ဘိုေကသေပးျပီးတဲ႕ေနာက္ ရူပါထြက္လာျပီး အလုပ္ပါရသြားတဲ႕ အိမ္ေျခရာမဲ႕တစ္ဦး၏ အျဖစ္

ဆံပင္ညႇပ္လိုက္ၿပီးေနာက္ လူရာဝင္ၿပီး အလုပ္ပါရသြားခဲ့တဲ့ အိမ္ေျခယာမဲ့တစ္ဦး

အိမ္ေျခယာမဲ့ အမ်ိဳးသားရဲ့ဆံပင္ညႇပ္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ ဘဝအေျခအေနေတြကို စာဖတ္သူတို့အတြက္ ေဝမၽွေပးလိုက္ပါတယ္ေနာ္ ။ ျဖစ္စဥ္ကေတာ့ Kiet Duy Nguyen အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ

လမ္းမေပၚမွာ မေမၽွာ္လင့္ထားတဲ့ အိမ္ေျခမဲ့တစ္ဦးကိုေတြ႕ရွိခဲ့ၿပီး ၊ ေခၚေဆာင္သြားခဲ့ၿပီးေနာက္ အစားအေသာက္ေတြေကၽြးၿပီး ဆံပင္ပါညႇပ္ေပးခဲ့ပါတယ္ ။ ဆံပင္ညႇပ္ၿပီးေနာက္မွာေတာ့ လုံးဝ လူႀကီးလူေကာင္ပုံစံသို့ ေျပာင္းလဲသြားခဲ့ပါတယ္ ။ ဒါ့အျပင္ သူ႔ရဲ့ social media မွာ

အဆိုပါအိမ္ေျခမဲ့တစ္ဦးရဲ့အျဖစ္ကို ေဝမၽွခဲ့ၿပီး အလုပ္တစ္ခုေပးဖို့ကိုပါ ေတာင္းဆိုေပးခဲ့ပါတယ္ ။ေနာက္တစ္ရက္မွာပဲ အိမ္ေျခမဲ့ဟာ တိတ္တဆိတ္ Kiet ရဲ့ေနအိမ္ကေန ထြက္ခြာသြားခဲ့ပါတယ္ ။ Kiet ကေတာ့ အနည္းငယ္စိုးရိမ္ပူပန္ခဲ့ၿပီး အိမ္ေျခမဲ့အတြက္ လုံျခဳံစိတ္ခ်ရတဲ့အျဖစ္ကိုသာ ေမၽွာ္လင့္ေနခဲ့လို့ ၊

အိမ္ေျခမဲ့ကို ေတြ႕ရွိခဲ့ရင္ သူ႔ကိုဆက္သြယ္ေပးဖို့ လူအေတာ္အမ်ားကို အကူအညီေတာင္းခံခဲ့ပါတယ္ ။ ရက္အေတာ္ၾကာတဲ့အခ်ိန္ေရာက္မွ အိမ္ေျခမဲ့ဟာ အလုပ္အကိုင္လိုက္လံရွာေဖြေနခဲ့ေပမဲ့ လုံးဝအဆင္မေျပေနဘူး ဆိုတဲ့သတင္းကို Kiet က ၾကားသိသြားခဲ့ရပါတယ္ ။

ထို့ေၾကာင့္ Kiet ဟာ အိမ္ေျခမဲ့ကို ခ်က္ခ်င္းသြားေခၚၿပီး ေနအိမ္မွာ ထမင္းေကၽြးေမြးဧည့္ခံကာ အလုပ္အကိုင္အသစ္တစ္ခုကိုပါ ရွာေဖြေပးခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ အိမ္ေျခမဲ့ဟာ ကား ေရေဆးဆီလိုက္ဆိုင္မွာ အလုပ္အကိုင္ရရွိခဲ့ၿပီး

ေနေရး ၊ စားေရးပါ လုံးဝအဆင္ေျပေနခဲ့ၿပီး အိမ္ေျခယာမဲ့မဟုတ္ေတာ့ဘဲ တရားဝင္အလုပ္အကိုင္ရရွိေနခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္ ။ Credit-Jasmine (Mckzone Daily)

uni code – ဆံပင်ညှပ်လိုက်ပြီးနောက် လူရာဝင်ပြီး အလုပ်ပါရသွားခဲ့တဲ့ အိမ်ခြေယာမဲ့တစ်ဦး

အိမ်ခြေယာမဲ့ အမျိုးသားရဲ့ဆံပင်ညှပ်ပြီးနောက် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်နော် ။ ဖြစ်စဉ်ကတော့ Kiet Duy Nguyen အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ

လမ်းမပေါ်မှာ မမျှော်လင့်ထားတဲ့ အိမ်ခြေမဲ့တစ်ဦးကိုတွေ့ရှိခဲ့ပြီး ၊ ခေါ်ဆောင်သွားခဲ့ပြီးနောက် အစားအသောက်တွေကျွေးပြီး ဆံပင်ပါညှပ်ပေးခဲ့ပါတယ် ။ ဆံပင်ညှပ်ပြီးနောက်မှာတော့ လုံးဝ လူကြီးလူကောင်ပုံစံသို့ ပြောင်းလဲသွားခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ social media မှာ

အဆိုပါအိမ်ခြေမဲ့တစ်ဦးရဲ့အဖြစ်ကို ဝေမျှခဲ့ပြီး အလုပ်တစ်ခုပေးဖို့ကိုပါ တောင်းဆိုပေးခဲ့ပါတယ် ။နောက်တစ်ရက်မှာပဲ အိမ်ခြေမဲ့ဟာ တိတ်တဆိတ် Kiet ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ် ။ Kiet ကတော့ အနည်းငယ်စိုးရိမ်ပူပန်ခဲ့ပြီး အိမ်ခြေမဲ့အတွက် လုံခြုံစိတ်ချရတဲ့အဖြစ်ကိုသာ မျှော်လင့်နေခဲ့လို့ ၊

အိမ်ခြေမဲ့ကို တွေ့ရှိခဲ့ရင် သူ့ကိုဆက်သွယ်ပေးဖို့ လူအတော်အများကို အကူအညီတောင်းခံခဲ့ပါတယ် ။ ရက်အတော်ကြာတဲ့အချိန်ရောက်မှ အိမ်ခြေမဲ့ဟာ အလုပ်အကိုင်လိုက်လံရှာဖွေနေခဲ့ပေမဲ့ လုံးဝအဆင်မပြေနေဘူး ဆိုတဲ့သတင်းကို Kiet က ကြားသိသွားခဲ့ရပါတယ် ။

ထို့ကြောင့် Kiet ဟာ အိမ်ခြေမဲ့ကို ချက်ချင်းသွားခေါ်ပြီး နေအိမ်မှာ ထမင်းကျွေးမွေးဧည့်ခံကာ အလုပ်အကိုင်အသစ်တစ်ခုကိုပါ ရှာဖွေပေးခဲ့ပါတယ် ။ ယခုချိန်မှာတော့ အိမ်ခြေမဲ့ဟာ ကား ရေဆေးဆီလိုက်ဆိုင်မှာ အလုပ်အကိုင်ရရှိခဲ့ပြီး

နေရေး ၊ စားရေးပါ လုံးဝအဆင်ပြေနေခဲ့ပြီး အိမ်ခြေယာမဲ့မဟုတ်တော့ဘဲ တရားဝင်အလုပ်အကိုင်ရရှိနေခဲ့ပြီဖြစ်ကြောင်း သိရပါတယ် ။ Credit-Jasmine (Mckzone Daily)

(Visited 1 times, 1 visits today)