သားနှစ်ယောက်နဲ့အတူ ဟိုဒင်းကားတွေကြည့်ပြီး ခုတင်ပေါ်က သိသင့်တာတွေ သင်ပေးတယ်ဆိုတဲ့ အင်ဒိုကမိခင်တစ်ယောက်

ဟိုဒင်းကားတွေကို သားနှစ်ယောက်နဲ့အတူကြည့်ပြီး ခုတင်ပေါ်က သိသင့်တာတွေ သင်ပေးတယ်ဆိုတဲ့ အင်ဒိုကမိခင်တစ်ယောက်

အင်ဒိုနီးရှားနိုင်ငံက နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Yuni Shara က သူမရဲ့သားဖြစ်သူတွေကို ခုတင်ပေါ်က ကိစ္စနဲ့ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သင်ကြားသိရှိစေဖို့အတွက် သားဖြစ်သူတွေနဲ့အတူတူ ဟိုဒင်းရုပ်ရှင်တွေကို ကြည့်ရှုလေ့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိပြိဖြစ်တဲ့ Yuni က သူမအနေနဲ့ တားမြစ်မယ့်အစား ကလေးတွေနဲ့အတူ ကြည့်ရှုပြီး သင်ကြားမှုတွေပြုလုပ်ပေးခဲ့တယ်လို့ လူသိရှင်ကြားဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။

နာမည်ရင်း Wahyu Setyaning Budi ဖြစ်တဲ့ Yuni က သူမအနေနဲ့ ခေတ်မနောက်ကျချင်ဘူးလို့ ပြောဆိုခဲ့ပြီး သားဖြစ်သူတွေကိုလည်း ပိုမိုပွင့်လင်းမြင်သာရှိစေဖို့ကိုသာ အားပေးတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့သားဖြစ်သူတွေက ယောက်ျားလေးတွေနဲ့အတူ ကြည့်ရတာ ပျော်စရာကောင်းလားလို့တောင် ပြန်မေးခဲ့တယ်လို့လည်း သူမက အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

“သူတို့ကို ကျွန်မကမေးရင်ကောင်းမယ်လို့လည်း ကျွန်မတွေးခဲ့မိတယ်၊ ဒီလိုအတူတူကြည့်ရတာကို ဘယ်လိုထင်သလဲပေါ့၊ ဒါက အေးဆေးပဲလားဆိုပြီးတော့ပေါ့၊ အဲဒီလိုမေးလိုက်ရင် သူတို့က ဒီလိုမျိုးတော့မလုပ်ပါနဲ့ဆိုပြီး ပြောပါလိမ့်မယ်” လို့

သူမကဆိုပါတယ်။ သူမရဲ့ ညီမဖြစ်သူ Kris Dyanti ကလည်း အစ်မဖြစ်သူရဲ့ အုပ်ထိန်းပုံကို သဘောကျချီးကျူးခဲ့ပြီး ယောက်ျားလေးတွေအနေနဲ့ သင့်လျော်တဲ့ -ိင်ဆက်ဆံမှုတွေပြုလုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ခံခဲ့ပါတယ်။

စိတ်ပညာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Agstried Piether ကလည်း အင်ဒိုနီးရှားသတင်းဌာန Antara ကို ဒီအမေနဲ့ သားနှစ်ဦးရဲ့ အတူတကွကြည့်ရှုမှုဟာ “မှန်ကန်တဲ့အရာ” ဖြစ်တယ်လို့ ပြောပါတယ်။

“ကလေးတွေ ဟိုဒင်းရုပ်ရှင်တွေကြည့်တာကို မြင်တွေ့ရချိန်မှာ ကျွန်တော်တို့အနေနဲ့ သက်တောင့်သက်သာမဖြစ်တာမျိုး မဖြစ်ရပါဘူး၊ ဒေါသလည်းမထွက်သင့်ပါဘူး ဘာလို့လဲဆိုတော့ သူတို့က နောက်တစ်ကြိမ်ကျ ခိုးကြည့်ပါလိမ့်မယ်”

“ဒီလိုမျိုးဆွေးနွေးမှုကနေ မိဘတွေက ကလေးတွေကို -ိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အခြေခံသိထားသင့်တဲ့အချက်တွေကို အထောက်အကူပေးနိုင်ပြီး အသိပညာလည်း မျှဝေပေးနိုင်ပါတယ်၊ ဟိုဒင်းရုပ်ရှင်တွေကို အခြေမခံပဲနဲ့ပေါ့” လို့ သူကပြောပါတယ်။

ဒါပေမယ့်လည်း ထုံးစံအတိုင်း ဒီအပေါ်မှာ မနှစ်ခြိုက်သူတွေလည်း ရှိနေပြီး လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ေ-ာက်ကျိုးနည်းကြီးပါလား” လို့ ရေးသားခဲ့ကာ အခြားတစ်ဦးကလည်း “တချို့ခရီးတွေက တစ်ဦးတည်းသွားတာမျိုးပဲဖြစ်သင့်တယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

-ိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေဟာ အာရှယဉ်ကျေးမှုအချို့နဲ့ သဟဇာတဖြစ်မှုမရှိတဲ့ ခေါင်းစဉ်တစ်ခုအဖြစ်ရှိနေပါတယ်။ အထူးသဖြင့် အစ္စလာမ်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံအတွက်တော့ ဒီလိုကိစ္စရပ်တွေဟာ အငြင်းပွားစရာတစ်ခုအဖြစ် ရှိနေနိုင်ပြီး ရှေးရိုးစွဲလူတွေအတွက်တော့ လက်သင့်ခံနိုင်စရာကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမယ့် Yuni ကတော့ “ကျွန်မကလေးတွေကို ပွင့်လင်းစေချင်တယ် ကလေးတွေက ဟိုဒင်းကားတွေမကြည့်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ anime ဒါမှမဟုတ် တခြားအမျိုးအစားတွေလည်း သူတို့ကြည့်မှာပဲ၊ ဒီအတွက် သူတို့ကို အဲဒီကနေ အယူအဆအမှားတွေ မဖြစ်စေချင်ဘူး” လို့ သူမက အခိုင်အမာပြောဆိုခဲ့ပါတယ်။ credit TheRiverNewsTRN

(Visited 36 times, 1 visits today)