“သူရဲေကာင္းဆန္စြာ ၁၂ လႊာတိုက္ခန္းမွ ျပဳတ္က်လာတဲ့ ၃ႏွစ္အ႐ြယ္ ကေလးငယ္ကို ကယ္တင္ေပးခဲ့တဲ့ အမ်ိဳးသား”

သူရဲေကာင္းဆန္စြာ ၁၂ လႊာတိုက္ခန္းမွ ျပဳတ္က်လာတဲ့ ၃ႏွစ္အ႐ြယ္ ကေလးငယ္ကို ကယ္တင္ေပးခဲ့တဲ့ အမ်ိဳးသား

ေဖေဖာ္ဝါရီ ၂၈ ရက္ ညေနပိုင္းမွာ ဗီယက္နမ္ႏိုင္ငံ Thanh Xuan ခ႐ိုင္ရွိ အိမ္ခန္းတြဲ တိုက္တန္းအလႊာ ၁၂ ထပ္ရွိ NPH ဟုလူသိမ်ားတဲ့ တိုက္ခန္းရဲ႕လသာေဆာင္ဘက္မွာ သုံးႏွစ္အ႐ြယ္ကေလးငယ္တစ္ေယာက္ တြဲေလာင္းခ်ိတ္ဆြဲေနတဲ့ အျဖစ္အပ်က္ကို

ေဒသခံမ်ားက ျမင္ေတြ႕ရၿပီးေနာက္ ေအာ္ဟစ္ကာ အကူအညီေတာင္းခံခဲ့ၾကပါတယ္။၎တိုက္ခန္းရဲ႕ေျမညီထပ္မွာ သူ႔ရဲ႕ေဖာက္သည္ကိုေစာင့္ေနတဲ့ Nguyen Ngoc Manh အမည္ရွိ ပို႔ေဆာင္သူအမ်ိဳးသားတစ္ဦးဟာ

ထိုေအာ္ဟစ္သံမ်ားေၾကာင့္ တိုက္ခန္းေပၚရွိလသာေဆာင္ဘက္မွာ တြဲေလာင္းခ်ိတ္ဆြဲေနတဲ့ ကေလးငယ္ကို သတိျပဳမိၿပီးေနာက္ Manh ဟာ တိုက္ခန္းေျမညီထပ္ရွိ သတၱဳေခါင္မိုးေပၚသို႔ တက္ခဲ့ပါတယ္။

သို႔ေပမဲ့ ေခါင္မိုးကေခ်ာေနတာေၾကာင့္ Manh ဟာ ေျခေလွ်ာ္က်သြားခဲ့ပါတယ္။တစ္ခ်ိန္တည္းမွာပင္ တြဲေလာင္းခ်ိတ္ေနတဲ့ ကေလးငယ္ ရဲ႕ခိုင္ၿမဲစြာဆုပ္ကိုင္ထားတဲ့ လက္တစ္ဖက္ကလည္း လႊတ္က်သြားၿပီးေနာက္

ထိုကေလးငယ္လည္း ေအာက္သို႔ျပဳတ္က်လာတဲ့အခ်ိန္မွာ Manh ဟာ သူရဲ႕လက္ျဖင့္ ထိုကေလးငယ္ကို လ်င္ျမန္စြာဖမ္းဆုပ္ထားႏိုင္ခဲ့ၿပီးေနာက္ ခ်က္ခ်င္း ကေလးငယ္ကို လွမ္းဆြဲဖက္ကာ ေျမႀကီးေပၚသို႔ ျပဳတ္က်သြားခဲ့ၾကပါတယ္။

ထိုကေလးငယ္ရဲ႕ ပါးစပ္ထဲမွေသြးမ်ား ထြက္လာတယ္လို႔ Manh က ဆိုခဲ့ပါေသးတယ္။ VN Express မွေျပာၾကားခ်က္အရ ထိုကေလးငယ္ေလးကို စစ္ေဆးၾကည့္ရာ သူ႔ရဲ႕တင္ပါးဆုံ႐ိုးသာ အဆစ္လြဲသြားေၾကာင္း သိရပါတယ္။ ထိုအျဖစ္အပ်က္ေၾကာင့္ Manh ရဲ႕လက္ေမာင္းႂကြက္သားလည္း အဆစ္လႊဲသြားခဲ့ရပါတယ္။

Manh ဟာ သူရဲေကာင္းတစ္ဦးျဖစ္ၿပီး လူမ်ိဳးတစ္မ်ိဳးလုံးက Manh ရဲ႕ သူရဲေကာင္းႀကိဳးပမ္းမႈမ်ားအတြက္ သူ႔ကိုခ်ီးမြမ္းခဲ့ၾကၿပီးေနာက္ ကေလးငယ္ ႏွင့္ Manh လ်င္ျမန္စြာ ျပန္လည္နာလန္ထူႏိုင္ဖို႔လည္း ဆုေတာင္းေပးေနခဲ့ၾကပါတယ္။ Credit

သူရဲကောင်းဆန်စွာ ၁၂ လွှာတိုက်ခန်းမှ ပြုတ်ကျလာတဲ့ ၃နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသား

ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံ Thanh Xuan ခရိုင်ရှိ အိမ်ခန်းတွဲ တိုက်တန်းအလွှာ ၁၂ ထပ်ရှိ NPH ဟုလူသိများတဲ့ တိုက်ခန်းရဲ့လသာဆောင်ဘက်မှာ သုံးနှစ်အရွယ်ကလေးငယ်တစ်ယောက် တွဲလောင်းချိတ်ဆွဲနေတဲ့ အဖြစ်အပျက်ကို

ဒေသခံများက မြင်တွေ့ရပြီးနောက် အော်ဟစ်ကာ အကူအညီတောင်းခံခဲ့ကြပါတယ်။၎င်းတိုက်ခန်းရဲ့မြေညီထပ်မှာ သူ့ရဲ့ဖောက်သည်ကိုစောင့်နေတဲ့ Nguyen Ngoc Manh အမည်ရှိ ပို့ဆောင်သူအမျိုးသားတစ်ဦးဟာ

ထိုအော်ဟစ်သံများကြောင့် တိုက်ခန်းပေါ်ရှိလသာဆောင်ဘက်မှာ တွဲလောင်းချိတ်ဆွဲနေတဲ့ ကလေးငယ်ကို သတိပြုမိပြီးနောက် Manh ဟာ တိုက်ခန်းမြေညီထပ်ရှိ သတ္တုခေါင်မိုးပေါ်သို့ တက်ခဲ့ပါတယ်။

သို့ပေမဲ့ ခေါင်မိုးကချောနေတာကြောင့် Manh ဟာ ခြေလျှော်ကျသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပင် တွဲလောင်းချိတ်နေတဲ့ ကလေးငယ် ရဲ့ခိုင်မြဲစွာဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကလည်း လွှတ်ကျသွားပြီးနောက်

ထိုကလေးငယ်လည်း အောက်သို့ပြုတ်ကျလာတဲ့အချိန်မှာ Manh ဟာ သူရဲ့လက်ဖြင့် ထိုကလေးငယ်ကို လျင်မြန်စွာဖမ်းဆုပ်ထားနိုင်ခဲ့ပြီးနောက် ချက်ချင်း ကလေးငယ်ကို လှမ်းဆွဲဖက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ကြပါတယ်။

ထိုကလေးငယ်ရဲ့ ပါးစပ်ထဲမှသွေးများ ထွက်လာတယ်လို့ Manh က ဆိုခဲ့ပါသေးတယ်။ VN Express မှပြောကြားချက်အရ ထိုကလေးငယ်လေးကို စစ်ဆေးကြည့်ရာ သူ့ရဲ့တင်ပါးဆုံရိုးသာ အဆစ်လွဲသွားကြောင်း သိရပါတယ်။ ထိုအဖြစ်အပျက်ကြောင့် Manh ရဲ့လက်မောင်းကြွက်သားလည်း အဆစ်လွှဲသွားခဲ့ရပါတယ်။

Manh ဟာ သူရဲကောင်းတစ်ဦးဖြစ်ပြီး လူမျိုးတစ်မျိုးလုံးက Manh ရဲ့ သူရဲကောင်းကြိုးပမ်းမှုများအတွက် သူ့ကိုချီးမွမ်းခဲ့ကြပြီးနောက် ကလေးငယ် နှင့် Manh လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ဖို့လည်း ဆုတောင်းပေးနေခဲ့ကြပါတယ်။ Credit

(Visited 4 times, 1 visits today)