ေရာဂါခံစားေနရတာခ်င္းတူတူမိမိအသက္ကိုမငဲ႔ကြက္ပဲ ညီမျဖစ္သူကိုအရင္ကယ္ခိုင္းတဲ႕စိတ္ထားျမင့္ျမတ္သူေလး

စာဖတ္သူအေပါင္းတို႕ မဂၤလာပါခင္ဗ်ာ …

ဒီတခါတင္ျပေပးမွာကေတာ့ အသက္ငယ္ေပမယ့္ စြန္႕လႊတ္အနစ္နာခံတက္ျပီး စြန္လႊတ္တက္တဲ႕ အသက္ ၇ ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္အေႀကာင္းပဲ ျဖစ္ပါတယ္

သူမကေတာ့ တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 7 ႏွစ္အရြယ္ Wang Yue အမည္႐ွိသူေလးပဲျဖစ္ပါတယ္… ကေလးငယ္ဟာ အသက္အရြယ္နဲ႔မလိုက္ေအာင္ အ႐ိုးပြေရာဂါကိုခံစားေနခဲ့ရတာပါ ။ သူမရဲ႕ က်န္းမာေရးအေျခအေနကလည္း တစ္ေန႔တျခားဆိုးဝါးလာလို႔ ခြဲစိတ္ကုသမႈခံယူရမွ သက္သာမဲ့အေျခအေနမ်ိဳးပါ ။

သို႔ေပမဲ့လည္း သူမနဲ႔အလားတူ ေရာဂါမ်ိဳးကို သူမရဲ႕ညီမငယ္ေလးျဖစ္သူကလည္း ခံစားေနရတာပါ ။ ထို႔ေၾကာင့္ မိဘျဖစ္သူေတြကလည္း သမီး 2 ေယာက္ရဲ႕ ေဆးကုသစရိတ္အတြက္ အေတာ္ေလးႀကိဳးစား႐ုန္းကန္ၿပီး႐ွာေဖြေနၾကရတာပါ ။ ခြဲစိတ္ကုသစရိတ္အတြက္ $102,000 ကုန္က်မွာျဖစ္ၿပီး ၊

မိဘေတြ႐ွာေဖြစုေဆာင္းထားတဲ့ ေငြေၾကးေတြကေတာ့ အရင္ေဆးကုသစရိတ္အတြက္ အကုန္အသံုးျပဳၿပီးၿပီျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ဖခင္ျဖစ္သူက မိတ္ေဆြ ၊ ေဆြမ်ိဳးေတြထံ ေငြေၾကးေတြလိုက္လံေခ်းငွါးခဲ့ေပမဲ့လည္း မလံုေလာက္ခဲ့ပါဘူး ။ ထို႔ေၾကာင့္ Wang Yue ဟာ

သူမစုေဆာင္းထားတဲ့ အေႂကြေစ့ေလးကို ဖခင္ျဖစ္သူထံေပးအပ္ခဲ့ၿပီး သူမက သမီးႀကီးျဖစ္လို႔ ညီမျဖစ္သူကိုသာ ေဆးကုသေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။ ‘ သမီးႀကီးမို႔လို႔ ေဆးမကုရလည္း ကိစၥမ႐ွိဘူး ‘ ဆိုၿပီး အလိုက္သိစြာေျပာလာခဲ့တဲ့ Wang Yue ရဲ႕ စကားေၾကာင့္ ဖခင္ျဖစ္သူဟာ ဝမ္းနည္းေၾကကြဲေနရံုမွအပ ေျပာစရာစကားမ႐ွိခဲ့ပါဘူး ။

သူတို႔မိသားစုရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့လို႔ လူအေတာ္အမ်ားက ေဆးကုသစရိတ္အတြက္ လႉဒါန္းမႈေတြျပဳလုပ္ေပးခဲ့ၾကေၾကာင္း သိရပါတယ္ ။ ဒီအေႀကာင္းရာကို Jasmine (Mckzone Daily) က ဘာသာျပန္ေရးသားထားတာျဖစ္ပါတယ္ … Source : elitereaders

ယူနီကုတ္ျဖင့္ဖတ္ရန္ – စာဖတ်သူအပေါင်းတို့ မင်္ဂလာပါခင်ဗျာ …

ဒီတခါတင်ပြပေးမှာကတော့ အသက်ငယ်ပေမယ့် စွန့်လွှတ်အနစ်နာခံတက်ပြီး စွန်လွှတ်တက်တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်

သူမကတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 7 နှစ်အရွယ် Wang Yue အမည်ရှိသူလေးပဲဖြစ်ပါတယ်… ကလေးငယ်ဟာ အသက်အရွယ်နဲ့မလိုက်အောင် အရိုးပွရောဂါကိုခံစားနေခဲ့ရတာပါ ။ သူမရဲ့ ကျန်းမာရေးအခြေအနေကလည်း တစ်နေ့တခြားဆိုးဝါးလာလို့ ခွဲစိတ်ကုသမှုခံယူရမှ သက်သာမဲ့အခြေအနေမျိုးပါ ။

သို့ပေမဲ့လည်း သူမနဲ့အလားတူ ရောဂါမျိုးကို သူမရဲ့ညီမငယ်လေးဖြစ်သူကလည်း ခံစားနေရတာပါ ။ ထို့ကြောင့် မိဘဖြစ်သူတွေကလည်း သမီး 2 ယောက်ရဲ့ ဆေးကုသစရိတ်အတွက် အတော်လေးကြိုးစားရုန်းကန်ပြီးရှာဖွေနေကြရတာပါ ။ ခွဲစိတ်ကုသစရိတ်အတွက် $102,000 ကုန်ကျမှာဖြစ်ပြီး ၊

မိဘတွေရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကတော့ အရင်ဆေးကုသစရိတ်အတွက် အကုန်အသုံးပြုပြီးပြီဖြစ်ပါတယ် ။ ထို့ကြောင့်ဖခင်ဖြစ်သူက မိတ်ဆွေ ၊ ဆွေမျိုးတွေထံ ငွေကြေးတွေလိုက်လံချေးငှါးခဲ့ပေမဲ့လည်း မလုံလောက်ခဲ့ပါဘူး ။ ထို့ကြောင့် Wang Yue ဟာ

သူမစုဆောင်းထားတဲ့ အကြွေစေ့လေးကို ဖခင်ဖြစ်သူထံပေးအပ်ခဲ့ပြီး သူမက သမီးကြီးဖြစ်လို့ ညီမဖြစ်သူကိုသာ ဆေးကုသပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ‘ သမီးကြီးမို့လို့ ဆေးမကုရလည်း ကိစ္စမရှိဘူး ‘ ဆိုပြီး အလိုက်သိစွာပြောလာခဲ့တဲ့ Wang Yue ရဲ့ စကားကြောင့် ဖခင်ဖြစ်သူဟာ ဝမ်းနည်းကြေကွဲနေရုံမှအပ ပြောစရာစကားမရှိခဲ့ပါဘူး ။

သူတို့မိသားစုရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့လို့ လူအတော်အများက ဆေးကုသစရိတ်အတွက် လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ် ။ ဒီအကြောင်းရာကို Jasmine (Mckzone Daily) က ဘာသာပြန်ရေးသားထားတာဖြစ်ပါတယ်

Source : elitereaders