဆစွာအသုံးပြုခဲ့သဖြင့် လူ ၁ ဦး သေဆုံးခဲ့ပြီး လူ ၇ ဦးအား ဒဏ်ရာ အသီးသီး ရရှိစေခဲ့ သည့်

ယမ်းဖောက်ခွဲပစ္စည်းများအား ဦးစီးလုပ်ကိုင်သူ သန့်ဇင် ရွှေတွင်းပိုင်ရှင်များ ဖြစ်သည့် ဦးသားကြီး နှင့် ဦးလှိုင်ကြီး သပိတ်ကျင်းမြို့နယ် နေသူတို့ ၃ ဦးကို ဥပဒေပုဒ်မ ၃၀၄ – က / ၂၈၆ ဖြင့် ဗန်းမောက်မြို့ မ ရဲ စခန်း မှ အရေးယူထားကြောင်း သိရသည် ။ Crd… မြင့်​လွင်