ဆေးကုမပေးချင်တဲ့ ဒေါက်တာက သေပြီဆုံးဖြတ်လိုက်လို့ အခေါင်းထဲ ထည့်ခံလိုက်ရတဲ့လူနာ

ဆေးကုမပေးချင်တဲ့ ဒေါက်တာက သေပြီဆုံးဖြတ်လိုက်လို့ အခေါင်းထဲ ထည့်ခံလိုက်ရတဲ့လူနာ

သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်တစ်ဦးကတော့ ဆေးကုမပေးချင်တဲ့ ဒေါက်တာက သူမကို သေပြီဆုံးဖြတ်လိုက်တာကြောင့် ဆေးရုံနာ/ကူဌာန ဝန်ထမ်းတွေက သူမကို ပလက်စတစ်အိတ်အမည်းထဲကို ထည့်ပြီး နေအိမ်ကို ပြန်ပို့ဖို့ ပြင်ဆင်ခဲ့ပါတယ်။ လူနာအမည်မှာ Gladys Rodríguez de Duarte ဖြစ်ပြီး

ပါရာဂွေးနိုင်ငံ၊ Coronel Oviedo မြို့က San Fernando Clinic ဆေးရုံမှာ တက်ရောက်ခဲ့တာပါ။သူမဟာ သားအိမ်ခေါင်းကင်ဆာကြောင့် အရေးပေါ်ဆေးရုံ တက်ခဲ့ရတာတော့ မဟုတ်ပါဘူး။ သွေးဖိအားအလွန်အမင်း တက်လာတာကြောင့် လေဖြတ်နိုင်ခြေရှိလို့ဆိုပြီး ဆေးရုံကို တက်ရောက်ခဲ့ရတာပါ။

နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးလည်း စိုးရိမ်ရလို့ အရေးပေါ်ဆေးသွင်းထားတဲ့အတွက် ဆေးအရှိန်ကြောင့် မှိန်းနေစဉ်မှာ တာဝန်ကျ ဒေါက်တာက သေပြီလို့ ဆုံးဖြတ်ခံခဲ့ရတာပါ။ဒါပေမယ့် ဆေးရုံဝန်ထမ်းတွေဟာ သူမရဲ့ဘော်ဒီကို အိတ်အမည်းနဲ့ ထုတ်ပိုးနေစဉ်မှာပဲ လက်ခြေတွေ လှုပ်ရှားလာလို့ စစ်ဆေးကြည့်တဲ့အခါ

Duarte ဟာ အသက်ရှင်လျှက် ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဆေးရုံတာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ကြပြီး၊ မိသားစုဝင်တွေက သူမကို အခြားဆေးရုံတစ်ခုကို ပြောင်းပြခဲ့ပါတယ်။ သူမကို စစ်ဆေးခဲ့တဲ့ ဒေါက်တာကတော့ Heriberto Vera ဖြစ်ပါတယ်။Duarte ဟာ အသက်(၄၆)နှစ်သာရှိသေးပြီး၊ သူမ သေဆုံးပြီးဖြစ်ကြောင်း

ဆေးရုံသေဆုံးပုံစံကို ဒေါက်တာ Heriberto ကိုယ်တိုင် အတည်ပြုလက်မှတ်ထိုးပြီး Duarte ရဲ့ခင်ပွန်းနဲ့သမီးထံကို ပေးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ Duarte ရဲ့မိသားစုဝင်တွေဟာ ဒေါက်တာ Heriberto နဲ့ San Fernando Clinic ဆေးရုံတာဝန်ရှိသူတွေကို တရားစွဲဆိုထားပါတယ်။

ကာယကံရှင်မိသားစုကတော့ ဒေါက်တာ Heriberto ဟာ တမင်သက်သက် ဆေးကုမပေးချင်လို့ သေပြီလို့ ပြောခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခြားသတင်းမှာတော့ Duarte ဟာ နေအိမ်ကိုရောက်မှ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့လည်း

ဖော်ပြထားပါတယ်။ တရားစွဲဆိုမှုကို ခင်ပွန်းဖြစ်တဲ့ Maximino Duarte Ferreira က ဦးဆောင်တိုင်ကြားထားပါတယ်။ Duarte ကတော့ Instituto de Prevision Social (IPS) အမည်ရ ဆေးရုံကို ပြောင်းလဲ ကုသမှုခံယူနေပါတယ်တဲ့။

ဘာသာပြန်-လင်းဇော်ကို/Ref ; DailyStar