မုတ်သုံလေ ဆုတ်ခွာ နေဆဲဖြစ်၍ မိုးကြိုး အန္တရာယ် ရှိနေ

မုတ်သုံလေ ဆုတ်ခွာ နေဆဲဖြစ်၍ မိုးကြိုး အန္တရာယ် ရှိနေ

အနောက်တောင် မုတ်သုံ လေသည် မြန်မာနိုင်ငံမှ ဆုတ်ခွာ နေချိန်တွင် လေထု မငြိမ် မသက် ဖြစ်စဉ်ကြောင့် မိုးကြိုးပစ်ခြင်း များဆ က်တိုက် ဖြစ်နေပြီး မိုးကြိုးဘေးကို သတိပြု နေထိုင် ကြရန် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကသတိပေးသည်။

စစ်ကိုင်း တိုင်းဒေသကြီး ကောလင်းမြို့နယ် အိမ်တိုင်ပုံ ကျေးရွာတွင် မနေ့က ဒေသခံ တစ်ဦး မိုးကြိုး ပစ်ခံရမှုကြောင့် သေဆုံး ခဲ့သည်။

ယင်း ဖြစ်ရပ်သည် အနောက် တောင် မုတ်သုံလေ ဆုတ်ခွာ နေစဉ် မိုးကြိုး ပစ်ခံရ၍ တစ်လခန့် အတွင်း ငါးဦးမြောက် သေဆုံးသူဖြ စ်သည်။

ယင်းကာလ အတွင်း မိုးကြိုး ပစ်ခံရ၍ ရခိုင်ပြည်နယ်တွင် နှစ်ဦး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် တစ်ဦးစီ သေ ဆုံးခဲ့သည်။

စက်တင်ဘာ လလယ်က စတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသမှ ဆုတ်ခွာခဲ့ သော အနောက်တောင် မုတ်သုံ လေသည် ယခုအခါ မြန်မာနိုင်ငံ တောင်ပိုင်းဒေသသို့ ရောက်ရှိနေပြီး ဆက်လက် ဆုတ် ခွာ နေသည်။

အနောက်တောင် မုတ်သုံလေသည် မကြာမီ ရက် အနည်းငယ် အ တွင်း မြန်မာနိုင်ငံမှ အပြီးသတ် ဆုတ်ခွာ သွားဖွယ် ရှိသည် ဟု မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ 7Day

Tags: