နှစ်ပေါင်း 5000 ကျော်လာသည့် တိုင်အောင် လက်ချင်း ချိတ်ပြီး အတူတူရှိနေတဲ့ အရိုးစုစုံတွဲ

နှစ်ပေါင်း 5000 ကျော် လာသည့် တိုင်အောင် လက်ချင်းချိတ်ပြီး အတူ ရှိ နေတဲ့ အရိုးစုစုံတွဲ

ပရိသတ်ကြီး ကို အခု ပြောပြ ပေးမှာ က တော့ နှစ်ပေါင်း 5000 ကျော် လာသည့် တိုင်အောင် လက်ချင်း ချိတ်ပြီး အတူ ရှိနေတဲ့ အ ရိုးစုစုံတွဲလေး အကြောင်းပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံ အတွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲကနေ ယနေ့ထက်ထိတိုင် မကွဲမကွာ ရှိနေတဲ့ စုံတွဲတစ်တွဲ ရှိခဲ့ပါတယ်။သူတို့က လွန်ခဲ့တဲ့ နှစ်ပါင်း 5000 လောက်ထဲက သေဆုံးသွားခဲ့တာဆိုပေမယ့် အရိုးစုတွေ က တော့ ယနေ့ ထက်ထိ အတူ ယှဉ်တွဲ ရှိ နေဆဲ ဖြစ်ပါတယ်။

ဒီစုံတွဲရဲ့ အရိုးစုကိုတော့ 2007 ခုနှစ်တုန်းက အီတလီ နိုင်ငံမှာ ရှိတဲ့ Valdaro ရွာကလေးမှာ ဆောက်လုပ်ရေး အတွက် မြေတူးဖော်နေစဉ်မှာ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။တူးဖော် ခဲ့တဲ့ သိပ္ပံပညာရှင် တွေရဲ့ အဆို အရ ထို အရိုးစု နှစ်ခုက တစ်ခု နဲ့ တစ်ခု မျက်နှာ ချင်းဆိုင် လဲလျောင်း နေပြီး လက်မောင်းနဲ့ ခြေထောက်ချင်းလည်း ချိတ်လျက် ရှိနေ တယ်လို့ သိရ ပါတယ်။

တူးဖော်သူတွေက ချစ်သူနှစ်ဦးရဲ့ အရိုးစုတွေကို မကွဲမကွာ အောင် သေချာ အနုစိတ် တူးဖော်ပြီး ထုတ်ယူ ခဲ့ရပါတယ်။အဲ့ဒီ နောက်မှာတော့ ၎င်း ချစ်သူ နှစ်ဦးရဲ့ အရိုးစု တွေကို အီတလီနိုင်ငံ ရဲ့Mau tua မြို့မှာ ရှိတဲ့ ပြတိုက်မှာ နဂို မူလအတိုင်း ပြသ ထားပါတယ်။ဒါ့အပြင် ၎င်း စုံတွဲအရိုးစု ကို တူးဖော် တွေ့ရှိ ခဲ့တဲ့ အတွက် Lov ers of Valdaroလို့လည်း ချစ်စနိုး အမည်ပေး ခဲ့ကြပါတယ် ဆိုတဲ့ အကြောင်း ကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေး လိုက်ပါတယ်။

Source : Myanmar Load

(Visited 11 times, 1 visits today)