City FM မှာ တေးသီချင်း တောင်းဆိုမှု အများဆုံး ဆုကို ရရှိ ခဲ့တဲ့ ဖြိုးမြတ်အောင် နဲ့ နီနီခင်ဇော်

City FM မှာ တေးသီချင်း တောင်းဆိုမှု အများဆုံး ဆုကို ရရှိခဲ့တဲ့ ဖြိုးမြတ်အောင် နဲ့ နီနီခင်ဇော်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ City FM မှာတေး သီချင်း တောင်းဆိုမှု အများဆုံး ဆုကို ရရှိ ခဲ့တဲ့ ဖြိုးမြတ်အောင်နဲ့ နီနီခင်ဇော် အကြောင်းလေးပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ City FM (၁၉) နှစ် ပြည့် ဂီတဆုပေးပွဲကြီးမှာ ၂၀၂၀ ခုနှစ် အတွင်း တေးသီချင်း တောင်းဆို ခံရမှုအများဆုံးအမျိုးသား တေးသံရှင် ဆုကို ဖြိုးမြတ်အောင်နဲ့ အမျိုးသမီး တေး သံရှင်ဆု တို့ကို နီနီခင်ဇော် တို့က ဆွတ်ခူး သွားခဲ့ ပါတယ်။

“ကျွန်တော့်ရဲ့သီချင်းကိုတောင်းဆိုပေးကြတဲ့ပရိသတ်တစ်ယောက်ချင်းစီ တိုင်းကိုလည်း ကျွန်တော် ကျေးဇူး တင် ပါတယ်။ဒီဆု ရလို့လည်း ဝမ်းသာတယ်။City FM ကို လည်း ကျေးဇူး အများကြီးတင်ပါ တယ်ခင်ဗျာ” လို့ ဖြိုးမြတ်အောင် က ဆိုပါတယ်။

ဒီဆုအတွက် ဖြိုးမြတ်အောင် နဲ့ Eternal Gosh တို့က ဆန်ခါ တင်စာရင်း ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဖြိုးမြတ်အောင်ကရရှိခဲ့ သွားတာဖြစ်ပါတယ်။တေးသီချင်း တောင်းဆိုခံရမှုအများဆုံး အမျိုးသ မီး တေးသံရှင်ဆုအတွက် ချမ်းမြေ့မောင်ချိုနဲ့ နီနီခင်ဇော်က ဆန်ခါ တင်စာရင်း ဝင်ခဲ့တာ ဖြစ်ပြီး နီနီခင်ဇော်က ဆုကို ဆွတ်ခူး သွားတဲ့တာဖြစ်ပါတယ်။

”အခုလို ဆုရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။အနယ်နယ်အရပ်ရပ်က သီချင်း တောင်းဆိုပေးတဲ့ ပရိသတ်တွေ၊သီချင်းရေးဆရာတွေ၊ သီချင်း ကောင်းတွေ ဖြစ်လာဖို့ အဘက်ဘက်က ပံ့ပိုး ပေးခဲ့ကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်”လို့အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။

ဖြိုးမြတ်အောင်က Myanmar idol (Season3)သီချင်း ဆို ပြိုင်ပွဲကနေ Winner ဆု ရရှိခဲ့ ပြီးနောက် ဂီတ လောကထဲကို တစိုက်မတ်မတ်ဝင်ရောက်လာရင်းအခုဆိုပရိသတ်အခိုင် အမာ ရရှိထားတဲ့ အဆိုတော် ဖြစ်လို့ နေပါပြီ။

နီနီခင်ဇော်ကလည်း Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတ လောကထဲကို ရောက်ရှိလာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီးအခုဆိုရင် ပြည်တွင်းပြည်ပပရိသတ်တွေရဲ့အားပေးမှုကို အခိုင် အမာ ရရှိထားသူဖြစ်သလို ဂီတဆုတွေလည်း အများကြီး ရရှိထားတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ကို ပရိ သတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Celebrity Hot News

(Visited 31 times, 1 visits today)