သားဖြစ်သူမျက်နှာ မငယ်ရစေဖို့ အတွက်ယောင်္ကျားတစ်ယောက် အဖြစ်ကို ခေတ္တ ပြောင်းလဲပစ်ခဲ့တဲ့ မိခင်အမျိုးသမီး

သားဖြစ်သူမျက်နှာ မငယ်ရစေဖို့ အတွက်ယောင်္ကျားတစ်ယောက် အဖြစ်ကို ခေတ္တ ပြောင်းလဲပစ်ခဲ့တဲ့ မိခင်အမျိုးသမီး

ခုတစ်ခါပြောပြ ပေးချင်တဲ့ အကြောင်းရာလေး ကတော့ မိခင်တစ်ယောက်ရဲ့ သားသမီးတွေ အပေါ် မှာ ထားတဲ့ ချစ်ခြင်း မေတ္တာ ကို ထင်ဟပ် စေခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။

ဒီ ဖြစ် ရပ် လေး ကတော့ သားဖြစ်သူရဲ့ ကျောင်းမှာ ကျင်း ပ တဲ့ “Donut with dad” ဆိုတဲ့ ပွဲလေးမှာ သားဖြစ်သူ မျက်နှာ မငယ် စေဖို့အတွက် ယောကျာ်းကြီး ပုံစံ ကိုဝတ်ဆင်ပြီး အဖေတစ်ယောက်အနေနဲ့ တက်ရောက်ပေးခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ “Donut with dad” ဆိုတဲ့ပွဲလေးကတော့ ကျောင်း သားတွေနဲ့အတူ သူတို့ရဲ့ဖခင်တွေ ဒိုးနပ်မုန့်အတူ စားတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖခင်နဲ့ ကွဲကွာနေတဲ့ အဲ့ဒီကလေးလေးဟာ အစောပိုင်းမှာ စိတ်ဓာတ် ကျနေခဲ့ပေမယ့်လည်း သူ့ရဲ့မိခင်ဖြစ်သူက မယုံနိုင်စရာ တစ်ခုကို လုပ်ပြသွားခဲ့ပါတယ်။ သူမဟာ ယောကျာ်းလေးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး ဒီပွဲကိုသားဖြစ်သူနဲ့အတူ ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ အခုလို ထင်မှတ် မထားတဲ့ လုပ်ရပ် လေးက သား ဖြစ်သူကို အတော်လေးကို ပျော်ရွှင်သွား စေခဲ့ပြီး ထိုပွဲလေးကို သားအမိနှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားခဲ့ ပါတယ် ။ သူမတို့ သားအမိနှစ်ယောက်ရဲ့ သတင်းလေးဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး မိခ်င်မေတ္တာပြည့်ဝတဲ့ သူမရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

သားသမီးတွေ အပေါ် အမြဲ အနွံတာခံပေးနေတဲ့ မိဘတွေရဲ့ ကျေး ဇူးဟာ ဆပ်လို့ မကုန် နိုင် လောက် အောင် ကြီးမားတာမို့ ပရိသတ်ကြီးလည်း မိဘကို သိတတ် နားလည်ပေးတဲ့ သားသမီးတွေ ဖြစ်ပါစေနော်….source: You Know What

(Visited 3 times, 1 visits today)