နောင်ပွင့်တော်မူမည့် ဘုရားနှင့် မတွေ့နိုင်သူ မဖူးထိုက်သူ (၇)ဦး

နောင်ပွင့်တော်မူမည့် ဘုရားနှင့် မတွေ့နိုင်သူ မဖူးထိုက်သူ (၇)ဦး

နောက်ပွင့်မယ့် ဘုရားရှင်က အရိမေတ္တယျမြတ်စွာဘုရားရှင်ပဲ ဖြစ်ပါတယ်… မြတ်စွာ ဘုရားရှင်ကို ဖူးမြော် ရပါလို၏ လို့လည်း ဆု တောင်းဖူးကြမှာပါ…

ဘုရားနှင့် မတွေ့နိုင်သူ..မဖူးထိုက်သူ (၇)ဦး ဆိုတာ ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓ ဘာသာဝင်တို့ သိထား နိုင်ဖို့နဲ့ အဲဒီလို လူမျိုး မဖြစ်အောင် ရှောင်ကြည် နိုင်ဖို့ ဒီ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်..

ဘုရားနှင့် မတွေ့နိုင်သူ..မဖူးထိုက်သူ (၇)ဦး …

( ၁။)ထူပါဘေဒ = စေတီ, ပုထိုး,ဘုရားရုပ်ပွားတော်, ကျောင်းက န်များ ဖျက်စီးသောသူ။

(၂။)ဗောဓိဘေဒ = ဘုရားမှီပြီး ပွင့်ရာ ဗောဓိညောင်ပင်ကို ဖျက်စီးသောသူ။

( ၃။) အာရာမဘေဒေ = ဘုရားစာ တရားစာ အယုတ်စွဆုံး နမော တဿ ပါသော ဖိတ်စာတောင် အိမ်သာထဲ အသုံးပြု ဖျက်စီးသောသူ

( ၄။) ဘိက္ခူဘေဒ = ရဟန်းသံဃာ အချင်းချင်းတပါးနှင့်တပါး မတည့်အောင် ဂုံးတိုက်၍ သံဃာ သင်းခွဲသောသူ။

( ၅။) ဘိက္ခူနီဘေဒ = ဘုရားလက်ထက်၌ ဘိက္ခူနီမ ။ ယနေ့ခေတ်တွင် သီလရှင် ယောဂီမတို့အား အရှက်တကွဲ အကျိုးနဲအောင် ဖျက်စီးသောသူ။

( ၆။) ပဉ္စာနန္တရိယဘေဒ = ဘုရား,တရား,သံဃာ,မိဘ ဆရာ အနန္တော အနန္တ ငါးပါး တို့အား ကာယကံဖြင့် ပြစ်မှား စော်ကားသောသူ။

( ၇။) သက္ကာယဒိဋ္ဌိဘေဒ = မှားသော မိစ္ဆာဒိဋ္ဌိ အယူ ရှိသောသူ။ ဗုဒ္ဓ ဘာသာဝင် အပေါင်း ဒါလေးကို သိအောင်လည်း ပြန်လည် Share ပေးနိုင်ပါတယ်နော်.. credit

Add a Comment

Your email address will not be published. Required fields are marked *