တစ်လုပ်စားဖူးတဲ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အသားဆိုင်ရှေ့မှာစောင့်ရှောက်ပေးနေတဲ့ လမ်းဘေးခွေးလေး

တစ်လုပ်စားဖူးတဲ့ ကျေးဇူးကို ဆပ်တဲ့အနေ နဲ့ အသားဆိုင်ရှေ့မှာစောင့်ရှောက် ပေးနေတဲ့ လမ်းဘေး ခွေးလေး

ပရိသတ်ကြီးကို အခု ပြောပြပေးသွားမှာ ကတော့ တစ်လုပ် စားဖူးတဲ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အသားဆိုင် ရှေ့မှာစောင့်ရှောက်ပေးနေတဲ့ လမ်းဘေးခွေးလေး ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

သာမန်အားဖြင့်ဆိုရင် ခွေးတစ်ကောင်ဟာ အသားတွေရှိရာနားမှာ ရှိနေမယ်ဆိုရင်အသားတွေကိုစားမှာပါပဲ။ တရုတ်နိုင်ငံကခွေးလေး တစ်ကောင် ကတော့ ထူးခြားပါတယ်။ အသားတွေကို ယူစားမယ့်အစား အသားဆိုင် ရှေ့မှာထိုင်ပြီး ဆိုင်ကို စောင့်ရှောက် ပေးနေပါတယ်။

တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ အဲဒီဈေးဧရိယာ အတွင်းကလူအတော်များများဟာ ဈေးထဲမှာ လှည့်လည် သွားလာနေတဲ့ လမ်းဘေးခွေးများစွာကို တွေ့မြင်နေကြ ဖြစ်ပေမဲ့ ခွေးလေး တစ်ကောင် ကိုတော့ ထူးထူးခြားခြား သတိထား မိကြပါတယ်။ အဲဒီလမ်းဘေးခွေးလေးဟာ မကြာခဏဆိုသလို အသားဆိုင်တစ်ဆိုင်ကိုလာလေ့ရှိပြီး အဲဒီရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေ တတ်ပါတယ်။

သူဟာ အသားတွေကိုမထိတဲ့အပြင် ငဲ့တောင် မကြည့်ပါဘူး။ မူလကတော့ ဒေသခံ တွေဟာ ခွေးလေး အနေ နဲ့ အသား စားချင် တာကြောင့် ဆိုင်ကို လာလာ နေတယ် လို့ ထင်ခဲ့ ကြပါ တယ် ။ အမှန်တော့ အဲဒီဆိုင်ကအလုပ်သမားတွေရဲ့အဆိုအရ ခွေးလေးဟာ သူတို့ကို ကူညီတဲ့ အနေနဲ့ ဆိုင်ကို လာစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းကို ဒေသတွင်းသတင်းဌာန တစ်ခုကလည်း ဖော်ပြခဲ့ပါတယ်။ အဲဒီလိုချစ်စရာ အပြုအမူလေးရဲ့ နောက်ကွယ်မှာတော့ စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခု ရှိနေပါတယ်။ တစ်နေ့မှာ အဲဒီအသားဆိုင်ပိုင်ရှင် ပြန်ခါနီးအချိန်မှာအရမ်းဆာလောင်မွတ်သိပ်နေတဲ့ သနားစရာ ခွေးလေးဟာ ဆိုင်ကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။

အရမ်းကြုံလှီပြီး ငတ်ပြတ်နေဟန်ပေါ်တဲ့လမ်းဘေးကခွေးလေးကို အသားတချို့ကျွေးမွေးခဲ့ပါတယ်။အဲဒီနေ့ကတည်းကခွေးလေးဟာ နေ့တိုင်း အသားဆိုင်ကို ရောက်လာလေ့ရှိပါတယ်။ ဒါပေမဲ့ သူဟာ အသားကို အစာတောင်းလေ့မရှိဘဲ ငြိမ်ငြိမ်လေးပဲ ဆိုင်ရှေ့မှာထိုင်နေတတ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုက တော့ တစ်ခါတရံမှာ ဆိုင်ကိုဝယ်သူလာတာ မြင်တာနဲ့ ဆိုင်ရှင်ဆီကို ခပ်တိုးတိုးလှမ်းဟောင်ပြီး ဝယ်သူ လာနေကြောင်းလည်း သတင်းပေးတတ်ပါသေးတယ်။ တ ကယ်ကို သိတတ်လိမ္မာပြီး ချစ်စရာကောင်းတဲ့ခွေးလေးပါပဲ။ အဲဒီနောက်ပိုင်း မှာတော့ ဆိုင်ရှင် ကလည်း ခွေးလေးဟာ သူ့ကို အစာ ကျွေးခဲ့ဖူးတဲ့ အတွက် အခုလို ပြန်ကူနေတာကို သိသွားခဲ့ပါတယ်။

တစ်ဦး မေတ္တာ တစ်ဦးမှာ ဆိုသလို ပါပဲ။ ခွေးလေးဟာလည်း တစ်လုပ်စားခဲ့ဖူးတဲ့ ကျေးဇူးကိုမမေ့ဘဲ ဆိုင်ရှင် ဆိုင်အနောက်ဘက်ကိုရောက်နေတဲ့ အချိန် ဆိုင်ရှေ့နားမှာထိုင်ပြီး ဆိုင်ကိုစောင့်ကြည့်ပေး လေ့ရှိပါတယ်။ ဒီအကြောင်းလေးကိုပရိသတ်ကြီးအတွက်ပြန်လည် ဝေမျှ ပေးလိုက် ပါတယ်နော်။ ပရိသတ်ကြီးလည်းသာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ။ credit

Tags: