ယနေ့ မန္တလေးဆေးရုံကြီးတွင် သံသယလူနာ(၅)ဦးထပ်မံသေဆုံး၊ နှစ်ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါမတွေ့ရှိ

မန္တလေးဆေးရုံကြီးတွင် သံသယလူနာ(၅)ဦးထပ်မံသေဆုံး၊ နှစ်ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါမတွေ့ရှိ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် Covid-19 သံသယလူနာ (၅)ဦးဧပြီ(၂၅)ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ပြီး နှစ်ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ သိရသည်။

ဧပြီ(၂၅)ရက်နေ့တွင်သေဆုံးခဲ့သည့် သံသယစောင့်ကြည့်လူနာ (၅)ဦးမှာ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နှင့် မတ္တရာမြို့တို့မှဖြစ်ပြီး သေဆုံးခဲ့သူ(၅)ဦးသည် နိုင်ငံရပ်ခြားသို့ ခရီးသွားရာဇဝင်မရှိဘဲ

နှာစေး၊ ချောင်းဆိုး၊ ကျောက်ကပ်၊ အဆုတ်မကောင်းသူများနှင့် ဆီးချိုရောဂါရှိသူများဖြစ်သည်။ ဧပြီ(၂၄)ရက်နေ့က သံသယလူနာ(၇)ဦးသေဆုံးခဲ့ပြီး သေဆုံးသူများမှာ ကောလင်းမြို့နယ်မှ တစ်ဦး၊ အောင်မြေသာစံမြို့နယ်မှ တစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ တစ်ဦး၊မတ္တရာမြို့နယ်မှ တစ်ဦး၊

သပိတ်ကျင်းမြို့နယ်နှစ်ဦးနှင့် တန့်ဆည်မြို့နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း၊ သံသယစောင့်ကြည့်လူနာ(၇) ဦး အနက်(၄)ဦး၏ ဓာတ်ခွဲအဖြေတွင် COVID- 19ရောဂါပိုး မတွေ့ရှိရဘဲ ကျန်လူနာများ၏ဓာတ် ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် လက်ရှိမန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် သံသယစောင့်ကြည့်လူနာအရေအတွက်မှာ (၉၂) ဦးရှိကြောင်း သိရသည်။ ဦးရာဇ

လေးစားစွာဖြင့် News Watch အား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ