အမြတ်တနိုးဝယ်ပြီးစီးနေတဲ့ Kawasaki Vulcan အသစ်နဲ့ နောက်တစီကို အောက်စီဂျင်နဲ့လဲပြီး လှုမယ့် ရှားပါးလူငယ်လေး

မင်္ဂလာပါ စာဖတ်သူတို့ ခင်ဗျာ …

ဒီတခါတော့ အရမ်းကို လေးစားဖွယ် စိတ်ထားရှိတဲ့ လူငယ်လေးတစ်ဦးရဲ့ အလှုကို တင်ပြပေးချင်ပါတယ် …

သူဟာ ကို ဗစ် ကာလမှာ ပြည်သူတွေ အောက်စီဂျင်လိုအပ်ချက် မြင်မားနေတာကို သူနိုင်တဲ့ဘက်ကနေ ပါဝင်လှုတန်းတာပဲ ဖြစ်ပါတယ်

သူက ” အခု ပုံပါ ဆိုင်ကယ် နှစ်စီးသည် ကျွန်တော် ၏ ကိုယ်ပိုင် ပစ္စည်း ဖြစ်ပြီး

အဲ့ဆိုင်ကယ် နှစ်စီး လုံး ၏ တန်ဖိုးနဲ့ ညီမျှတဲ့ အောက်စီဂျင် အိုး များနဲ့ လဲ ချင်ပါတယ်ဗျာ

ကျွန်တော် အောက်စီဂျင် လိုအပ်တဲ့ သူများ ကို လှူဒါန်းချင်လို့ပါဗျာ

ကျွန်တော် က ဆိုင်ကယ်ကို ချစ်တဲ့သူတစ်ယောက်ပါ ကျွန်တော် ပိုက်ဆံ မလိုချင်ပါ

ကျွန်တော် အခုလို ပို့မျိုးက ကျွန်တော့် ဘဝ မှာ ပထမ ဆုံးပါ

ဆိုင်ကယ်ချစ်သူတစ်ယောက်ပါ

Kawasaki Vulcan သည် ကျွန်တော် အသစ် ဆက်ဆက်ဝယ်ထားတာပါ UMG Company ကပါ

ဆိုင်ကယ် နှစ်စီး လုံးသည် လိုင်စင် ဘီးတွေပါဗျ

ကူညီနိုင်တဲ့ သူများ ကူညီပေးကျပါဗျာ အောက်စီဂျင်လိုအပ်တဲ့ သူများကို” ကို ဆိုပြီး ရေးသားလာတာဖြစ်ပါတယ်

ဆိုင်ကယ် ချစ်သူတယောက်အနေနဲ့ သူမြတ်နိုးလှတဲ့ တန်ဖိုးကြီး ဆိုင်ကယ်တွေကို အောက်စီဂျင်နဲ့လဲပြီး လှုတန်းတဲ ညီလေးတို့ မိသားစု

ဘေးဘယာ ဝေးကွားပြီး ဘဝတလျောက်လုံး ပန်းခက်းသော လမ်းကိုသာ လျောက်လှမ်းရပါစေကွာ … လောကမှာ မြတ်နိုးလှတဲ့ အရာတခုကို စွန့်လွှတ်ဖို့ဆိုတာ

သူတော်ကောင်းတွေ ပါရမီရင့်သန်သူတွေသာ လုပ်နိုင်တာမို့ ရင်ထဲကနေ လှိုက်လှိုက်လဲလဲ သာဓု သာဓု သာဓု … အကြိမ် ကြိမ် ခေါ်နေမိပါတယ်ညီရေ …

(Visited 12 times, 1 visits today)