ယနေ့ကွယ်လွန် သွားပြီဖြစ်တဲ့ တစ်ချိန်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး အသည်းကွဲတဲ့ရောဂါ သီချင်းပိုင်ရှင် အဆိုတော် လာဇရုအတွက် စိ တ်မကောင်း ဖြစ်ပြီး ဆုမွန်ကောင်း တောင်းပေး ခဲ့တဲ့ ကိုပေါက်

ယနေ့ကွယ်လွန် သွားပြီဖြစ်တဲ့ တစ်ချိန်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး အသည်းကွဲတဲ့ရောဂါ သီချင်းပိုင်ရှင် အဆိုတော် လာဇရုအတွက် စိ တ်မကောင်း ဖြစ်ပြီး ဆုမွန်ကောင်း တောင်းပေး ခဲ့တဲ့ ကိုပေါက်

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာကတော့ ယနေ့ကွယ်လွန်သွားပြီဖြစ်တဲ့ တစ်ချိန်က ဒိတ်ဒိတ်ကျဲ နာမည်ကြီးအသည်းကွဲတဲ့ရောဂါ သီချင်းပိုင်ရှင် အဆိုတော်လာဇရုအတွက် စိတ်မကောင်းဖြစ်ပြီး ဆုမွန်ကောင်း တောင်းပေး ခဲ့တဲ့ ကိုပေါက် အကြောင်းလေး ပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် တေးရေးတေးဆို တစ်ယောက် ဖြစ်တဲ့ လာဇရုကယနေ့ဇန်နဝါရီလ ၁၉ ရက် နေ့မှာ အနုပညာလောကနဲ့ ချစ်တဲ့သူတွေ ကိုခွဲခွာ သွားခဲ့ပြီလို့ သိရပါတယ်။လာဇရု ကွယ်လွန် သွားတာ နဲ့ ပတ် သက် ပြီး အနုပညာလောက က ညီအစ်ကိုမောင်နှမ တွေကလည်း စိတ်မကောင်း ဖြစ်ရတာ ကိုလည်း မြင်တွေ့ရပါတယ်။ကိုပေါက်ကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ ဝမ်းနည်းကြေကွဲစွာနဲ့ စိတ်မကောင်းစာလေး ရေးသား ဖော်ပြ ထားပါတယ်။”

ကြေကွဲ စရာ များနဲ့ ထွက်သွား လေသူ ဘဲကြီးရေ ခင်ဗျား နဲ့ ကျွန် တော် စ ဆုံခဲ့တဲ့အချိန်တွေ မှတ်မိနေသေးတယ် လာဇရု ဆိုတာ ကို ဇော်ဝင်းထွဋ် အသံနဲ့တူလို့ စတင် သတိထားမိပြီးနောက် ခင်ခဲ့မင်ခဲ့ကြတယ် ဒါရိုက်တာမိုးအောင် (ကိုမိုးအောင်) နဲ့အတူတူကို လာဇရုက ကျွန်တော် တို့ရဲ့ သိဒ္ဓိရှင် ရိုက်ကူးရေးကို ရောက်ရောက်လာတ တ်တယ်

ပျော်ပျော်ရွှင်ရွှင် ဟေးလားဝါးလား အတူတူ နေခဲ့ ကြပြီး ဂျီးလတ်မုတ်ဆိပ်ရိတ်ဓား ကြော်ငြာအတွက် ကျွန်တော်ရေးတဲ့သီချင်းကို ခ င်ဗျား ဆိုပေးခဲ့တယ်လွန်ခဲ့တဲ့ အနှစ်(၂၀ ) လောက်ကပေါ့ဘောက်ထော်က Max studioမှာ အသံသွင်းတော့ ဂျမားကအသံဖမ်းတယ် ကျွန်တော်နဲ့ ကိုဇော်မင်းသိမ်း တို့ထောင်ထားတဲ့The Par rs band နဲ့တီးကြတော့ ဂစ်တာ ဇော်မင်းသိန်းဘေ့စ် ကိုထွန်း ဒရမ် ဗီနိုထွန်းKB (မမှတ်မိတော့ပါ)Band မန်နေဂျာက

ကျွန်တော် ကိုပေါက် ဆရာစံလမ်း သမဝါယမစင်တာ မှာ ကုန်စည် ပြပွဲ လုပ်တော့ အပေါ်ဆုံးထပ်မှာ ကျွန်တော်တို့ တီးဝိုင်း နဲ့ အတူ ခ င်ဗျား လာဆိုသေးတယ် အဲ့ဒီနောက် ကျွန်တော်က တာမွေ တောင်မြင်းပြိုင်ကွင်းလမ်းအိမ်ကို ပြောင်းတော့ ခင်ဗျားနဲ့ အိမ်နီးချင်းတွေဖြစ်ရ ပြန်တယ်

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပျော်ဘွယ်မြို့ တန်ဆောင်တိုင် အတွက်ကိုဇော်မင်းသိန်း တို့အဖွဲ့နဲ့ ခင်ဗျား လိုက်မလား ဆိုတော့“လိုက်မှာပေါ့ကိုပေါက်ကြီး ကလည်း ငွေရေးကြေးရေး စကားမပြောဘူး ရှိုးမဆိုရတာ ကြာလို့ ဖျဲမယ်ဗျာ”တဲ့ပျော်ဘွယ်က ပြန်လာတော့ ကျွန်တော့ကို ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောလာတယ် အဲ့နေ့ကထဲက မတွေ့ဖြစ် မဆုံဖြစ် မကြား ရတော့တဲ့ ခင်ဗျားရဲ့ သတင်း ကပြန်ကြားရလိုက်ချိန် ရင်ထဲမကောင်းဘူးဗျာ ဘဲကြီး ခင်ဗျား အ ရက်တွေ အရမ်းသောက်သွားတယ်နော် နည်းနည်းလျော့ဦးလို့ပြောတော့“ လျှော့ သောက်နေပါပြီ ရေရောတာ”တဲ့

ခင်ဗျား ချစ်တဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုမိုးအောင် (မိုးအောင်ရဲ့လက်ရာ) ကိုစိန်လင်း(ပုံရိပ်ရွှေမြေ)ကိုသန်းထိုက် ကြော်ငြာဒါရိုက် တာ တို့ကတော့ ထွက်သွားနှင့်ကြပြီ အခုခင်ဗျားက သူတို့ နောက် လိုက်သွားရ ပြန်ပြီ ဘာပဲဖြစ်ဖြစ်ဗျာ ကောင်းရာဘုံဘဝမှာ ခင်ဗျားချစ် တဲ့ သီချင်းတွေ နဲ့ နီးစပ် ခံစားခွင့် ရနေဦး မှာပါ ကျူပ်တို့ က တော့ ခင်ဗျားရဲ့ ကြေကွဲစရာတွေနဲ့ အသည်းကွဲတဲ့ရောဂါ ကို ကုဖို့ ကြိုးစားပြီး ခင်ဗျားကို သတိရ နေကြမှာပါ ကိုပေါက်ကြီးလို့ အမြဲခေါ် တဲ့ ခင်ဗျားရဲ့ တစ်ခါက သူငယ်ချင်း ကိုပေါက်” ဆိုပြီး စိတ်မကောင်းစရာ ရေးသားထားပါတယ် ဆိုတဲ့အကြောင်း ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : CELE NEWS

(Visited 8 times, 1 visits today)