တိမ်ပုံစံအငွေ့များ အိမ်ခေါင်မိုးအနီးရောက်လာလို့ ရန်ကုန်က မြို့နယ်တချို့နေပြည်သူများထိတ်လန့်နေရ

မင်္ဂလာပါ စာဖတ်သူတို့ခင်ဗျာ – ထူးခြားဖြစ်စဉ်တခုကို ပြောပြချင်ပါတယ် ဒါကတော့

” ရန်ကုန်က မြို့နယ်အချို့မှာ တိမ်ပုံစံ အငွေ့များ အိမ်အမိုးနီး ရောက်လာလို့ ပြည်သူများထိတ်လန့်နေ

ဧရာဝတီတိုင်းမ် – ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက မြူခိုးပုံစံနဲ့တူနဲ့ တိမ်ပုံစံ အငွေ့တွေ တိုက်အပေါ်တွေရောက်လာလို့ ဒေသခံတွေထိတ်လန့်နေရတယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက သိမ်းဖြူကွင်းဘက်ခြမ်းနဲ့ တာမွေမြို့နယ်ထဲက မအူကုန်းရပ်ကွက်ဘက်တွေမှာ ဒီကနေ့ညပိုင်းက တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” တိမ်ပုံစံပဲ မြူခိုးငွေ့တွေလို တိုက်ပေါ်တွေရောက်နေတာ တိမ်ဆိုရင်တော့ ဒီလိုမနီးနိုင်ဘူးလေ ခုက ဘာမှန်းမသိတော့ တံခါးတွေပိတ်နေရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

တိမ်ပုံစံမြူခိုးလိုလို အငွေ့တွေမြင်ရင် ထွက်မကြည့်ဘဲ တံခါးတွေ လုံအောင်ပိတ်နေရဖို့ ပြည်သူအချင်းချင်းသတိပေးနေကြရတယ်လို့ ဆိုပါတယ်။

ခုလို တိမ်ပုံစံမြူခိုးတွေဟာ ဒီနေ့ညပိုင်း ဒရုန်းတွေပြန်ပြီးနောက်ပိုင်း မြင်တွေ့ရတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တိမ်ပုံစံမြူခိုးငွေ့တွေ မြင်တွေ့ရတဲ့ ဒေသခံတွေကတော့ ဒါဟာ နည်းပညာအသုံးပြုပြီး ရောဂါဖြန့်တာမျိုးလည်းဖြစ်နိုင်တယ် ပြောဆိုတာတွေလည်း ရှိနေကြပါတယ်။” လို့ ဧရာဝတီတိုင်းသတင်းမှာ ဖော်ပြထားပါတယ်

ဒီကိုစ္စနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ် … စာဖတ်သူတို့လဲ ဘယ်လိုထင်ပါသလဲဗျာ … Photo – CJ / C R D – ဧရာဝတီတိုင်း

(Visited 11 times, 1 visits today)