ကမ္ဘာကျော် လေယာဉ်ပျက်ကျမှုမှာ တန်ခိုးပြကာ ကာကွယ် ပေးခဲ့သော တောင်ပုလု ဆရာတော် ဘုရားကြီး

ကမ္ဘာကျော် လေယာဉ်ပျက်ကျမှုမှာ တန်ခိုးပြ ကာကွယ်ပေးခဲ့သောတောင်ပုလု ဆရာတော် ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြ ကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ် အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဘာသာရေးနှင့် ဆက်နွယ်သောအထွေထွေ ဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြား ဖြစ်စဉ် တခုပါ

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့အနီးရှိတောင်ပုလုတောရရိပ် သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလုဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ် ကျော်ကြား ခဲ့သည်။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း အပါ အဝင် စာအုပ်ပေါင်း များစွာကို ရေးခဲ့သူ စာရေးဆရာဒါရိုက် တာ ဦးဆန်းလွင် သည်

တောင်ပုလု ဆရာတော်ဘုရားကြီးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည် အနှံ တရားများ လှည့်လည် ဟောခဲ့ ပါသည်။

ပျဉ်းမနား မဟာ မြိုင် ဆရာတော် ဦးဇောတိက သည်လည်း ဆရာ တော်ကြီးကို အကြောင်းပြု၍ ဘာသာ ကူးပြောင်းကာ ရဟန်းဝတ်ပြီး စာအုပ် ပေါင်း များစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့် လည်တရား ဟောခဲ့ ပါသည်။

1970 ခုနှစ် ကျော် ဝန်းကျင် လောက်က အမေရိကန် ကို ပျံသန်းတဲ့ လေယာဉ် တစ်စီးက ကောင်းကင်ယံမှ ပျက်ကျလု ဆဲဆဲ ဖြစ်ခဲ့တယ်။

အဲ့ဒီ အချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးကလေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ ရဟန်းတော် တစ်ပါးကို မြင်လိုက်ရပြီ လေ ယာဉ်ပျံက ရုတ်တရက် ပြန်လည် ကောင်းသွားပြီး အမေရိကန် ကို ချောမောစွာ ပြန်လည် ရောက်ရှိ ခဲ့ပါတယ်။

အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာ ရဟန်းတော် တစ်ပါးက လေယာဉ် ကို ကယ်တင်ခဲ့အ ကြောင်း အကျယ် တစ်ဝန်း ရေးသား ဂုဏ်ပြု ကြတယ်။

အဲ့ဒီအဖြစ် အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ခရီးသည်တွေတောင်မသိလိုက်ဘူးတဲ့အဲ့ဒီလေယာဉ်မှာပါတဲ့မြန်မာနိုင်ငံကသစ်ကုန်သည် ဒေါ်ခင်ဝင်း ဆိုသူက အံသြပြီး

အမေရိကန်ကိုအဲ့ဒီနေ့ကထွက်တဲ့လေယာဉ်ရဲ့ခရီးစဉ်ကိုလှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့က ခရီးသည်တွေမှာ မြန်မာနိုင်ငံသား နှစ်ဦး ပါပြီး တစ်ဦးက ဒေါ်ခင်ဝင်း ဖြစ်ကာ တစ်ခြား တစ်ဦးက တောင်ပုလု ဆရာတော်ကြီး ပါတဲ့။

ဒေါ်ခင်ဝင်း က တောင်ပုလု ဆရာတော် ဘုရားကြီးပုံကို လေယာဉ်မှုး တွေကို ပြတဲ့ အခါ လေယာဉ် ဦးခေါင်းပိုင်းမှာ ရပ်ပြီးလေထဲမှာ သင်္ကန်းတလူလူနဲ့ လွင့်နေတာ အဲ့ဒီ ရဟန်းတော် ပါတဲ့။

အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာတောင်ပုလုတရားစခန်းတစ်ခုဖွင့်လှစ်ပေးပြီး ခုအချိန်ထိ သာသနာပြုနေကြပါတယ် ဆိုတဲ့ အကြောင်းကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေပေးလိုက် ပါတယ်။Credit

(Visited 2 times, 1 visits today)