အမွေ ရခဲ့တဲ့ စောင်အစုတ် နှစ်ထည်ကြောင့် သန်းကြွယ်သူဌေး ဖြစ်လာခဲ့တဲ့ မသန်စွမ်း အမျိုးသား

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ ရေ

အမွေရခဲ့တဲ့ စောင်အစုတ် နှစ်ထည် ကြောင့် သန်းကြွယ် သူဌေး ဖြစ်လာ ခဲ့တဲ့ မသန်စွမ်း အမျိုးသား

လွန်ခဲ့သော ၂၀၀၇ ခုက Loren Krytzer အမည်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ကား မတော်တဆ မှုကြောင့် ခြေထောက် တဖက် ဆုံးရှုံး ခဲ့ရပြီး မသန်မစွမ်းဘဝဖြစ် ကာဒီအကြောင်းကြောင့်ပဲ လက်ရှိအလုပ်က ပြုတ်ခဲ့ရ ပြီး

အလုပ် လက်မဲ့ ဖြစ်ခဲ့ ရသလို သူ့ရဲ့ဆေးရုံ စရိတ်တွေ ကြောင့် သူ့မိသားစု အနေနဲ့ ထိုအချိန် က ငွေကြေး အလွန် ခက်ခဲ နေခဲ့ရ ပါတယ်။

သူ ဒီလို ဖြစ်ပျက် နေတဲ့ တချိန်တည်း မှာပဲ သူ့အဖွားက သေဆုံး သွားတဲ့ အတွက် အဖွားကို သူကတိ ပေးထား တဲ့ အတိုင်း အဖွားရဲ့စာအုပ် များကို စုဆောင်းပြီး သိမ်းဆည်း ရန်အတွက် သူ့အိမ်သို့ သွားခဲ့သည်။

သူ အိမ်ကို ရောက် တဲ့အချိန်မှာတော့ အစ်မ နှင့်အမေက အဖွားရဲ့ကျန်ရစ်တဲ့ ပစ္စည်း တွေ ထဲမှ ကောင်းသော အရာ တိုင်းကို အစောထဲ က လုယူပြီးသား ဖြစ်လို့ နေခဲ့လေသည်။

သူ့အတွက်အနေနဲ့ အဘိုး နဲ့အဖွားတို့လက်ထက်ထဲက အသုံးပြု လာကြသည့် စောင်လေးနှစ်ထည်ကို အိတ်ထဲ ထည့်ပြီး သူ့ရှေ့ကို အစ်မဖြစ်သူကပစ်ချပေးလေသည်။

စောင်နှစ် ထည်မှာ တစ်ထည်က နူးညံ့ ပျော့ ပျောင်း သော Hudson’s Bay အမှတ်တံဆိပ်စောင် တစ်ထည်နဲ့ နောက်တစ်ထည်က သူ့အဖွား မွေးထားသော ကြောင် ပေါက်စလေးတွေ အိပ်ရန် အိပ်ယာ အဖြစ် အသုံးပြုခဲ့တဲ့ စောင်ဟောင်းးတစ်ထည် တို့ပဲ ဖြစ်ပါတယ်။

အဖွားရဲ့အမွေအနေနဲ့ သူ့ရဲ့မောင်နှမ မိသားစုဝင်ထဲ က ဘယ်သူတစ်ဦးတစ်ယောက် ကမှ မလိုချင်ကြတဲ့ စောင် အဟောင်း နှစ်ထည်ကို အမွေအဖြစ်နဲ့ သူ ဆက်ခံ ရရှိခဲ့ ပါတယ်။

“ဒီလောက် ညစ်ပတ် ပေရေပြီး ဟောင်းနွမ်းနေတဲ့စောင် ကို ငါတော့မလိုချင်ဘူး” လို့ အစ်မနဲ့ မိခင်ဖြစ် သူတို့ရဲ့ ပြောခဲ့တဲ့ စကားကို သူ သတိရပြီး ပြောပြ ပါတယ်။

မသန်မစွမ်း ဖြစ်ပြီး နောက်ဆုံး တွင် ဇနီး ဖြစ်သူ Lisa နဲ့ အတူ ကာလီဖိုးနီးယား ပြည်နယ်၊ Palmdale အနီးရှိ မိတ်ဆွေတစ်ဦးရဲ့ အိမ်ငယ်လေးတစ်လုံးသို့ သူတို့ ပြေင်းရွှေ့နေထိုင်ကြရန် ဆုံးဖြတ်ခဲ့ပြီး ငှါးရမ်းခကိုလဲ ဒေါ်လာ ၇၀၀ အထိ လျှော့ချပေးခဲ့လို့ သူတို့လင်မယား အတွက် ဒေါ်လာ ၂၀၀ ခန့် လက်ကျန် ရှိ ခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ Loren ဟာ Antiques Roadshow လို့ အမည်ရတဲ့ ရုပ်သံ အစီအစဉ် ပြပွဲ တစ်ခု ရဲ့ အပိုင်းတွဲကို ကြည့်ရှု့ နေခဲ့ပါတယ်။ ဒီ အစီ အစဉ်မှာ အမျိုးမျိုးသော

ရှေးဟောင်းပစ္စည်းတွေ ကို အများအပြားပြသသွားတာကို စိတ်ဝင်စားမှု သိပ်မပါ ပဲ သူထိုင်ကြည့်နေ ခဲ့ပေ မယ့် အဲဒီ ပစ္စည်းတွေ အများကြီး ထဲမှ တစ်ခုသော အရာက သူ့ကို လုံးဝ ရှော့ရ သွားစေတဲ့ အထိ ဆွဲဆောင် လိုက်ပါ တော့တယ်။

ထိုအရာ ဝတ္ထု တစ်ခု ကတော့ သူ့အဖွားဖြစ်သူရဲ့အမွေ အဖြစ်ရရှိခဲ့တဲ့ ဘယ်သူမှ မလို ချင်ကြတဲ့ ညစ်ပက်နေတဲ့ စောင်တစ်ထည်ဟာ ရက်အင်ဒီယန်း လူမျိုးတွေရဲ့ မူလ ပထမ လက်ရာ Navajo လို့ခေါ်တဲ့ ရှားပါး စောင်တစ်ထည်ဖြစ်ပြီး

ဒီစောင်တစ်ထည်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၅ သိန်းခန့်တန်ဖိုးရှိကြောင်း ဖော်ပြသွားတာကို မြင်တွေ့ လိုက်ရတဲ့အတွက် သူအရမ်းတုန်လှုပ်သွားခဲ့ရပါတယ်။

အဲ့ဒါနဲ့ သူ လည်း “ငါ TV အစီအစဉ်ကြည့်တာ ခဏရပ်လိုက်တယ်။ ပြီးတော့ စောင်ကိုသွားယူပြီး သေချာကြည့်တယ်။ တီဗွီ ထဲက စောင်မှာပါတဲ့အစင်းကြောင်းတွေနဲ့ ငါ့ စောင်မှာပါ တဲ့အစင်းတွေနဲ့ တူနေတာ သေချာလားဆိုပြီး စစ်ဆေး ခဲ့တယ်။

အစင်းတွေ ကိုက်ညီမှု ရှိ မရှိ ကြည့်တယ်” လို့ Loren ပြန်ပြော ပြသည်။ ဒီလိုစစ်ဆေးပြီးတာနဲ့ TV မှာပါတဲ့စောင်နဲ့ သူ့စောင်ဟာ အကုန်လုံးနီးပါး တူညီနေကြောင်း သူ သေချာသဘော ပေါက်လိုက်ပါတော့တယ်။

Krytzer သည် မိခင်ဖြစ်သူရဲ့ အိမ်ကိုသွားရောက်ခဲ့ပြီး သူ့အမေအား ထိုဗီဒီယို ကို ပြသခဲ့ပါသေးသည်။ထိုအခါ မိခင်ဖြစ်သူက “အင်း ဟုတ်ပါတယ် ကောင်းတယ်။

ဒါပေမယ့် ဘယ်သူမှ မင်းကို ဒီဟာအတွက်နဲ့ ၁၀ ဒေါ်လာတောင် ပေးမှာမဟုတ်ဘူး”လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ပထမဆုံး ရှေးဟောင်း ပစ္စည်းရောင်းဝယ်ဖေါက်ကား သူ ကုန်သည် များကို ဆက်သွယ်ရန် Krytzer အနေနဲ့က အလှမ်းဝေးခဲ့သည်။

ဒါနဲ့ Online မှာ ရှာဖွေရင်းနဲ့ စိတ် ပျက်စရာလူတွေနဲ့လည်း ကြုံတွေ့ခဲ့လာရပြီး သူ့ရဲ့ နောက်ဆုံး ကြိုးစားတဲ့ အနေနဲ့ ဌာနေ အမေရိကန်

တိုင်းရင်းသားများရဲ့ ရှေးဟောင်းပစ္စည်းများကို ရောင်း ဝယ်ရာတွင် နာမည်ကြီးသော ဒေသခံ မိသားစုပိုင် လေလံကုမ္ပဏီဖြစ်သည့် John Moran Auctioneers သို့ ဆက်သွယ်ခဲ့ပါသည်။

အဆက်သွယ်ရပြီးနောက် Krytzer သည် မိနစ် ၃၀ကြာ ကားမောင်းပြီး လေလံတင်ရောင်းချခဲ့သည့်အကြီးဆုံး ဈေးတစ်ခု ဖြစ်သည့် Moran ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ Jeff Moran ရှေ့တွင် သူ့စောင်ကို ချထားလိုက်သည်။

စောင်နဲ့ပတ်သတ်တဲ့ ပိုင်ဆိုင်သူသမိုင်းကြောင်းကို မေး ရာတွင် Krytzer က ဒီစောင်ဟာ သူ့အဖိုးရဲ့အဘိုးဖြစ်သူ

(great-great-grandfather )Dakota မှ ကုန်သည် ကြီး John Chantland,ဆိုသူ လက်ထက် ၁၈၀၀ ခုနှစ်ခန့်မှ ပိုင်ဆိုင်လာခဲ့သော စောင်ဖြစ်ကြောင်း ပြန်လည် ဖြေ ကြားခဲ့ပါတယ်။

Moran သည် စောင်ကို အထပ်ထပ် စစ်ဆေးစမ်းသပ် ခဲ့သလို လေ့လာအကဲဖြတ်သူတစ်ဦးဖြစ်ပြီး အထူး ကျွမ်းကျင် သူ တစ်ဦး လည်း ဖြစ်သော Joshua Baer က ဒီစောင်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အရှားပါးဆုံးဖြစ်သော

နယ်ဗာဟိုဒေသ အကြီးအကဲ၏ စောင်များထဲမှတစ်ခုဖြစ်သည်ဟု အတည်ပြုပြောကြား ခဲ့သည်။လေလံပွဲသည် ၇၇ စက္ကန့်သာကြာမြင့်ခဲ့လေသည်။ Krytzer ၏စောင်ကို တင်ဒါဈေးနှုန်းဒေါ်လာ ၁၅၀,၀၀၀ ဖြင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဒေါ်လာ ၅၀၀,၀၀၀။

ထို့နောက်မှာ ၁ သန်းအထိမြင့်တက်ကာ နောက်ဆုံး လေလံအတွက် ဒေါ်လာ ၁.၅ သန်းဖြင့် လေလံ အောင်မြင် ခဲ့ပါတော့သည်။

အခွန်အခကြေးငွေများရှင်းအပြီးတွင် Krytzer ဟာ စောင်တစ်ထည်အတွက် ဒေါ်လာ ၁.၃ သန်းရရှိခဲ့ပါ သည်။

ဒီနောက်မှာတော့ ခြေထောက်ကျိုးပြီး အလုပ် မရှိ အလုပ် လက်မဲ့ဖြစ်ခဲ့ရသလို သူ့ခလေးတွေကို ပြုစု စောင့်ရှောက်ဖို့အတွက်အပါအဝင် ငွေကြေး လိုအပ် နေမှုတွေကြောင့် စိတ်ဓါတ်တွေ ကျနေတဲ့ Loren Krytzer ဟာ ကယ်လီဖိုးနီးယားရှိ လေလံပွဲခန်းမထဲ ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာ ခဲ့ပါ တော့တယ် ။

ဒီတော့ ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ် ဆိုတာ“ရထိုက် ခံစား ထိုက်သော သူ” မှသာ ခံစား စံစား ကြ ရတာပဲ ဖြစ်ပါတယ်နော်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကျန်းမာ ချမ်းသာ ကျပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။c r d

(Visited 2 times, 1 visits today)