မြဝတီမြို့တွင် ညမထွက်ရ အမိန့်ထုတ်ထားချိန် ဖွင့်လှစ်ကစားနေသည့် လောင်းကစားငါးဂိမ်းရုံအား ဖမ်းမိ

မြဝတီမြို့တွင် ညမထွက်ရ အမိန့်ထုတ်ထားချိန် ဖွင့်လှစ်ကစားနေသည့် လောင်းကစားငါးဂိမ်းရုံအား ဖမ်းမိ

6.May.2020 ကရင်ပြည်နယ် မြဝတီမြို့တွင် covid.19 အရေးပေါ်ကာလ ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်အား ထုတ်ပြန်ထားပြီး လိုက်နာမှုရှိမရှိ သိရှိနိုင်ရန် ယနေ့ မေလ ၅ ရက်နေ့ ညာဥ့်နက်ပိုင်းက ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့စုံဖြင့် လှည့်ကင်းများဆောင်ရွက်နေစဉ်…

အမှတ် ၄ ရပ်ကွက်အပိုင် မြို့စွန် ကားဝင်းဟောင်းအနီးဝန်းကျင်ရှိ ငါးဂိမ်းလောင်းကစားရုံအတွင်း လူအရိပ်တွေ့၍ လှည့်ကင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ….. ရုံအတွင်း ငါးဂိမ်းလောင်းကစားပြုလုပ်သူ လူ ၂၀ခန့် နှင့် လောင်းကစားပြုလုပ်နေသော ဂိမ်းစက်များ တွေ့ရှိရသောကြောင့် ရဲစခန်းသို့ ဖမ်းဆီးတင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ငါးဂိမ်းရုံအတွင်း ဝင်ရောက်ဖမ်းဆီးစဉ် လူ ၂၀ ခန့် ကစားနေသော ဂိမ်းစက် ၄ လုံးခန့်နှင့် ပိတ်ထားသော ဂိမ်းစက် အလုံးရေ ၂၀ ကျော်ခန့် အား တွေ့ရှိရပြီး ၎င်းငါးဂိမ်းရုံမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်မှုရှိကြောင်း ယနေ့ည လှည့်ကင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

လေးစားစွာဖြင့် နေနော်(မြဝတီ)အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ