ပိုင်ဖြိုးသုရဲ့ စိတ်ဓါတ်ကတော့ ပြတ်သားလွန်းပါတယ်ဗျာ သူမပြောထားတာတွေ ဖတ်သာကြည့်တော့

မင်္ဂလာပါ စာဖတ်သူတို့ရေ …

ပိုင်ဖြိုးသုဟာ အရေးခင်းစထဲက ထဲထဲဝင်ဝင်ပါဝင် လှုပ်ရှားနေတဲ့သူတယောက်ပါ … သူမအပြင် သူမယောက်ျား ဒါရိုက်တာ ဏကြီးဟာလဲ ပါဝင်လှုပ်ရှားခဲ့လို့ လင်မယားနှစ်ယောက်လုံး ၅၀၅ (က) ထုတ်ခံထားရတာပါ

အခုရက်ပိုင်း အခြားအနုပညာရှင်တွေ ၅၀၅ ပြုတ်ပြီး အိမ်ပြန်ခွင့်ရနေပါပြီ … ဒီလို အခြေနေနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက ” ခံစားချက်ကို ဦးစားပေးခဲ့မိလို့ မှားသွားပါတယ် … လို့ခံဝန်လေးထိုးပြီး အိမ်မှာ အေးဆေးပြန်နေရမယ်တဲ့လား …. မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား…. အလုပ်တွေပြန်လုပ်ရမယ်တဲ့လား….

တချို့တွေ အသက်တွေ ပေးသွားကြပြီ… တချို့တွေ ထောင်ထဲရောက်ကုန်ကြပြီ …. တချို့တွေအားလုံးကို ပစ်ချထားခဲ့ပြီး လက်နက်တွေကိုင်နေကြရပြီ…. သူတို့တွေ အိမ်ပြန်လို့ မရကြတော့ဘူး… မိသားစုနဲ့လည်း ကွဲကွာကုန်ကြပြီ….သူတို့ချစ်တဲ့ အလုပ်‌တွေလည်း လုပ်ခွင့်မရကြတော့ဘူး….

အဲဒီ့လူတွေကို ငါရှက်တယ်…. အဖြစ်မရှိသူဆိုတဲ့ ဂုဏ်ပုဒ်‌နဲ့တင် ငါ့အတွက် လုံလောက်ပါပြီ … သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့ အကပ်မခံပါရစေနဲ့ … အရေးတော်ပုံ မအောင်မချင်း ငါအိမ်မပြန်ဘူး! ” ဆိုပြီး သူမရဲ့ သဘောထားကို ရေးသားထားပါတယ်

ယုံကြည်ရာကို ဘာအတွက်နဲ့မှ မတွန့်ဆုတ်တဲ့ ပိုင်ဖြိုးသုရဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကို လေးစားပါတယ်ဗျာ … ပိုင်ဖြိုးသု အမြန် အိမ်ပြန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

(Visited 1 times, 1 visits today)