ဒဂုံအရှေ့ ၁၃ ရပ်ကွက်တွင် ရထား သံလမ်းနပ်များ ခိုးယူမှု့ဖြစ်ပွား

မင်္ဂလာပါ စာဖတ်တို့ ခင်ဗျာ…မင်္ဂလာမရှိတဲ့ သတင်းတပုဒ်ကို ပြောပေးချင်ပါတယ်

ဒဂုံအရှေ့ အမှတ်(၁၅)ရပ်ကွက်မှ ညီအကိုနှစ်ယောက် (၁၃)ရပ်ကွက်အပိုင် ရထား သံလမ်းနပ်များ ခိုးယူမှု့ဖြစ်ပွားခဲ့ပါတယ်…ဒါကို ရပ်ကွက်သူ ရပ်ကွက်သားတွေမှ လက်ပူး လက်ကြပ် ဖမ်းမိတာပဲ ဖြစ်ပါတယ်…

ခိုးတဲ့သူတွေကလဲ တော်တော်လေးကို စဉ်းစားဥာဏ်နဲတယိနော် သွားရောင်းစားလို့ ဘယ်လောက်ရမှာလဲဗျာ… လူ့အသက်တွေ အများကြီးပေးဆပ်ရမှာကို မသိကြတာလား တစ်ကိုယ်ကောင်းပဲ ဆန်လွန်းတာလား…

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်နောင် ယခုလို အဖြစ်ပျက်မျိုးတွေ ထပ်မဖြစ်လာဖို့ ထိထိရောက်ရောက် အရေးယူသင့်ပါကြောင်း

source ဘာ ဘာ Htet Aung