ထီပေါက်ရင် ကား ပြန်ဝယ် ပေးမယ်လို့ ပြောတော့ သားက ကျောင်းပြန် တက်ချင်တာ ဆိုတဲ့ ထီရောင်းတဲ့ ကလေး

  • ထီပေါက်ရင် ကားပြန်ဝယ်ပေးမယ်လို့ ပြောတော့သားက ကျောင်းပြန် တက်ချင်တာ ဆိုတဲ့ ထီရောင်းတဲ့ ကလေး

ပရိသတ်ကြီးကို အခု​​ပြောပြ ပေးမှာကတော့ ထီပေါက်ရင်ကားပြန်ဝယ်ပေးမယ်လို့ ပြောတော့ သားက ကျောင်းပြန် တက်ချင် တာဆိုတဲ့ ထီရောင်းတဲ့ ကလေး အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဘဝမှာ စားဝတ် နေရေး အခြေ အနေကြောင့် ငယ်ငယ် ရွယ်ရွယ်နဲ့ ရုန်းကန် နေရသူတွေ အများကြီး ရှိပါတယ် သူတို့ ဘဝတွေ က ကို ယ်တိုင်ကြိုးစားဖို့ လိုသလို တတ်နိုင် သူတွေ ကလည်း ဘေး ကနေဝိုင်းဝန်းထောက်ပံ့ပေးဖို့လိုပါတယ် ဒါမှသာဆင်းရဲမှုတွေ​ လျော့ပါးပြီး လူတိုင်းအေးဆေးနေနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခုကိုတည် ဆော က်နိုင်မှာ ဖြစ်ပါတယ်

အခုပြောချင် တဲ့ အကြောင်းလေးကလည်း အသက် ငယ်ငယ်နဲ့ ထီရောင်းနေတဲ့ ကလေးလေးတစ်ဦးရဲ့ ကျောင်းတက်ချင်တဲ့ အိပ်မက်လေးတစ်ခု အကြောင်းပဲ ဖြစ်ပါတယ် ဒီ အကြောင်းလေး ကို လူမှုကွန်ရက်မှာ ခုလို ဖော်ပြထားတာ တွေ့ရပါတယ် ချစ်လိုက်တာ

ဓာတ်ပုံ အရိုက်ခံရင်ထီထိုးမယ်ဆိုတော့ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာ ထီထိုးပါတဲ့ သူရွေး ပေးတဲ့ ၁၀စောင်တွဲ ယူတော့ ဖုန်းနံပါတ်ရေးတယ် လက်ရေးက ခနော်ခ နဲ့ ဘယ်နှတန်းအထိ ကျောင်းနေဖူးသတုံးဆိုတော့ ၅တန်းနဲ့ ကျောင်းထွက် လိုက်ရတာတဲ့တို့တိုင်းပြည်က မဖူးခင် ကြွေရတဲ့ပန်းတွေ သူထီရောင်း နေတဲ့ လမ်းက စာသင် ကျောင်းနဲ့ကပ်လျက် စာသင်ခန်းထဲက စာအံသံတွေလမ်းမကကြားနေရတယ်

ကလေးရယ်သူလည်း ကျောင်းနေချင်ရှာမှာပဲ အဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲ မရှိပဲ လမ်းပေါ်မှာ ရှာဖွေစားနေရတာ မြင် ရရင်လေ အလိုလို ရင်ထဲမှာ မကောင်း တော့ဘူး လူတကာရဲ့ အခက်အခဲ ကို ယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ ဒါပေမယ့်ကို​ယ်ကလေး နဲနဲ ဖြစ်ဖြစ် သက်သာမယ် ဆိုလည်း လုပ်မယ်

တကယ်က ဒီလအတွက် ထီကရုံးမှာ ညီမတစ်ယောက်ဆီကထိုးပြီးသား သူ့ကိုမြင်တော့ ၁၀စောင်ထပ်ထိုးတယ် ဆုကြီးပေါက်ရင် မင်းကိုထီ ရောင်းဖို့ ကားတစ်စီးဝယ် ပေးမယ် လို့ ဆိုတော့ သားက ထီ ပေါက်ရင် ကျောင်းပြန်တက်မှာ တဲ့

Ok အန်တီပေါက်ရင်လည်း သားကိုကျောင်းပြန်တက်ရအောင်လု ပ် ပေးမယ်လို့ ပြောတော့ ရီနေတယ် ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိသလို သူလည်းအတွေးနဲ့ပျော်ပါစေ ကျောင်းထဲမှာ ပျော်နိုင်ပါစေ ကလေးရယ်။”ဆိုပြီး ကိုယ်တိုင် ကြုံရသူတစ်ဦးက ရေးထားတာပဲ ဖြစ်ပါစေ ကျနော်တို့

ပတ်ဝန်းကျင်မှာ ကျောင်းနေချင် တဲ့ အဲဒီလို က​လေးဘယ်လောက်များနေပြီလဲ ကျနော်တို့ သူတို့ကို ဘာတွေကူညီနိုင်မလဲဒါတွေ စဉ်း စားဖို့လိုပါတယ် ကိုယ်တိုင် မကူညီနိုင်တောင် မှ ကူညီ နိုင်သူ တွေ တွေ့အောင် Share ပေးတာ အပန်းမကြီးတာမို့ ဒီစာလေးကိုပရိ သတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ရပါတယ်။

Credit

(Visited 3 times, 1 visits today)