ခြင်္သေ့ရုပ်ထုပါးစပ်ထဲမှာ မြတ်ပင် ပေါက်နေတာများတွေ့ရင် အမြန် နှုတ်ယူပါ

ခြင်္သေ့ရုပ်ထုပါးစပ်ထဲမှာ မြတ်ပင် ပေါက်နေတာများတွေ့ရင် အမြန် နှုတ်ယူပါ

ရှေးဟောင်းဘုရားတွေ ရောက်တဲ့အခါ ဘုရားကျောင်းဆောင်တွေရဲ့ အနားက ခြင်္သေ့ရုပ်ထုတွေကို သေချာကြည့်ကြပါ ပါးစပ်ထဲ မြတ်ပင် ပေါက်နေတာများတွေ့ခဲ့ရင် အမြန် နှုတ်ယူပါ အလွန်ကို အစွမ်းရှိပါတယ်နှုတ်မှာငုံပြီး စကားပြော ပြောသမျှအောင်ပါတယ်

နောက်တစ်ခုက ဘယ်ညောင်ပင်ပဲဖြစ်စေ ညောင်ပင်ကြီးအောက် ညောင်ပင်အငယ်ပေါက်စလေး တွေ့တာနဲ့အချိန် မဆိုင်းပါနဲ့ ချက်ချင်းနှုတ်ယူပါ ဘုရားညောင်ရေအိုးရေနဲ့သွေးပြီး ကြည့်ရင် အမြင်ဓာတ်ရပါတယ်

ပေါက်ပင်တစ်ပင်ရဲ့ အရှေ့ဘက်တည့်တည့် ကျီပေါင်းများတွေ့ပါက အမြန် ဖျတ်ယူပါ မိမိမွေးနေ့တိုင်း သွေးသောက်ပါ ပီယ အောင်ပါတယ်

အိမ်မြှောင်အမြီး ၂ခွ ပီယ သိဒ္ဓိ

အိမ်မြှောင်အမြီး ၂ခွ ရှိသောအိမ်ဟာ လဘ်လာဘ အလွန်ပွင့်ပါတယ် ဒါအပြင် အဆိပ်ရှိသတ္တဝါများလည်း မလာကြပါ ဖဲလည်းနိုင်ပါတယ် ပြစ်ချက်တခုက ကိုယ့်စိတ်ကို ထိန်းရခက်တာပါပဲ အဆောင်အနေနဲ့ဆောင်မယ်ဆိုပါက ပံ့သကူ အသေကို အခြောက်လှမ်း အပ်ချည်မျှင် ရပင်နဲ့ အသက်အောင့်၍ ပက်ပါ ပြီးရင်ဆောင်ထားရုံပါပဲ

သစ်ကွင်း

သစ်ကွင်းဆိုတိုင်း ကောင်းကျိုး ပေးသည်ဟု မထင်ပါနဲ့ ဆူးပါသော အပင် နဲ့ခါးသောအပင်တို့မှရသော သစ်ကွင်းများကို အိမ်မှာ ချိတ်ဆွဲမိပါက မွဲပြာကျရုံမက လုပါ ဒုက္ခတွေ့နိုင်ပါတယ် ဒါကြောင့် သေချာစီစစ်ဖို့လိုအပ်ပါတယ် ဒါမှသာ ရန်အန္တရာယ်များ နည်း၍ လာဘ်လာဘများပွင့်လန်းမှာ ဖြစ်ပါတယ်

ကျောက်လိပ်

ကျောက်လိပ် ဆို တာ လိပ်ပုံစံ အသေချာ မတူပါ အနည်းငယ်တူရုံမျှနဲ့ပင် စွမ်းပါတယ် ကျောက်ရေကန်လေးနဲ့ထားပေးရတယ် အနားမှာ ပေါက်ပေါက်ပွင့်ကျွေးရပါတယ် အိမ်အဝင် တံခါးဘက်ကို ခေါင်းလှည့်ရပါတယ် ဒါဆို လဘ်လာဘ အလွန်ပွင့်ပါတယ်…ကျောက်လိပ်ရှိပါလျှက် မွဲတေနေပါက ခေါင်းကိုပြောင်းပြန်ထားမိသောကြောင့်ပါ

လက်ဝဲနွယ်ပင်အစွမ်း

မည်သည့်နွယ်ပင်ဖြစ်စေ လက်ဝဲဘက်ပက်၍ ရစ်တက်နေသော နွယ်ပင်တို့သည် များစွာ အသုံးထည့်ပါသည် တောင်တန်းဒေသ များတွင် များစွာတွေ့ရ တက်သလို မဲဇာတော တွင်လည်း တွေ့ခဲ့ဖူးပါသည်။ လက်ဝဲနွယ်ပင်သည် အမျိုးသားများ ဆောင်ထားသင့်ပါ၏ အချစ်ရေး အလွန်းစန်းပွင့်သော အဆောင်တစ်ခုပါ အမ်ျိုးသမီးများဆောင်ပါက သိပ်မစွမ်းပါ ရ ရှိခဲ့ပါက အမွှေးနံ့သာများပတ်ဖျန်း၍ ဆောင်ထားနိုင်ပါတယ် စီးပွားလာဘ်လာဘလည်း တိုးတက်ပါတယ်

သပိတ်လွယ်ငှတ်

သပိတ်လွယ်ငှတ်ကို မြင်ဖူးသူ ရှားကြလိမ့်မယ်လို့ထင်မိပါတယ် ကျွန်တော် တခါပဲမြင်ဖူးခဲ့တာပါ သူက ထူးဆန်းတာက သာမန်သစ်ပင်တွေပေါ်ကို မအိပ်တက်တာပါပဲ သူအိပ်တဲ့သစ်ပင်ကိုတွေ့ခဲ့ရင်တော့ ကံထူးတာပါပဲ အဲဒီအပင်ရဲ့အသားကိုမိမိလက်သူကြွယ်ခန့် တိုင်း၍ဖြတ် အိမ်မှာ ဘုရားထု ကိုးကွယ်ပါ မြန်စွာကြီးပွားပါလိမ့်မယ်

ဒိထက်နည်းသိချင်ရင် သူ့ကိုအမိဖမ်း ကြိုးခပ်တိုတိုပဲထားပြီး မြေပြင်ပေါ် ထား သူကြာကြာနေတဲ့နေရာရဲ့အောက်မှာ ရတနာပစ္စည်း ရှိတယ်လို့ မှတ်သားဖူးပါတယ်

ဖဲမှော်

သရဲတစ္ဆေတွေနဲ့ မလုပ်ရပါဘုူး ဒါပေမယ့် ငရဲတော့ကြီးလှတယ်ဗျာ ဗဟုသုတ အနေနဲ့ မှတ်ချင်မှတ်ထားပေါ့ မြွေအသေးတစ်ကောင်က ဖားတကောင်ကို မြိုနေချိန် ပြီးခါနီးမှာ မြွေခေါင်းကို ဓားနဲ့ဖြတ်ရမှာပါ မြွေလည်းသေ ဖားလည်းသေပေါ့

အဲဒီအနေအထားအတိုင်း မပုပ်ပဲ မြန်မြန်ခြောက်သွားအောင် ပြုလုပ်ပြီး ဆောင်ထားရုံပါပဲ မသာဖဲဝိုင်းမရိုက်ရပါ တခြားဝိုင်း ကြိုက်သလိုရိုက် နိုင်ပါလိမ့်မယ် နိုင်သမျှရဲ့ ၃ပုံတပုံကို အမြဲတမ်း လမ်း၎ခွ နေရာမှာ စွန့်ပစ်ရမှာပါ

ဗဟုသုတ အလို့ငှာ တင်လိုက်ပါတယ်…နေမင်းသူရ