ရုပ်ရှင်အစည်းအရုံးမှ G L တွေကို မိမိရရပြောလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

မင်္ဂလာပါ စာဖတ်သူတို့ ခင်ဗျာ … သရုပ်ဆောင် မင်းမော်ကွန်းဟာ အရေးခင်းစထဲက ပါဝင်လှုပ်ရှားနေတာ ယနေ့ထိပါပဲ … မင်းမော်ကွန်းဟာ ယနေ့မှာတော့ Black list ကပ်ထားတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသိ​စေရန် ဆိုပြီး စာတစ်ပုဒ်ကို သူ့ရဲ့ အကောင့်ကနေပြီး

” စစ်အစိုးရလက်ထက်ပြန်ကြား​ရေးဝန်ကြီးဌာန လက်​အောက်ခံအဖြစ်က​နေပြီး NGO စစ်စစ်ဖြစ်​အောင်ကြိုးစားထားလို့ အောင်မြင်ပြီးခါမှမကြာ​သေး ခုချက်ချင်းကြီးအာဏာရှင်ပြန်ဖြစ်သွားတာ​တော့ခင်များတို့မရှက်လဲလုပ်ကြ​ပေါ့​လေ​နော်

ကျွန်​တော်တို့က​တော့ ရုပ်ရှင်သမားအများစုဆန္ဒနဲ့မညီပဲ ဘယ်သူ့ဥက္ကဌတင်တင် ဘာစာထုတ်ထုတ် ဘယ်လိုအ​ကြောင်းပြချက်ကိစ္စမျိုးကိုမှ လက်မခံနိုင်တာအမှန်ပါ ဒါ​ကြောင့်နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်

Personal တစ်ခုမှမပါ​ကြောင်းနှင့် အစည်းအရုံးဝင်ဖြစ်ခဲ့သမျှအချိန်​တွေမှာလဲ ကိုယ့်​အချိန်​တွေအစည်းအရုံးကို​ပေးပြီး Fund ရှာ​ပေးခဲ့ရုံကလွဲလို့ဘာတစ်ခုမှ ပြန်ပြီးအကူအညီ​တောင်းခြင်း အကာအကွယ်​ရယူခြင်းကို ဘယ်ဥက္ကဌလက်ထက်မှာမှ ​မရခဲ့မယူခဲ့​မ​တောင်းဆိုခဲ့ပါ နောက်ဆုံး ဦးဇင်ဝိုင်းလက်ထက်အထိပါပဲ

သရုပ်​ဆောင်အလုပ်ကကျွန်​တော့်အသက်ငါးနှစ် ချမ်း​မြေ့ဆိုတဲ့နာမယ်နဲ့က​လေးသရုပ်​ဆောင် ဇတ်ကား​ပေါင်းများစွာရိုက်ခဲ့တဲ့အချိန်ကစပြီး မင်း​မော်ကွန်းဖြစ်လာတဲ့အထိ ခုအသက် ၄၃ နှစ်ထိတန်ဖိုးထားလုပ်ခဲ့တဲ့ ကျွန်​တော့်ပညာရပ်အသက်​မွေးဝမ်း​ကြောင်းပါ

၅၀၅ ရုတ်သိမ်းရင်​တောင် အာဏာရှင်လက်ထက်မှာ​တော့ ပိုက်ဆံဘယ်​လောက်​ပေး​ပေး သူတို့ခွင့်ပြုမှဆင်ဆာ​ပေးမှလုပ်ရမယ့် အနုပညာအလုပ်အားလုံးကို CDM ပါ သူတို့ကိုဆန့်ကျင်တဲ့လှုတ်ရှားမှု​တွေကို​တော့ အနုပညာလက်နက်ကိုကိုင်ဆွဲပြီး ပိုက်ဆံမပါလဲဆက်လုပ်ပါမယ်

အဲ့ဒီ​တော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အာဏာရှင်လက်​အောက်ခံများကိုလည်း အဓိကသိ​စေချင်ပါတယ် ကိုယ့်သ​ဘောနဲ့ကိုနှုတ်ထွက်ပြီး ဘယ်​တော့မှပြန်မဝင်ပါဘူး ခုလိုစာကပ်ထားတာကိုလဲ ​စောက်ဂရုမစိုက်ပါဘူး

လူမှာဂါရဝတရားရှိသင့်တယ်ဆို​ပေမယ့် ​စောက်သုံးမကျတဲ့အ​တွေးအ​ခေါ်​တွေနဲ့ ​စောက်ရှက်နဲတဲ့သတ္တိ​ကြောင်တဲ့​လူကြီး​တွေ မျိုးဆက်​အိုစိတ်ပျက်စရာ GL ​တွေကို​တော့ ကန်​တော့ပါရဲ့ အယ် အီး အီး ပါ ပဲ ” ဆိုပြီး တင်ထားပါတယ်

မင်းမော်ကွန်းရဲ့ ပြတ်သားတဲ့ စိတ်ကို လေးစားမိသလို့ သူချစ်ရတဲ့ မိသားစုနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … စာဖတ်သူ တယောက်ချင်းစီးကိုလဲ ကျေးဇူးအထူးတင်ပါတယ်

စာဖတ်သူအပေါင်း ပျော်ရွှင် ကျန်းမာ ချမ်းသာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ Source – မင်းမော်ကွန်း အကောင့်

(Visited 33 times, 1 visits today)