အောက်စီဂျင် လိုအပ်နေသူတွေက် အထောက်ပံ့ရအောင် သုံးမယ့်ပိုက်ဆံလေးတွေ မသုံးပဲလှုလိုက်တဲ့ ထူးခန့်ကျော်

သုံးဖို့ စုဆောင်းထားတဲပိုက်ဆံလေးတွေကို မသုံးတော့ပဲ အောက်ဆီဂျင် လိုအပ်သူတွေအတွက် လှူဒါန်းလိုက်တဲ့ ထူးခန့်ကျော်..

“အင်မတန်မမေ့နိုင်သောနေ့ လူဖြစ်ခွင့်တရက်သာနပ်ခဲ့သောနေ့ ကျွန်တော်ဒီကနေ့ကိုကျော်သူနာရေးကူညီမှု့အသင်းမှာ အောက်ဆီဂျင်အတွက်အလှူငွေ၁၀သိန်းကျပ်လှူဒါန်းခဲ့ပါသည်

ကျွန်တော်ထုံကျင်ကိုက်ခဲလေဖြတ် လေငန်းစသည့် အရိုးအကြောနှင့်ပတ်သက်သောရောဂါများအား အခမဲ့ကုသပေးရာတွင်ကျွန်တော်ထံလူမျိုးဘာသာမရွေး လာရောက်ကုသသောဝေဒနာရှင်များရှိပါသည်

ထိုသူများသည်ကျွန်တော်စေတီတည်ဖို့ရာအတွက် အလှူခံပုံးထဲလှူသွားသလို ကျွန်တော်အတွက်လည်းသုံးဖို့လှူသွားကြလေသည် ကျွန်တော်သုံးဖို့လှူသွားကြသောအလှူငွေလေးများကို စုဆောင်းထားခဲ့ရာဒီကနေ့တော့

ကျွန်တော်သုံးမည့်အစား လိုအပ်နေသောအောက်ဆီဂျင်အတွက်ဒီကနေ့လှူဒါန်းခဲ့လိုက်ပေသည် ဤအလှူသည်လူမျိုးမရွေး ဘာသာမရွေးသောအလှူပင်ဖြစ်သလို ဒီCovid19ရောဂါဆိုးကြီးအားခံစားနေရသောလူနာများ၏အလှူဖြစ်သလို

ဒီရောဂါဆိုးကြီးကြောင့်ကွယ်လွန်သွားသောကွယ်လွန်သူများအားရည်စူး၍လှူသောအလှူ ၇ရက်သားသမီးအပေါင်းသူတော်ကောင်းတို့၏အလှူပင်ဖြစ်ပေသည် ဤကောင်းမှု့ကြောင့်လက်ရှိကျရောက်နေသော

ကပ်ဆိုးကြီးများဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့မှကင်းဝေးကြစေပြီး Covid19ရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများနှင့် အခြားခြားသောရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများ ဤအောက်ဆီဂျင်လှူဒါန်းရသောကောင်းမှု့တို့ကြောင့်

မြင့်မြတ်ရာဘုံဘဝသို့ရောက်ရှိကြပါစေ ကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြ၍ အားလုံးကျန်းမာလို့ချမ်းသာကြပါစေ🙏🙏🙏🙏🙏” လို့ ထူးခန့်ကျော် က သူရဲ့ လူမှုကွန်ယက် မှာ မျှဝေရေးသားထားပါတယ်။ HtooKhantKyaw

(Visited 10 times, 1 visits today)