မချမ်းဘော မြို့နယ် မလိခ မြစ် ထဲမှာ လေယာဉ်ဟောင်း တစ်စီးတွေ့

မချမ်းဘော မြို့နယ် မလိခ မြစ် ထဲမှာ လေယာဉ်ဟောင်း တစ်စီးတွေ့

ကချင်ပြည်နယ် ၊ မချမ်းဘော မြို့နယ်၊ မန်နိူ ရွာဘေးက မလိခမြစ်ထဲမှာ ဒီနေ့ လေယာဉ်ဟောင်း တစ်စီး တွေ့တယ်လို့ မြစ်ထဲ ကိုယ်တိုင် ဆင်းကြည့် ခဲ့တဲ့ NLD ပါတီရဲ့ မချမ်းဘော မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအကျောန်လအောင်ဆီက သိရပါတယ် ။

“အဲဒီရွာမှာ စည်းရုံးရေး လုပ်ပြီးမှ အပြန်မှာ ရွာက ဒီနေ့မှ သိတယ်ထင်တယ် ။ မလိခ မြစ်ထဲမှာ မြုပ်နေတာ ။ ကျွန်တော်လည်းအသေး စိတ်တော့ မမေး ကြည့်မိဘူး ။ ကျေးရွာက လူထုက အမှ တ် အသားလည်း လုပ်ထားတယ် ။”လို့ ဦးအကျောန်လအောင် က ပြောပါတယ် ။

အဲဒီ လေယာဉ်ဟာ ရှေးဟောင်း လေယာဉ် ဖြစ်ပြီး ရေငုပ် မျက်မှန်မပါတဲ့ အတွက် အသေးစိတ် မကြည့် လိုက်ရဘူး လို့လည်း သူကပြောပါ သေးတယ် ။

ဒီနေ့ မှာတော့ လေယာဉ်ရဲ့ ကိုယ်ထည် ကိုပဲ တွေခဲ့ တာ ဖြစ်ပြီး မနက်ဖန် အောက်တိုဘာလ (၁၇) ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ တွေက သွားရောက် စစ် ဆေးမယ် လို့လည်း သိရ ပါတယ်။ credit : O media

Tags: