ချက်နိုင်ငံ မှာ H5N8 ကြက်ငှက် တုပ်ကွေး ပြန်လည် ဖြစ်ပွားနေ

ချက်နိုင်ငံ မှာ H5N8 ကြက်ငှက် တုပ်ကွေး ပြန်လည် ဖြစ်ပွားနေ

ပရိသတ်ကြီးကိုအခုပြောပြ ပေးမှာကတော့ ချက်နိုင်ငံမှာ H5N8 ကြက်ငှက်တုပ်ကွေး ပြန်လည် ဖြစ်ပွား နေတယ် ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ချက်ရီပတ်ဘလစ်နိုင်ငံမှာ တစ်နှစ်နီးပါးကြာ မတွေ့ရှိခဲ့ရတဲ့H5N 8 ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုတွေ ပြန်လည်ဖြစ်ပေါ်လာခဲ့တယ်လို့ပြည်နယ် ဆေးဝါးကုသရေးဌာက သောကြာနေ့မှာ ပြောကြား သွားခဲ့ပါတယ်။

မြို့တော်ပရပ်ဂ် တောင်ဘက် ၉၉ ကီလိုမီတာ အကွာမှာရှိတဲ့ Ta bor ပြည်နယ် အတွင်းက ကြက်မွေး မြူရေး ခြံမှာ ငှက်ကောင်ရေ၃၀ လောက် အတုံး အရုန်း သေဆုံး နေခဲ့ တယ်လို့ တွေ့ရှိ ခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် ကြောင့် အဆိုပါ မွေးမြူ ရေခြံ မှာ ရှိတဲ့ ကြက် ကောင်ရေ အားလုံးကို သုတ်သင် ပစ်သွား မယ်လို့ သိရပြီး ကြက်မွေးမြူတင်ပို့မှုကို တားမြစ်ခြင်း အပါအဝင် ကျန်းမာရေးနဲ့ ပတ်သက် တဲ့ အစီအမံ တွေကိုလည်း ချမှတ် ထားပြီး ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်မှုနောက်ဆက်တွဲအဖြစ် နောက်တစ်နေ့မှာ Pisek ဒေသမှာ ငန်းနှစ်ကောင်သေဆုံးခဲ့ပြီးနိုင်ငံတွင်းမှာ ကူုးစက်မှု ပြန့်နှံ့ နေပြီ လို့လည်း ဆိုပါတယ်။

ဒါဟာ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖြစ်ပွားခဲ့မှုဖြစ်တယ်လို့လည်း ချက်မီဒီယာတစ်ခုဖြစ်တဲ့ CTK က ဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ် အတွင်းကလည်း ဥရောပ တလွှားမှာ

ကြက်ငှက် တုပ်ကွေး ဖြစ်ပွားမှု အများအပြား ရှိခဲ့ပြီး ထောင်နဲ့ ချီတဲ့ ကောင်ရေတွေကို သေဆုံး ခဲ့ရပါတယ်။နိုင်ငံ အများအပြား မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အလုံးအရင်းနဲ့ သုတ်သင် ပစ်ရတဲ့ အထိ ကူးစက်မှု ကြီးမား ခဲ့ကာ ကြီးမားတဲ့ ပြသနာတွေ အဖြစ် ရှိနေ ခဲ့ဖူးပါတယ်။

H5N8 တုပ်ကွေး အမျိုးအစား ကတော့ ကြက် ငှက် တွေ ကတဆင့် လူတွေဆီကို ကူးစက်မှုနှုန်း နည်းပါးတယ်လို့ ယူဆ ရပေမယ့် လည်း ငှက်တွေကိုတော့ လျင်မြန်စွာ သေဆုံး စေနိုင်ပြီး ကူးစက်မှု နှုန်းကလည်း တော်တော်လေး မြန်ဆန် တယ်လို့ သိရပါတယ်။

ဇန်နဝါရီ၁၄ ရက်နေ့ကဖော်ပြခဲ့တဲ့ RT သတင်းဌာနရဲ့သတင်းတစ်ပုဒ် မှာ တော့ ဆွစ်ဇာလန်မှာ လည်း ကြက်ငှက် တုပ်ကွေး ကြောင့် ကြက်ကောင်ရေ တစ်သိန်းကျော် အထိ ကို သတ်ပစ် ခဲ့ရ တယ်လို့ သိရ ပါတယ် ဆိုတဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက် ပါတယ်။

Source : therivernews

(Visited 1 times, 1 visits today)