ပဲခူးမြို့အတွက် ဝမ်းသာစရာ သတင်းပါ … ပဲခူးမြို့ အောက်စီဂျင်အတွက် ပူစရာမလိုတော့ပါ

ပဲခူးမြို့အတွက် ဝမ်းသာစရာပါ ” မခက်တော့ပီ Oxygen အခုရောက်ပြီ”

ပဲခူး ဇူလိုင် ၁၅ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ ဇူလိုင်လ (၁၅)ရက်နေ့၊

နံနက်(၉)နာရီအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ UK Made, ကျပ်သိန်း(၃၅၀၀)တန်

Oxygen Plant စက်သစ်ကြီး ရောက်ရှိလာပြီဖြစ်ပြီး (၂)ရက်အတွင်း အပြီး တပ်ဆင်သွားမည်ဖြစ်ကာ

မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်သည်။

အဆိုပါ Oxygen Plant စက်သစ်ကြီးသည် တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၆၀)ခန့်

ထွက်ရှိ မည်ဖြစ်ကြောင်းနှင့် ခရိုင်မြို့ကြီးများဖြစ်သော သာယာဝတီမြို့၊ တောင်ငူမြို့ တို့တွင်လည်း

Oxygen Plant စက်သစ်ကြီးများ တပ်ဆင်နိုင်ရေး မှာယူထားပြီးဖြစ်ကြောင်း သိရှိရသည်။ တင်စိုး(ပဲခူး)

(Visited 7 times, 1 visits today)