နေခြည်ဦးကို ဝတ်မှုန်ရွှေရည်နဲ့ ခိုင်းနှိုင်းပြီးဒဲ့ဖြုတ်လိုက်တဲ့ဂျွန်လွင်

နေခြည်ဦးကို ဝတ်မှုန်ရွှေရည်နဲ့ ခိုင်းနှိုင်းပြီးဒဲ့ဖြုတ်လိုက်တဲ့ဂျွန်လွင်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ နေခြည်ဦးကို ဝတ်မှုန်ရွှေရည် နဲ့ ခိုင်းနှိုင်းပြီး ဒဲ့ဖြုတ် လိုက်တဲ့ ဂျွန်လွင် အကြောင်း လေးပဲဖြစ်ပါတယ်။

Stars and Models အေဂျင်စီရဲ့ ပဲ့ကိုင်သူ ဖြစ်တဲ့ ဂျွန်လွင်က တော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင် များစွာ ကို အစဥ်ဆက်မပြတ် မွေးထုတ် ပေးလာတဲ့ ခေါင်းကိုင် ဖခင်ကြီးလို့ဆိုရ မှာပါ။

Channel K ရုပ်သံလိုင်းကထုတ်လွှင့်ပြီး သရုပ်ဆောင်ခင်လှိုင် ၊ ကေညီ ၊ သိန်းလင်းစိုးတို့ အစီအစဥ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ “ရှုပ်မယ် ရှင်းမယ် ဗြောင်းငြင်းမယ်”

အစီအစဥ်မှာ ဂျွန်လွင် ဧည့်သည် ပါဝင် ခဲ့တုန်းက ပြောဆို ခဲ့တဲ့ အ ကြောင်းအရာ တစ်ခုက ပရိတ်သတ်တွေ ကြားမှာ အတော်လေရေ ပန်းစား ခဲ့ပါတယ်။

အဲ့ဒါကတော့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဝတ် မှုန်ရွှေရည်နဲ့ အပြိုင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်နေခြည်ဦး နဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

နေခြည်ဦး က တော့ beauty blogger တစ်ယောက် အဖြစ် ဆိုရှယ် မီဒီယာ အပေါ်မှာ ကျော်ကြား လာရာ ကနေတဆင့် သရုပ် ဆောင်လိုင်းကို ကူးပြောင်း လာခဲ့သူ ဖြစ်ပါတယ်။

“ အလှကုန်ပစ္စည်း ကြော်ငြာတဲ့ မင်းသမီး တစ်လက် ပေါ့နော်။ အ လှကုန် ဘလော့ဂါပေါ့။သူဆိုရင် ရိုက်ကွင်း ပေါ် တက်လာ တာ စီနီယာတွေ ကိုတောင် အဖက် မလုပ် တော့ဘူး။

branded တွေနဲ့ ချေမိုးပြီး ရောက်ချ လာတာ။စီနီယာ တွေကိုတောင် လေးစားရကောင်းမှန်း ၊နှုတ်ဆက်ရ ကောင်းမှန်း မသိဘူး။တကယ်တမ်း ကျတော့

စီနီယာ ဆိုတာကလေ နင်လား ငါလား ယှဥ်လိုက်တဲ့ အချိန်မှာ နှစ်ယောက်အပြိုင် ဆုံလိုက်တဲ့ ရုပ်ရှင်တစ်ကားကို ကျွန်တော်ကြည့်ဖူးတာကတော့ ဟိုဘက်က ဝတ်မှုန်ရွှေရည်က လုပ်ပြလိုက်တဲ့မျက်နှာ နဲ့ မျက်လုံးကို ဒီဘက် မလိုက်နိုင်ဘူး။

အဲ့ဒါ လေးတွေ ပေါ့လေ။ စီနီယာဆိုတာ ကတော့လေ respect ရှိဖို့ လိုတယ်ပေါ့။ကျွန်တော် ဆိုရင်လည်း ကျွန်တော်တပည့်တွေကို အမြဲ ပြောတယ်။နင်တို့ လူတွေကို ပိုက်ဆံ နဲ့ မပြိုင်နဲ့ ပညာနဲ့ပြိုင်။

ပညာသည် ဆိုတာက ကိုယ်က ဒီပညာကို ပြရမှာလေ။ပညာတစ်ခုကိုလိုချင်ရင် အောက်ကျို့ပြီး ဝင်ရမှာလေ၊အထက်စီးက နေလို့မရဘူး။တချို့က ကျတော့ ငါအွန်လိုင်း ပေါ်မှာ နာမည် ကြီးတယ်။

ငါလုပ်ချင်တာ လုပ်မယ်။ ငါလာပြီ။အဲ့လို လုပ်လို့ မရ ဘူးလေ သိတယ်မလား။ခုနက ပြောသလို နှစ်ယောက် တကယ်တမ်း ယှဥ်လာတဲ့ အခါကျတော့ ဒီဘက်က ဟာက lucky draw မဲလိပ်တွေထည့်တဲ့

ဖန်အိုးကြီး ဖြစ်ပြီး ဟိုဘက်က ရွှေအိုးကြီး ဖြစ်သွားတယ်”လို့ ဂျွန် လွင်က သရုပ်ဆောင် နေခြည်ဦးကို ဝတ်မှုန်ရွှေရည် နဲ့ ခိုင်းနှိုင်း ပြီး ပြောဆို ခဲ့တာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း ကို ပရိသတ်ကြီးအ တွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Daily Myanmar News

(Visited 5 times, 1 visits today)