တရုတ်ရာဇဝတ်ဂိုဏ်းများ ကရင်ပြည်နယ်တွင် အကြီးအကျယ် ခြေကုပ်ရယူနေ

တရုတ်ရာဇဝတ်ဂိုဏ်းများ ကရင်ပြည်နယ်တွင် အကြီးအကျယ် ခြေကုပ်ရယူနေ

တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းဆန်ဆန် ရှင်းလင်းမြင်သာမှုမရှိသော စီးပွားရေးလုပ်ငန်းစုများသည် ပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့်ပေါင်း၍ စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေကြောင်း အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုက ပြောသည်။ အဆိုပါတရုတ် စီးပွားရေးလုပ်ငန်းကြီးများသည် ကရင်ပြည်နယ်အတွင်း၌ အကြီးအကျယ် ခြေကုပ်ယူနေ ကြောင်း၊

အင်စတီကျူ၏ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Jason Tower နှင့် အကြီးတန်းအကြံပေး Priscilla A. Clapp တို့ ပူးပေါင်းရေးသားသည့် လေ့လာသုံးသပ်ချက်တခုတွင် ဖော်ပြထားသည်။ Priscilla A. Clapp သည် ၁၉၉၉ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ သံတမန်အကြီးအကဲဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား မကြာလှသေးသည့်နှစ်များအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးတွင် မြို့သစ်ကြီး ၃ ခုထွက်ပေါ် လာရန်ရှိကြောင်း၊ တရားဝင်ခွင့်ပြုထားခြင်းမရှိသော်လည်း ယနေ့ထိုနေရာတွင် ဟိုတယ်၊ ကာစီနိုနှင့် ကွန်ဒိုတိုက်ခန်းများ ပေါ်ထွန်းလာနေပြီး၊

လုပ်ငန်းများကို ပိုင် ဆိုင်လုပ်ကိုင်နေသူများမှာ နောက်ကြောင်း မရှင်းသည့် တရုတ်စီးပွားရေးလုပ်ငန်းစုများဖြစ်ပြီး အဆိုပါဒေသကိုထိန်းချုပ်ထားသည့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း အဆိုပါလေ့လာချက်က ဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ပဒိုမန်းငြိမ်း မောင်က ”ကျွန်တော် ယေဘုယျသိတာတော့ ကုက္ကိုမှာ အဲဒါရှိတယ်။ နောက်ပြီး တော့ မြဝတီမြို့ထဲမှာ တရုတ်တွေကတော့ မနည်းဘူး။ အများကြီးပဲ။ ယေဘုယျ ဒီလောက်ပဲသိတယ်။ တရားဝင်လား၊ မဝင်လား ကျွန်တော်မသိဘူး။ ခင်ဗျား အဲဒါအာဏာပိုင်ကိုမေးပေါ့။ ကျွန်တော်တို့က တောထဲကလူတွေပဲ။

တိုင်းပြည်အုပ်ချုပ် တဲ့အထဲမှာ မပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတော့ ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းက လေးငါးဆယ်ဖွဲ့လောက်ရှိတာ။ KNU ထိန်းချုပ်တဲ့နယ်မြေမှာ လုပ်တယ်ဆိုတာတော့ ကျွန်တော် မသိဘူးဗျ။ ကျွန်တော်သိတာတော့ ကုက္ကိုမှာပဲသိတယ်”ဟု ပြောသည်။ အဆိုပါဒေသအတွင်း မြို့သစ်စီမံကိန်း ၃ ခုအနက်

သဘောတူစာချုပ် ၂ ခုကို ကိုရိုနာဗိုင်းရပ်စ် လှိုင်းဂယက်ထနေသည့် ဇန်နဝါရီလမှ မတ်လအတွင်းတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ မြန်မာ့မြေဧရိယာ ၁၅၇ စတုရန်းကီလို မီတာခန့် တရုတ်လုပ်ငန်းစုများ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခြင်းဖြစ်ကာ အဆိုပါလုပ်ငန်းစုများမှာလည်း လောင်းကစား၊ ငွေကြေးခဝါချမှု၊

ကိုယ်ပျောက်ငွေ ကြေး (Cryotocurrency) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများဖြစ်ကာ ရာဇဝတ်ဂိုဏ်းများနှင့်ပင် ချိတ်ဆက်မှုရှိသူများဖြစ်ကြောင်း ယင်းလေ့လာချက်က ဆိုသည်။ ၎င်းစီမံကိန်း ၃ ခုအနက် ပထမဆုံးတခုမှာလွန်ခဲ့သော ၃ နှစ်ခန့်ကပင် စတင်ခဲ့ခြင်းဖြစ်သော်လည်း ၂ဝ၁၉ သြဂုတ်လတွင် အရှိန်အဟုန်မြှင့်လုပ်ကိုင်လာသည် ကိုတွေ့ရှိရကြောင်း၊

၎င်းကာလသည် ကမ္ဘောဒီးယားနိုင်ငံ Sihanoukville မြို့ရှိ တရားမဝင်လောင်းကစားရုံများ၊ ရာဇဝတ်ဂိုဏ်း အကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိသည့် တရုတ်လုပ်ငန်းစုများကို တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ အာဏာပိုင်များက ပူးပေါင်းနှိမ်နင်းခဲ့သည့် ကာလနှင့်တိုက်ဆိုင်နေသည်ဟု ဆိုသည်။ ကရင်ပြည်နယ်အတွင်း တရုတ်လူမျိုးများနှင့်

တရုတ်လုပ်ငန်းများအလုံးအရင်းနှင့်ဝင်ရောက်လာမှုအပေါ် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ ရှိနေသည်။ တရုတ်တွေတရိပ်ရိပ်ဝင်လာတဲ့အပေါ်မှာ ကျွန်တော်တို့ စိုးရိမ်တဲ့တချက်က ကျွန်တော်တို့ မြဝတီမြို့ တရားဥပဒေ စိုးမိုးရေးပိုင်း၊ ဝင်လာတဲ့တရုတ်တွေရဲ့ ကိုယ်ရေးရာဇဝင်၊ သူတို့ရဲ့သတင်းအချက် အလက်တွေမရှိဘဲနဲ့ ဝင်လာတယ်။

နောက်ပြီးတော့ တရုတ်တွေလာရတဲ့အကြောင်းအရင်းက ဘာကြောင့်အုံလိုက်ကျင်းလိုက် ရောက်နေရတာလဲ။ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ စိစစ်နိုင်ဖို့ အဲဒီလောက်ထိ တရားဥပဒေစိုးမိုးမှုအားမရှိဘူး။ အဓိကတာဝန်ခံပြီး ခေါ်လာတာက လက်နက်ကိုင်အဖွဲ့တွေက တာဝန်ခံပြီးခေါ်လာတဲ့ဟာတွေက များနေတယ်။ အခုလိုမျိုး ကမ္ဘာကြီးမှာ ကပ်ဆိုးကြီးဖြစ်တဲ့

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ပြန့်ပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မြဝတီမြို့မှာ တရုတ်တွေအများ အပြားရောက်နေတဲ့အပေါ်မှာ ကျွန်တော်တို့အရမ်းကို စိုးရိမ်စိတ်တွေများတယ်” ဟု မြဝတီမြို့ခံ တရားလွှတ်တော်ရှေ့နေဦးမျိုးအောင်က ပြောသည်။ ကရင်ပြည်နယ်အတွင်း တရုတ် စီးပွားရေးလုပ်ငန်းများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းမှာ

ပြည်တွင်းရေး ပြဿနာသက်သက်မဟုတ်ဘဲ ထိုစီးပွားရေးလုပ်ငန်းများ၏နောက်ကွယ်မှပါဝင်သူ အချို့မှာ အမေရိကန်နိုင်ငံတွင်လှုပ်ရှားနေသည့် တရုတ်မြေအောက်ဂိုဏ်းများနှင့်ပတ်သက်သူများဖြစ်ကာ ယခုအခါ ကရင်ပြည်နယ်အတွင်း ခြေဆန့်ဝင်ရောက်လာခြင်းဖြစ်၍ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးအပေါ်

တိုက်ရိုက်ထိခိုက်မှုရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီရေးကို အာရုံစိုက်သည့် အမေရိကန်အတွက်လည်း စိန်ခေါ်မှုဖြစ်ကြောင်း သုံးသပ်ထားသည်။ မော်ရိုး Ref;USIP / လေးစားစွာဖြင့် news watch အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ

(Visited 13 times, 1 visits today)