မင်းမော်ကွန်း နဲ့ အတူရှိ နေခဲ့ တဲ့ AAC အဖွဲ့က ကိုရဲမင်း ​ပြောပြီ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ

မင်းမော်ကွန်းနဲ့ အတူရှိနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက မင်းမော်ကွန်းအကြောင်းကို ခုလိုပြောလာပါတယ်

ကသာရဲစခန်း မင်းမော်ကွန်း အဖွဲ့ ၀င်စီး ဆိုတာ သတင်း အမှား ပါ

ကိုကျော်(မင်းမော်ကွန်း)တို့ မိသားစုလေး ခမျှာ တော တောင် ထဲမှာ လှေလေး နဲ့ ခက်ခက်ခဲခဲ ယခု ပုံပါ အတိုင်း သွားလာ နေရ တာပါ

အနီးကပ် ရှိ‌ နေသူ တွေက ကူညီတာ ကိုအားနာပြီး လက်မခံဘဲ တောထဲ ကရတဲ့ မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။

သူများ ကို အကူအညီ တောင်းရ မှာ အလွန် အားနာတတ်တဲ့ ကိုကျော်ဟာ‌ သူစီး နေကျ

ကားလေး ကိုလည်း ရတဲ့‌ ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံ ရောင်းလိုက် ရပါ တယ်။

အဲဒီ နေ့က ဆို သူ သံယောဇဉ် ဖြစ်တဲ့ ကားလေးရောင်းလိုက် ရတော့ အတော်လေး စိတ်မကောင်းဖြစ် နေ တာပါ။

လွတ်‌မြောက် နယ်‌မြေ မှာလည်း မိသားစု အတွက် ကုန်ကျ စရိတ် တွေ ရှိတယ် လေ။တော်လှန်‌ရေးမှာ အနစ်နာ ခံတဲ့ အနုပညာရှင် တွေကို မှတ်ထားပေးကြပါ။

ထို့အတူ တော်လှန်‌ရေးမှာ အဲယားကွန်းအခန်းထဲကနေ သာကူး ခွထိုင်ဖို့ ချောင်းနေတဲ့ အနုပညာရှင် တွေကို လည်း မှတ်ထား ပေးကြပါ လို့ ပြောလာပါတယ်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီးတို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျပါစေ ဆုတောင်းပေး လိုက်ပါတယ်။c r d

(Visited 36 times, 1 visits today)