ကင်ဂျုံအန်း ကွယ်လွန်တာသေခြာကြောင်း မြောက်ကိုရီးယားမှထွက်ပြေးလာသူ ဂျိဆောင်းဟိုကပြောကြား

မြောက်ကိုရီးယား ပြည်ပြေး ဂျိဆောင်းဟိုက ကင်မ် ကွယ်လွန်တာ သူ သိနေတယ်လို့ပြောလိုက်တယ်…

မြောက်ကိုရီးယားက ထွက်ပြေးလာသူ၊ လူ့အခွင့်အရေး အဖွဲ့အစည်းက ဂျိဆောင်းဟို (지성호) က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကွယ်လွန်တယ်ဆိုတာ ၉၉% သေချာတယ်လို့ပြောလိုက်တယ်..။ “ ကင်မ်အီဆွန်းနဲ့ ကင်မ်ဂျုံအီလ် ကွယ်လွန်တုန်းကလည်း တစ်ပတ်အကြာမှ ကြေညာတာပါ။ ကင်မ်ဂျုံအန် သေဆုံးတာကိုလည်း မကြာခင် ရက်ပိုင်းအတွင်း ကြေညာမယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဧပြီလထဲမှာ တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်တွေအဖွဲ့က မြောက်ကိုရီးယား ပြုံယမ်းကို ထွက်ခွာသွားတဲ့ကြောင်း ရိုက်တာသတင်းဌာနက ပြောခဲ့တယ်။ ကင်မ် နေမကောင်းဖြစ်နေသလား..။ ကွယ်လွန်ပြီလား..။ COVID -19 ရှောင်နေတာလား။ သို့လော၊ သို့လော ဖြစ်နေကြတယ်။ ၂၀၂၀ ခုနှစ် ဧပြီလအထိတိကျတဲ့ သတင်းများ ..။ ဧပြီ ၁၁ ရက်..။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီလ ၁၁ ရက်၊

Politburo အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တယ်။ အဲဒီနေ့က သူ့မျက်နှာကို မြင်ရတာ နောက်ဆုံးဖြစ်တယ်။ ဧပြီ ၁၃ ရက်..။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ကိုယ်ပိုင်ရထားကို ဧပြီ ၁၃ ရက်က ဝူဆန်(Wonsan) ရထားဘူတာမှာတွေ့ရတယ်။ သမ္မတကို လာကြိုတဲ့ ကားတန်းကိုတော့ ဂြိုဟ်တုက မတွေ့နိုင်ခဲ့..။ ဧပြီ ၁၉ ရက်..။ Rodong Sinmun သတင်းစာအရ

ဝန်ကြီးချုပ်နဲ့ စီးပွားရေးရာအမှုဆောင်ဒါရိုက်တာ Kim Jae Ryong တို့ဟာ ပြုံယမ်း အပူစွမ်းအင်စက်ရုံကို စစ်ဆေးကြတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် မပါခဲ့။ ဧပြီ ၂၂ ရက်..။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်မှာ ဆီးရီးယားသမ္မတရဲ့စာကို ပြန်တာမျိုး၊ Wonsan-Kalma Coastal Tourist Zone ရဲ့ ဆောက်လုပ်ရေးလုပ်သားများရဲ့လုပ်အားအတွက်

ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးကို မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ် နာမည်သာပါပြီး ကိုယ်တိုင် မပြောခဲ့။ ဧပြီ ၂၉ ရက်..။ ပြည်နယ်ရေးရာကော်မရှင် ဒုဥက္ကဋ္ဌ Pak Pong Ju ပြုံယမ်းရှိ စီးပွားရေးကိစ္စတွေကို စစ်ဆေးနေတယ်။ အဲဒီလို တိုင်းပြည်ရဲ့ အရေးအပါဆုံးနိုင်ငံရေးအားလပ်ရက်တွေ၊ ပွဲစဉ်တွေမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် မပါခဲ့..။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဘယ်မှာလဲဆိုတာ

ကမ္ဘာက စိတ်ဝင်စားစေတယ်။ တောင်ကိုရီးယား သမ္မတ မွန်း က သူ့ကို ကျန်းမာတယ် ခန့်မှန်းခဲ့တယ်။ အမေရိကန် သမ္မတကတော့ သူအကုန်သိတယ်၊ မပြောပြဘူးလို့ …ကမ္ဘာကို ပိုပြီးစိတ်ဝင်စားစေခဲ့။ သမ္မတနာမည်တွေ Google ထဲမှာ ရှာတဲ့ သူ အရေအတွက်ကိုကြည့်ရင် ပုံမှန် အမေရိကန် သမ္မတ ထရမ့်(Donald Trump) က အများဆုံးဖြစ်လေ့ရှိတယ်တဲ့ ။ အခုတလော မြောက်ကိုရီးယား ခေါင်းဆောင်

ကင်ဂျုံအန်က အများဆုံးတဲ့..။ ကင်မ်ဟာ ထရမ့်ကို Google search မှာ အနိုင်ရသွားခဲ့..။  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း….။ အနားယူနေရင်း သူ့ကို တစ်ကမ္ဘာလုံးက ဂရုစိုက်နေတာ ဂုဏ်ယူပျော်ရွှင်ပြီး ပြုံးနေသလား..။ သူ မေ့မြောနေလား။ သူ သေနေပြီလား။ သတင်းအတုတွေထွက်၊ ဗီဒီယို အတုတွေလည်း အများကြီးထွက်..။ ကမ္ဘာကလူတွေ သိချင်နေကြဆဲ..။

“ကင်မ်ဂျုံအန်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကွယ်လွန်သွားတာ..။ သမ္မတက နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသပြီး သေဆုံးသွားပုံရတယ်။ ဒီသတင်းကို မြောက်ကိုရီးယား ပြည်တွင်းသတင်းရင်းမြစ်ကတစ်ဆင့် ကျွန်တော်သိတာပါ..။” “အသက်ရှင်နိုင်တယ်ဆိုတာ ၁% ပဲရှိတယ်။ ဒီသတင်း ဘယ်ကရသလဲဆိုတဲ့ အရင်းအမြစ်ကိုတော့ ကျွန်တော် မပြောပါရစေနဲ့..။ ”

မြောက်ကိုရီးယား ပြည်ပြေး ဂျိဆောင်းဟိုက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဒီသတင်းက တောင်ကိုရီးယားမှာ ဒီနေ့ issue ဖြစ်၊ နာမည်ကြီးနေတယ်။ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မရွှေမိုး (ကိုရီးယား) May 1st, 2020.