မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေတကယ် ထွက်တဲ့ သစ်ပင်

မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေတကယ် ထွက်တဲ့ သစ်ပင်

သိပ္ပံ ပညာရှင် တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ် လို့ဆိုလို့ရတဲ့ ယူကလစ် သစ် ပင်တွေကို မတော်တဆ တွေ့ ရှိ ခဲ့ပါတယ်။ ဒီအ ပင်တွေကို ဘယ်လို အသုံးချ ကြမလဲ ။ ပုံပြင် ထဲ မှာတော့ ကိုယ်လို ချင်တဲ့ ပစ္စည်း တွေ ကို အပင် တွေ ဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။

ရှေးတုန်း ကလဲ ပစ္စည်းတွေ သီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့ တယ်လို့ လူကြီးတွေက ပြောဖူးကြပါတယ်။ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်း တော့ မ ဟုတ် ပေ မယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။

ရွှေ ထွက် တဲ့ သစ်ပင် တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ ဒေသ ဖြစ် လဲ Goldfields- Esperance ဒေ သ ဖြစ်ပြီး သြစတြေးလျတိုက် အနောက် ဘက် မှာ ရှိ တာပါ ။ မူလ ကတော့ ရှာဖွေသူ တွေ ဟာ ဒီ ရွှေထွက်တဲ့ မြေ အောက် မှာ ဘာရှိသလဲ ဆိုတာလောက်ပဲ ရှာဖွေဖို့ ရည်ရွယ် ခဲ့ ပေမယ့် တကယ်ရွှေ တွေတော့ မြေကြီး ထဲမှာ မဟုတ်ဘဲ ယူကလစ် သစ်ပင် တွေမှာ သွား တွေ့ပါတယ်။

အဲဒီ သစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံ ရ ပေမယ့် လဲ မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အ ပင် တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း ကောင်း တာကြောင့် ရေသောက်မြစ်တွေက ဘယ်လို မြေအောက်ရေကို အသုံး ချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။

ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက် က ရွှေတွေဟာ သစ် ပင် ကနေဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။တကယ်တော့ ယူကလစ် သစ်ပင်တွေ ရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေ ရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။သစ်ပင် တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေသယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိ ပ် ဖြစ် တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်း လို ဖြစ်ေ နပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီးနောက် အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်း မှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့အ ရွက် တွေဆီ ပို့ပေး လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ ရှိ သူ တွေက အစက မယုံကြသေးပါဘူး။ ဖန်လုံအိမ် ထဲမှာလည်း အဲဒီအပင်တွေ ရွှေတွေကိုသယ်ဆောင် နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်ခဲ့ကြရာမှာ အမှန် ဖြစ် တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။

အဲဒီ Eucalyptus အပင် တွေက ရွှေ ထွက် ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲလို ရွှေ ထွက် တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်း မှ လက် ထပ် လက် စွပ် တစ် ကွင်း စာ လုပ်ဖို့ လုံ လောက် တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။

အဲ ဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှာ အသုံး မဝင် ရင် ဘယ်မှာသုံးကြပါမလဲ။ ရွှေထုတ် တဲ့ နေရာမှ သုံးကြပါ တယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မ ရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာ စရာ မလိုတော့ ပါဘူး။credit: original upliader

(Visited 5 times, 1 visits today)