စာေရးဆရာ အႀကည္ေတာ္ေျပာျပသည့္ ေခတ္အေျခေနႏွင့္ ကိုက္ညီေသာ ” သစ္ပင္ ” ပံုျပင္

သစ္ပင္ပုံျပင္

တစ္ခါက တိုင္းျပည္တစ္ခုတြင္ ထူးဆန္းေသာသစ္ပင္တစ္ပင္ ေပါက္ေရာက္လာသည္။ ထိုသစ္ပင္ သည္ ပိႏၷဲပင္မ်ိဳးျဖစ္ေသာ္လည္း သရက္သီးကဲ့သို့ အသီးမ်ားသီး ထေန ေလသည္။ ထိုအသီး၏ရနံ့မွာ လြန္စြာေမႊးႀကိဳင္ၿပီး တိုင္းျပည္တစ္ခု လုံး ပ်ံ႕ႏွံ့ေနသည္။

ထို့ေၾကာင့္ တိုင္းျပည္ရွိ ျပည္သူ အားလုံးက ထိုအသီး၏အရသာကို ျမည္းစမ္းၾကည့္ခ်င္ေနၾကသည္။ သို့ေသာ္ ထုံးစံအတိုင္း ဤအေလ့က် ေပါက္ေရာက္ေနေသာ သစ္ ပင္ သည္ အမ်ားပိုင္ျဖစ္ေသာ္လည္း ျပည္သူပိုင္အသိမ္းခံရေလသည္။

ျပည္သူပိုင္သိမ္းေတာ့ ဘုရင္ ႏွင့္ အေပါင္းအပါပိုင္ျဖစ္သြားသည္ ေပါ့။ ထိုတိုင္းျပည္တြင္ ျပည္သူပိုင္ ဟု အမည္တပ္ထားသည္မွန္သမၽွ ျပည္သူက ဘယ္ေတာ့မွမပိုင္ဘဲ အုပ္ခ်ဳပ္သူ ဘုရင္ႏွင့္ အေပါင္းအပါ မ်ား ပိုင္ၾကသည္မွာ ထုံးစံပင္။

ထို့ေၾကာင့္ ျပည္သူပိုင္အသုံးျပဳ ရန္ ေခါင္းစဥ္ျဖင့္ ညအခ်ိန္မေတာ္ သစ္ပင္ကို အျမစ္မွတူးယူ၍ နန္း ေတာ္ဝင္းထဲ သယ္ယူသြားၾကသည္။

နန္းေတာ္ဝင္းထဲေရာက္ေသာ အခါ ျပႆနာတက္ေနၾကသည္။ ပုံသဏၬာန္မမွန္ဘဲ ေပါက္ေရာက္ေန ေသာအပင္မွ ပုံသဏၬာန္မမွန္ဘဲ ေပါက္ေရာက္ေနေသာအသီးတို့ မည္သူကမွ မျမည္းစမ္းရဲၾက။ တခ်ိဳ့ ကလည္း အနံ့ကေမႊးႀကိဳင္လြန္းေန၍ ျမည္းစမ္းခ်င္ၾကေသာ္လည္း ေသေစ နိုင္ေသာ အဆိပ္သီးလည္းျဖစ္ေနနိုင္ ၍ မည္သူကမွ မျမည္း စမ္းရဲၾက။

အနံ့ေမႊးလြန္းလို့ ျမည္းစမ္းမွ ဂန္႔ခနဲျဖစ္ကုန္မွာ မည္သူမွမလိုခ်င္။ ထို့ေၾကာင့္

“ေအး..အနံ့ကေတာ့ စားခ်င္ စရာ၊ ရွလြတ္။ ဒါေပမဲ့ အရသာက ဘယ္လိုေနမလဲမသိဘူး”

“ဘုန္းေတာ္ေၾကာင့္ မင္းႀကီး အရင္ျမည္းၾကည့္သင့္ပါတယ္ ဘုရာ့”

ဝန္ႀကီးမ်ားက ေျမႇာက္ေပး သည္။ ဘုရင္လည္း နပ္၏။

“ေခြးေကာင္ေတြ ဒါမ်ိဳးက်ေတာ့ တတ္တယ္။ မင္းတို့ျမည္းၾကပါလား”

ဆိုတာကို ဝန္ႀကီးမ်ားကလည္း လည္သည္။

“အဟီး..ဘုန္းေတာ္ႀကီးေသာ ဘုရင္ႀကီးကိုယ္တိုင္ မျမည္းေသးဘဲ ကၽြန္ေတာ္မ်ိဳးတို့ မျမည္းဝံ့ပါဘုရား။ ေတာ္ၾကာ ဘုန္းေတာ္ေၾကာင့္ မိုးႀကိဳး ပစ္ေနမွျဖင့္”

“ဒါဆို ဘယ္သူ႔ျမည္းခိုင္းရမွာ လဲ”

ဘုရင္၏အေမးကို ဝန္ႀကီးတစ္ ပါးက သူတို့အေပၚမက်ၿပီးေရာ သေဘာျဖင့္

“သတင္းထုတ္ျပန္ေရးကို ေပး ျမည္းသင့္ပါတယ္ဘုရာ့။ သူက သတင္းထုတ္ျပန္ေနက်ပါ ဘုရာ့”

သူ႔အေပၚက်လာေတာ့ ဟိုက လည္းပဲ ေခါင္းကိုခပ္သြက္သြက္ ယမ္းကာ..

“ကၽြန္ေတာ္မ်ိဳးက တစ္ပါးသူ လုပ္ၿပီးမွ အျပဳသေဘာေဆာင္ေသာ သေဘာကို ထုတ္ျပန္ရန္သာ တာဝန္ ရွိပါတယ္ဘုရာ့။ သတင္းထုတ္ျပန္ ေရးက ဘာကိုမွ အတိအက် သိစရာ မလိုပါဘူးဘုရာ့။ ဒါေၾကာင့္ မသင့္ ေတာ္ေၾကာင္းပါဘုရာ့”

တကယ္တမ္းစမ္းသပ္ရမည္ ဆို ေတာ့ မည္သူကမွ တာဝန္မယူၾက။ အားလုံး ေခါင္းခါ၊ ေခါင္းေရွာင္ၿပီး မသိခ်င္ေယာင္ေဆာင္ေနၾကသည္။

“ကဲ..ဒါျဖင့္ ဘယ္လိုလုပ္ မလဲ”

အားလုံး ေခါင္းခ်င္းဆိုင္ကုန္၏။အတန္ၾကာမွ..

“ဒါျဖင့္ ဒီလိုလုပ္။ ျပည္သူေတြ ထဲကတစ္ေယာက္ကို အရင္စမ္းသပ္ ခိုင္းလိုက္မယ္၊ မေကာင္းဘူးလား”

သူ႔စကားကို တျခားဝန္ႀကီးမ်ား က..

“အရသာတအားေကာင္းေန ရင္ ဒီအသီးကို ျပည္သူေတြအရင္ စားဖူးတယ္ဆို တို့ဝန္ႀကီးေတြ သိကၡာ က်မွာေပါ့ ဝန္မင္းကလည္း”

“ဒီအသီးစားၿပီး ေသေတာ့ေရာ”

“ဒါကေတာ့ ျပည္သူက သူ႔ထိုက္ သူ႔ကံနဲ႔ ေသတာ ေသပါေစေပါ့ ဝန္မင္း ကလည္း”

ေၾသာ္..မေတာ္တဆ အသီး ေကာင္းျဖစ္ခဲ့ရင္လည္း သူတို့က အရင္စားခ်င္၊ ေသမယ္ဆိုေတာ့ ျပည္သူကိုေသေစခ်င္။ ဘယ္လိုေဝခြဲ ရမွန္းပင္မသိ။ အတန္ၾကာမွ ဘုရင္ က အေတြးေပါက္ၿပီး

“ဒီလိုလုပ္။ ခုနကေျပာတဲ့ အတိုင္း ျပည္သူကို အရင္ျမည္းခိုင္း မယ္”

“ေကာင္းေနရင္”

“ခါတိုင္းလိုပဲ အဲဒီေကာင္ကို ေရွာ့ခ္လိုက္ၿပီး ဘယ္သူမွမစားဖူး သလိုလုပ္႐ုံေပါ့”

“ေသရင္ေရာ၊ ေသရင္ေတာ့ ေစတနာနဲ႔ လက္ေဆာင္ျပန္ေပးတာ ေပါ့ကြာ၊ ဟုတ္ဘူးလား”

“ေဟး….”

ဝန္ႀကီးမ်ား ဝမ္းသာသြားၾက သည္။

“ဟုတ္တယ္။ ျပည္သူပိုင္ဆိုတာ ေကာင္းေနရင္ ဘုရင့္ဘ႑ာ၊ ဆိုးေန ရင္ ပုဂၢလိကပိုင္၊ သုံးစားမရရင္ ေတာ့ ျပည္သူေတြ တကယ္ပိုင္ေပါ့။

ဟုတ္ဘူးလား။ ေဟး…ေပ်ာ္တယ္ ေဟ့”

ဤသို့ျဖင့္ ျပည္သူပိုင္သစ္သီး ကို ပထမဆုံးစားသုံးရန္ ျပည္သူ တစ္ဦးကို ေခၚလာၾကေလသည္။ ကံဆိုးသူေမာင္ရွင္ကား ေရာက္ၿပီ။

“ကိုင္း..ေမာင္မင္း ဒီအသီးကို အရင္ဆုံးျမည္းစမ္းၾကည့္စမ္း”

“ကၽြန္ေတာ္ေသသြားရင္..”

“ကံေပါ့ေမာင္မင္း”

“ေလ်ာ္ေၾကးမရဘူးလား”

“ထုံးစံမရွိဘူးေမာင္မင္း။ ဒါမ်ိဳး မေျပာနဲ႔၊ ဓာတ္လိုက္ေသေတာင္မရ ဘူး”

ဘယ္လိုျဖစ္ျဖစ္ နိဗၺာန္မဂ္ဖိုကို ရက္တိုတိုႏွင့္ေရာက္မည့္အေရး ေၾကာင့္ စားမည့္သူမွာ တုန္လွုပ္ေန ရေလသည္။

“ကဲ..သုံးေဆာင္လို့ရၿပီ ေမာင္မင္း”

သာမန္လူမွာ တုန္လွုပ္ေနရ ေလသည္။ ဘယ္လိုျဖစ္ျဖစ္ အေျခအေနမေကာင္းမွန္းသိ သည္။ သို့ ေသာ္ မတတ္သာေသာ အေျခအေနမို့ အသီးတစ္လုံးကို ျဖဳတ္စားလိုက္ သည္။

“ဟာ…”

ခံတြင္း၌ ခ်ိဳအီၿပီး အရသာရွိ လွသည္မို့ ျပည္သားမွာ အံ့အားသင့္ သြားသည္။ ဆက္စားခ်င္စိတ္ျဖစ္ေသာ္ လည္း မ်က္ႏွာကို ခ်က္ခ်င္းျပင္ၿပီး

“ဟာ..ခါးလိုက္တာ၊ ထြီ..ထြီ”

ဆိုၿပီး စားခ်င္စိတ္ကို ၿမိဳသိပ္ ၿပီး ေထြးထုတ္လိုက္သည္။ ေဘးနား ကၾကည့္ေနေသာ ဝန္အဖြဲ႕က..

“ဟဲ့..ေမာင္မင္း၊ အရသာ ဘယ့္ႏွယ္တုံး”

“ထြီ..ခါးလိုက္တာ။ စားၾကည့္ စမ္း၊ ေအာင္မေလး..ကၽြန္ေတာ္၊ ကၽြန္ေတာ္ ေသေတာ့မလားမသိဘူး၊ ေအာင္မေလး..”

ထိုစကားၾကားေတာ့ ဝန္ႀကီး မ်ားက

“ေဟ့..ေဟ့..အဆိပ္ပင္ ေဟ့။ အနားမကပ္ၾကနဲ႔။ ေသတတ္ တယ္၊ ေသတတ္တယ္။ ေဟ့..အဲဒီ အပင္ကို အျမန္ခုတ္စမ္း၊ အျမန္ ႏုတ္လွဲလိုက္ၾကစမ္း”

သိပ္မၾကာပါ။ ဘာကိုမွ ကိုယ္ တိုင္မစူးစမ္းဘဲ သူမ်ားခါးတယ္ဆို တိုင္း လိုက္ခါးေသာအေပါင္းအပါ မ်ား လြန္စြာအရသာရွိေသာ သစ္ပင္ ကို ခုတ္လွဲလိုက္ၾကသည္။ ထို့အျပင္ ေနာက္တစ္ေန႔ သတင္းထုတ္ျပန္ရာ တြင္..

“ဤအပင္မွာ အဆိပ္ပင္ျဖစ္၍ ျပည္သူအေပါင္း ေဘးမခရေလ ေအာင္ အေသအခ်ာစမ္းသပ္ၿပီး ခုတ္ထြင္လိုက္ၿပီျဖစ္ေၾကာင္း၊ ဤ သည္ကား ဘုရင္ႏွင့္ ဝန္ႀကီးမ်ား ၏ ေစတနာပင္ျဖစ္ေၾကာင္း..”

ဘာကိုမွ တကယ္ ကိုယ္တိုင္ ကိုယ္က် စူးစမ္းေလ့လာျခင္းမရွိ ေသာ တိုင္းျပည္တြင္ ခ်ိဳေသာအပင္ မရွိနိုင္ေခ်။ crd အၾကည္ေတာ္

သစ်ပင်ပုံပြင်

တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင် သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီး ထနေ လေသည်။ ထိုအသီး၏ရနံ့မှာ လွန်စွာမွှေးကြိုင်ပြီး တိုင်းပြည်တစ်ခု လုံး ပျံ့နှံ့နေသည်။

ထို့ကြောင့် တိုင်းပြည်ရှိ ပြည်သူ အားလုံးက ထိုအသီး၏အရသာကို မြည်းစမ်းကြည့်ချင်နေကြသည်။ သို့သော် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ် ပင် သည် အများပိုင်ဖြစ်သော်လည်း ပြည်သူပိုင်အသိမ်းခံရလေသည်။

ပြည်သူပိုင်သိမ်းတော့ ဘုရင် နှင့် အပေါင်းအပါပိုင်ဖြစ်သွားသည် ပေါ့။ ထိုတိုင်းပြည်တွင် ပြည်သူပိုင် ဟု အမည်တပ်ထားသည်မှန်သမျှ ပြည်သူက ဘယ်တော့မှမပိုင်ဘဲ အုပ်ချုပ်သူ ဘုရင်နှင့် အပေါင်းအပါ များ ပိုင်ကြသည်မှာ ထုံးစံပင်။

ထို့ကြောင့် ပြည်သူပိုင်အသုံးပြု ရန် ခေါင်းစဉ်ဖြင့် ညအချိန်မတော် သစ်ပင်ကို အမြစ်မှတူးယူ၍ နန်း တော်ဝင်းထဲ သယ်ယူသွားကြသည်။

နန်းတော်ဝင်းထဲရောက်သော အခါ ပြဿနာတက်နေကြသည်။ ပုံသဏ္ဋာန်မမှန်ဘဲ ပေါက်ရောက်နေ သောအပင်မှ ပုံသဏ္ဋာန်မမှန်ဘဲ ပေါက်ရောက်နေသောအသီးတို့ မည်သူကမှ မမြည်းစမ်းရဲကြ။ တချို့ ကလည်း အနံ့ကမွှေးကြိုင်လွန်းနေ၍ မြည်းစမ်းချင်ကြသော်လည်း သေစေ နိုင်သော အဆိပ်သီးလည်းဖြစ်နေနိုင် ၍ မည်သူကမှ မမြည်း စမ်းရဲကြ။

အနံ့မွှေးလွန်းလို့ မြည်းစမ်းမှ ဂန့်ခနဲဖြစ်ကုန်မှာ မည်သူမှမလိုချင်။ ထို့ကြောင့်

“အေး..အနံ့ကတော့ စားချင် စရာ၊ ရှလွတ်။ ဒါပေမဲ့ အရသာက ဘယ်လိုနေမလဲမသိဘူး”

“ဘုန်းတော်ကြောင့် မင်းကြီး အရင်မြည်းကြည့်သင့်ပါတယ် ဘုရာ့”

ဝန်ကြီးများက မြှောက်ပေး သည်။ ဘုရင်လည်း နပ်၏။

“ခွေးကောင်တွေ ဒါမျိုးကျတော့ တတ်တယ်။ မင်းတို့မြည်းကြပါလား”

ဆိုတာကို ဝန်ကြီးများကလည်း လည်သည်။

“အဟီး..ဘုန်းတော်ကြီးသော ဘုရင်ကြီးကိုယ်တိုင် မမြည်းသေးဘဲ ကျွန်တော်မျိုးတို့ မမြည်းဝံ့ပါဘုရား။ တော်ကြာ ဘုန်းတော်ကြောင့် မိုးကြိုး ပစ်နေမှဖြင့်”

“ဒါဆို ဘယ်သူ့မြည်းခိုင်းရမှာ လဲ”

ဘုရင်၏အမေးကို ဝန်ကြီးတစ် ပါးက သူတို့အပေါ်မကျပြီးရော သဘောဖြင့်

“သတင်းထုတ်ပြန်ရေးကို ပေး မြည်းသင့်ပါတယ်ဘုရာ့။ သူက သတင်းထုတ်ပြန်နေကျပါ ဘုရာ့”

သူ့အပေါ်ကျလာတော့ ဟိုက လည်းပဲ ခေါင်းကိုခပ်သွက်သွက် ယမ်းကာ..

“ကျွန်တော်မျိုးက တစ်ပါးသူ လုပ်ပြီးမှ အပြုသဘောဆောင်သော သဘောကို ထုတ်ပြန်ရန်သာ တာဝန် ရှိပါတယ်ဘုရာ့။ သတင်းထုတ်ပြန် ရေးက ဘာကိုမှ အတိအကျ သိစရာ မလိုပါဘူးဘုရာ့။ ဒါကြောင့် မသင့် တော်ကြောင်းပါဘုရာ့”

တကယ်တမ်းစမ်းသပ်ရမည် ဆို တော့ မည်သူကမှ တာဝန်မယူကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင်ဆောင်နေကြသည်။

“ကဲ..ဒါဖြင့် ဘယ်လိုလုပ် မလဲ”

အားလုံး ခေါင်းချင်းဆိုင်ကုန်၏။အတန်ကြာမှ..

“ဒါဖြင့် ဒီလိုလုပ်။ ပြည်သူတွေ ထဲကတစ်ယောက်ကို အရင်စမ်းသပ် ခိုင်းလိုက်မယ်၊ မကောင်းဘူးလား”

သူ့စကားကို တခြားဝန်ကြီးများ က..

“အရသာတအားကောင်းနေ ရင် ဒီအသီးကို ပြည်သူတွေအရင် စားဖူးတယ်ဆို တို့ဝန်ကြီးတွေ သိက္ခာ ကျမှာပေါ့ ဝန်မင်းကလည်း”

“ဒီအသီးစားပြီး သေတော့ရော”

“ဒါကတော့ ပြည်သူက သူ့ထိုက် သူ့ကံနဲ့ သေတာ သေပါစေပေါ့ ဝန်မင်း ကလည်း”

သြော်..မတော်တဆ အသီး ကောင်းဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ်ဆိုတော့ ပြည်သူကိုသေစေချင်။ ဘယ်လိုဝေခွဲ ရမှန်းပင်မသိ။ အတန်ကြာမှ ဘုရင် က အတွေးပေါက်ပြီး

“ဒီလိုလုပ်။ ခုနကပြောတဲ့ အတိုင်း ပြည်သူကို အရင်မြည်းခိုင်း မယ်”

“ကောင်းနေရင်”

“ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး ဘယ်သူမှမစားဖူး သလိုလုပ်ရုံပေါ့”

“သေရင်ရော၊ သေရင်တော့ စေတနာနဲ့ လက်ဆောင်ပြန်ပေးတာ ပေါ့ကွာ၊ ဟုတ်ဘူးလား”

“ဟေး….”

ဝန်ကြီးများ ဝမ်းသာသွားကြ သည်။

“ဟုတ်တယ်။ ပြည်သူပိုင်ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေ ရင် ပုဂ္ဂလိကပိုင်၊ သုံးစားမရရင် တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။

ဟုတ်ဘူးလား။ ဟေး…ပျော်တယ် ဟေ့”

ဤသို့ဖြင့် ပြည်သူပိုင်သစ်သီး ကို ပထမဆုံးစားသုံးရန် ပြည်သူ တစ်ဦးကို ခေါ်လာကြလေသည်။ ကံဆိုးသူမောင်ရှင်ကား ရောက်ပြီ။

“ကိုင်း..မောင်မင်း ဒီအသီးကို အရင်ဆုံးမြည်းစမ်းကြည့်စမ်း”

“ကျွန်တော်သေသွားရင်..”

“ကံပေါ့မောင်မင်း”

“လျော်ကြေးမရဘူးလား”

“ထုံးစံမရှိဘူးမောင်မင်း။ ဒါမျိုး မပြောနဲ့၊ ဓာတ်လိုက်သေတောင်မရ ဘူး”

ဘယ်လိုဖြစ်ဖြစ် နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနှင့်ရောက်မည့်အရေး ကြောင့် စားမည့်သူမှာ တုန်လှုပ်နေ ရလေသည်။

“ကဲ..သုံးဆောင်လို့ရပြီ မောင်မင်း”

သာမန်လူမှာ တုန်လှုပ်နေရ လေသည်။ ဘယ်လိုဖြစ်ဖြစ် အခြေအနေမကောင်းမှန်းသိ သည်။ သို့ သော် မတတ်သာသော အခြေအနေမို့ အသီးတစ်လုံးကို ဖြုတ်စားလိုက် သည်။

“ဟာ…”

ခံတွင်း၌ ချိုအီပြီး အရသာရှိ လှသည်မို့ ပြည်သားမှာ အံ့အားသင့် သွားသည်။ ဆက်စားချင်စိတ်ဖြစ်သော် လည်း မျက်နှာကို ချက်ချင်းပြင်ပြီး

“ဟာ..ခါးလိုက်တာ၊ ထွီ..ထွီ”

ဆိုပြီး စားချင်စိတ်ကို မြိုသိပ် ပြီး ထွေးထုတ်လိုက်သည်။ ဘေးနား ကကြည့်နေသော ဝန်အဖွဲ့က..

“ဟဲ့..မောင်မင်း၊ အရသာ ဘယ့်နှယ်တုံး”

“ထွီ..ခါးလိုက်တာ။ စားကြည့် စမ်း၊ အောင်မလေး..ကျွန်တော်၊ ကျွန်တော် သေတော့မလားမသိဘူး၊ အောင်မလေး..”

ထိုစကားကြားတော့ ဝန်ကြီး များက

“ဟေ့..ဟေ့..အဆိပ်ပင် ဟေ့။ အနားမကပ်ကြနဲ့။ သေတတ် တယ်၊ သေတတ်တယ်။ ဟေ့..အဲဒီ အပင်ကို အမြန်ခုတ်စမ်း၊ အမြန် နုတ်လှဲလိုက်ကြစမ်း”

သိပ်မကြာပါ။ ဘာကိုမှ ကိုယ် တိုင်မစူးစမ်းဘဲ သူများခါးတယ်ဆို တိုင်း လိုက်ခါးသောအပေါင်းအပါ များ လွန်စွာအရသာရှိသော သစ်ပင် ကို ခုတ်လှဲလိုက်ကြသည်။ ထို့အပြင် နောက်တစ်နေ့ သတင်းထုတ်ပြန်ရာ တွင်..

“ဤအပင်မှာ အဆိပ်ပင်ဖြစ်၍ ပြည်သူအပေါင်း ဘေးမခရလေ အောင် အသေအချာစမ်းသပ်ပြီး ခုတ်ထွင်လိုက်ပြီဖြစ်ကြောင်း၊ ဤ သည်ကား ဘုရင်နှင့် ဝန်ကြီးများ ၏ စေတနာပင်ဖြစ်ကြောင်း..”

ဘာကိုမှ တကယ် ကိုယ်တိုင် ကိုယ်ကျ စူးစမ်းလေ့လာခြင်းမရှိ သော တိုင်းပြည်တွင် ချိုသောအပင် မရှိနိုင်ချေ။ crd အကြည်တော်

(Visited 8 times, 1 visits today)