တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းမည့်ထူးအယ်လင်းတို့အဖွဲ့ ပလက်ဝအထိမရောက်နိုင်ဖြစ်နေ

တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းမည့်ထူးအယ်လင်းတို့အဖွဲ့ ပလက်ဝအထိမရောက်နိုင်ဖြစ်နေ

Thursday, April 30, 2020 ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ဆမီးမြို့မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူများကို အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းနေတဲ့ အဆိုတော် ထူးအယ်လင်းနဲ့ အဖွဲ့ဟာ အဆိုပါနေရာများမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဆက်သွားလို့ မရဖြစ်နေတယ်လို့ ဧပြီလ ၂၉ ရက်နေ့က Live လွှင့်ပြီး ပြောခဲ့ပါတယ်။

“အခု ရောက်နေတဲ့ နေရာက မင်းတပ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ တည်းနေတဲ့နေရာက HH Hotel မှာပါ။ ကျနော်တို့ သွားမယ့် ရည်ရွယ်ချက်ကတော့ ချင်းပြည်နယ်၊ ပလက်ဝ စစ်ဘေးရှောင်တွေကို သွားလှူချင်တာပါ။ ဒါပေမဲ့လည်း ဆမီးထိ သွားဖို့အတွက်က အဆင်မပြေဘူး။ ဆမီးနဲ့ ပလက်ဝကြားမှာ တိုက်ပွဲဖြစ်နေတယ်။

သွားတဲ့ခရီးတွေက အဆင်မပြေဘူး။ ဟိုတယ်မှာပဲ သောင်တင်နေတယ်”လို့ ထူးအယ်လင်းက ပြောထားပါတယ်။ လမ်းခရီးမှာ အခက်အခဲ ရှိနေပေမယ့် ချင်းပြည်နယ် လျှပ်စစ်နဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ကူညီစီစဉ်ပေးတဲ့အတွက်ကြောင့် အဆင်ပြေတယ်လို့လည်း သိရပါတယ်။ “ကျနော်တို့ အဆင်ပြေကြပါတယ်။

ကျနော်တို့ကို ကူညီပေးတဲ့ လျှပ်စစ်နဲ့ စည်ပင်သာယာဝန်ကြီး ဦးစိုးထက်ကနေ ကျနော်တို့ရဲ့ပစ္စည်းတွေကို ဆမီးထိ ပို့ပေးဖို့ကို ကူညီပေးတယ်။ ဝန်ကြီးက ကားတွေ စီစဉ်ပေးတယ်။ အဲဒါနဲ့ ကျနော်တို့လည်း မင်းတပ်မှာနေပြီးတော့ ကျနော်တို့ ကူစရာလေးတွေ ကူမယ်ပေါ့။ သွားရေးလာရေးက အဆင်မပြေဘူး။ ပစ္စည်းတွေကို

ဝန်ကြီးရဲ့ကားနဲ့ပဲ တင်ပေးရမယ်။ ရန်ကုန်ရောက်ရင်လည်း လိုအပ်တဲ့ပစ္စည်းတွေကို ထပ်လှူမယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်တဲ့ စားသောက်ကုန်၊ ဆေးဝါး၊ PPE ၊ Mask များ ၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို ထူးအယ်လင်း ဦးဆောင်ပြီး အနယ်နယ်

အရပ်ရပ်မှ အလှူရှင်များ၊ အနုပညာရှင်တချို့ ပါဝင်လှူဒါန်းမှုနဲ့ အတူ ငွေကျပ် သိန်း ၂၀ဝ ဖိုးလှူဒါန်းခဲ့တာ ဖြစ်ပါတယ်…လေးစားစွာဖြင့် Chin News Journal – CNJ အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ