



unicode မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဖေါင်စိန်ရပ်တွင် တအိမ်ထဲနေ သားအဖ နှစ်ယောက်သေဆုံးမှု ဖြစ်ပွား

(30.4.2020) မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ် ဖေါင်စိန်ရပ်ကွက်မှာ ယနေ့ တစ်အိမ်တည်းနေ သားအဖနှစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ သေဆုံးသူများမှာ ဦးမောင်ဒင် အသက်(၉၀)နှစ် အဖေနှင့် ဦးသောင်းဖေ အသက်(၅၀)နှစ် သားဖြစ်သူတို့ ဖြစ်သည်ဟု သိရပါသည်။

ရဲတပ်ဖွဲ့မှအကူအညီတောင်း၍ သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ နေအိမ်မှ ဆေးရုံသို့ပို့ဆာင်ပြီး ဆေးစစ်ချက်ယူကာ ဖေါင်စိန်ရပ်ကွက် သုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ မိသားစုများ မှ အစာအဆိပ်သင့်သည်ဟု ပြောကြောင်း ကနဦး သိရပါသည်။ Zin Moe ဓါတ်ပုံ – ဦးကျော်ဝင်း(သံဖြူဇရပ် နာ/ကူ)