တရုတ်နိုင်ငံက ပြစ်ဒဏ်စေ့လို့ မြန်မာနိုင်ငံကို လွှဲပြောင်းပေးလာတဲ့ နိုင်ငံသား ၂၆၀ဦးအနက် ဝူဟန်အကျဉ်းထောင်မှ ၂၄၀ကျော် ပါဝင်

တရုတ်နိုင်ငံက ပြစ်ဒဏ်စေ့လို့ မြန်မာနိုင်ငံကို လွှဲပြောင်းပေးလာတဲ့ နိုင်ငံသား ၂၆၀ဦးအနက် ဝူဟန်အကျဉ်းထောင်မှ ၂၄၀ကျော် ပါဝင်

တရုတ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေအနက် ပြစ်ဒဏ်စေ့လို့ မြန်မာနိုင်ငံကို ဒီကနေ့မေလ ၂ရက်မှာ နိုင်ငံသား ၂၆၀ဦးကို လွှဲပြောင်းပေးလာခဲ့ပြီး ၎င်းတို့အနက်မှ ဝူဟန်အကျဉ်းထောင်မှ ၂၄၀ကျော် ပါဝင်နေကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံကနေ သိရပါတယ်။ တရုတ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ

ပြစ်ဒဏ်စေ့ပြီးလို့ မြန်မာနိုင်ငံသား ၂၆၀ ကို မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်လွဲပြောင်းပေးလာခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ၁၂၆ဦးပါဝင်နေတယ်လို့လည်း သိရပါတယ်။ “ကျွန်တော်တို့ ရှမ်းပြည်နယ်ကတော့ အများဆုံးပါတာပေါ့။ ကျန်တာကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ကချင်စတဲ့ဒေသတွေက ပါတယ်။ အားလုံးကို မူဆယ်မြို့မှာ မထားဘူး။

သူတို့ရဲ့သက်ဆိုင်တဲ့ဒေသတွေကို ပြန်လွှတ်ပြီး အဲဒီရောက်မှပဲ Quarantineဝင်ရမှာပါ”လို့ မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ အဲဒီလိုပြန်လည်လွဲပြောင်းပေးလာတဲ့နိုင်ငံသားတွေကို မြန်မာနိုင်ငံဖက်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးနဲ့ ကျန်းမာရေးဌာနတွေမှ တာဝန်ရှိသူတွေက စစ်ဆေးလက်ခံပေးခဲ့ပြီး သူတို့ဟာ ဝူဟန်မြို့မှာ

သုံးလကြာတဲ့အထိ ကျန်းမာရေးစောင့်ကြည့်မှုကို ခံယူပြီးသူတွေဖြစ်သလို တရုတ်နိုင်ငံဖက်မှ ထုတ်ပေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်လက်မှတ်တွေကို ကိုင်ဆောင်ထားကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနိုင်ငံသားတွေကို မူဆယ်မြို့မှာ ထားရှိမှာ မဟုတ်ပဲ ကျန်းမာရေးစစ်ဆေးကာ သက်ဆိုင်ရာ ဒေသသို့ ပြန်လည်လွဲပြောင်းပြီး ၂၁ ရက်ကျန်မာရေးစောင့်ကြည့်မှု

ခံယူစေမှာဖြစ်ကြောင်းနဲ့ လွှဲပြောင်းလာသူတွေအနက် ရှမ်းပြည်နယ်မှ အများဆုံး(၁၂၆ဦး)ပါဝင်နေကြောင်းကိုလည်း သိရပါတယ်။ သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ) ဓါတ်ပုံ-ရှမ်းပြည်နယ်ပြန်ဆက် ရွှေတြိဂံဒေသ သတင်းလွှာ