မနေ့က ခြေစစ်ပွဲအပြီး မြန်မာအသင်းရဲ့ လှုပ်ခတ်မှု့အခြေနေ… စိတ်မကောင်းပါဘူးဗျာ

မင်္ဂလာပါ စာဖတ်သူတို့ရေ … မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန် မြန်မာ 2022 ကမ္ဘာ့ဖလား ခြေစစ်အပြီး လှုပ်ခတ်မှု့လေးတွေကို ပြောပြချင်ပါတယ်

ဒါကတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းရဲ့ အရန်ဂိုးသမား တစ်ဦးဖြစ်တဲ့ ပြည့်လျှံအောင်ဟာ လက်ရွေးစင် အသင်းကနေ ထုတ်ပယ် ခံလိုက် ရတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းက သိရပါတယ်။ ဘာဖြစ်လို့ အထုတ်ခံရတာလဲဆိုတော့

ဂိုးသမား ပြည့်လျှံအောင် ဟာ မနေ့က ၂၀၂၂ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနဲ့ သွားရောက် ကစားတဲ့ ပွဲစဉ်မှာ ပွဲမစခင် နိုင်ငံတော် သီချင်းထုတ်လွှင့် နေချိန်မှာဘဲ We Want Democrazy စာတန်းရေး သားထားတဲ့ လက်သုံးချောင်း ထောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော် ထုတ်ခဲ့လို့ပဲ ဖြစ်ပါတယ်

ဒါ့အပြင် မြန်မာတသင်းလုံးကလဲ အဲဒီပွဲစဉ်မှာ နိုင်ငံတော် သီချင်း ကိုလည်း သီဆိုခြင်း မရှိဘဲ သပိတ်မှောက် ခဲ့ကြပါတယ်.. ကစားခဲ့တဲ့ပွဲမှာ ဂျပန်က မြန်မာအသင်းကို ဆယ်ဂိုး ဂိုးမရှိနဲ့ အပျက်သက် အနိုင်ယူသွားခဲ့ပါတယ်

ဂိုးသမား ပြည့်လျှံအောင် အထုတ်ခံရတာဟာ စစ်ကောင်စီက မြန်မာ အသင်းကို ဖိအားပေးပြီး ထုတ်ခိုင်းတာလား/(FIFA) ဖီဖာက တိုက်ရိုက် အရေး ယူတာလား ဆိုတာတော့ BP က ဆက်လက် အတည် ပြုဖို့ ကြိုးစား နေပါတယ်.. လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်

(Visited 4 times, 1 visits today)